သန့်ရှင်းသောဝိညာဉ်တော်အား
ပြစ်မှားသောအပြစ်အကြောင်းကို ပြည့်စုံစွာဖြေကြားပေးစေလိုပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အား ပြစ်မှားသောအပြစ်အကြောင်းကိုနားလည်ဖို့ (ရှင်မာတေဦး ၁၂း၃၁-၃၂)ကို ဖတ်ရှုမယ်ဆိုရင်'ထို့ကြောင့်ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည်ရနိုင်ကြ၏၊
ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်ကို လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။ လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်
ကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝ၊ နောင်ဘဝ၌ မလွှတ်နိုင်' ဟူ၍တွေ့ရပါသည်။ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်ကို လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။ လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်
အပြစ်ဆိုတာဘာလဲ။ အပြစ်ဆိုတာဘုရားသခင်ရဲ့ပညတ်တော်များကို
နာခံခြင်း မပြုတော့ဘဲ ဘုရားရှင်ရဲ့ပညတ်တော်များကို စိတ်၊ နှုတ်၊အကျင့်တို့နဲ့ စိတ်ပါကိုယ်ရောက်
ပြစ်မှာကျူးလွန်ခြင်းအပြစ်၊ ဝတ္တရားပျက်ကွက်ခြင်းအပြစ်ကတော့ ဘုရားပေးတာဝန်များကို စိတ်ပါကိုယ်ရောက်မထမ်းဆောင်ဘဲ
ပျက်ကွက်ခြင်းနဲ့ကပေါ့ကပျက်ဝတ်ကျေတမ်းကျေ သာ ဆောင်ရွက်ခြင်းအပြစ်တို့ကို အပြစ်လို့ခေါ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားတဲ့အပြစ်ကို
နားလည်ဖို့အတွက် ခွဲခြမ်းစိတ်ဖြာလေ့လာကြစို့။ သန့်ရှင်းသောဘုရားရဲ့ဝိညာဉ်တော်ဟာ အပြစ်ပြုတဲ့အပြစ်သားကို
နောင်တရပြီး တရားလမ်းမှန်ထဲ ကိုပြန်ရောက်လာရအောင် အလင်းကျေးဇူးတော်ကို သွန်းလောင်းချပေးပါတယ်။
ဒီလိုဝိညာဉ်တော်ဘုရားရှင် သွန်းလောင်းချပေးပါတယ်။ ဒီလို ဝိညာဉ်တော်ဘုရားရှင် သွန်းလောင်းချပေးတော်မူတဲ့ အလင်းကျေးဇူးတော်ကို လက်ခံတဲ့ အပြစ်သားများဟာ နောင်တနဲ့အာပါတ်ဖြေကြတယ်။ အပြစ်မှခွင့်လွှတ်ချမ်းသာရကြတယ်။
အားနည်းလို့အဖန်ဖန်အပြစ်ထဲ ပြန်ကျချင်ရင်ပြန်ကျမယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဉ် တော်ရဲ့အလင်းကျေးဇူးတော်ကိုဘယ်တော့မှဥပေက္ခာမပြုဘဲ၊ နောင်တတရားအကြိမ် ကြိမ်ရကြပြီး၊ အာပါတ်အကြိမ်ကြိမ်ဖြေလျက် တစ်နေ့တစ်ခြားဝိညာဉ်တော်ဘုရားရှင်ရဲ့ အလင်းကျေးဇူးတော်အောက်မှာခရစ်တော်ဘုရား၌ရင့်ကျက်သောအသက်တာ၊ မြင့်မြတ်သောအသက်တာဖြစ်လာပါတယ်။
ဒီလိုအသက်တာဟာ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားရှင်နှစ်သက်သောအသက်တာဖြစ်ပါတယ်။ တကယ်လိုအပြစ်သားဟာ
သန့်ရှင်း သောဝိညာဉ်တော်မြတ်ဘုရားရှင် သွန်းလောင်းချပေးတော်မူတဲ့ အလင်းကျေးဇူးတော်ကို
လုံးဝလက်မခံ။ နောင်တလုံးဝမရ။ဝိညာဉ်တော်ဘုရားရှင်ရဲ့ အလင်းကျေးဇူးတော်ကို တင်းခံနေသူများဖြစ်လာပြီဆိုရင်
အဲဒီအပြစ်သားဟာ သန့်ရှင်းသောဝိညာဉ်တော် ဘုရားရှင်ကို ပြစ်မှားနေပြီဆိုတာသတိရပါ။
ကက်သလစ်အသင်းတော်၏မြတ်သောအယူဝါဒ Catechism of the Catholic Church စာအုပ်ထဲကဖော်ပြချက် နံပါတ် ၁၈၆၄ ရဲ့သွန်သင်ချက်ကတော့
'မြင့်မြတ်သောဝိညာဉ်တော်အား ထိခိုက်ပြစ်မှားသောသူမှန်သမျှသည် မည်သည့်အခါမျှ အပြစ်မှ
ချမ်းသာခွင့်ရလိမ့်မည်မဟုတ်။ ထိုသူသည်အစဉ်ထာဝရအပြစ်ရှိသောသူဖြစ်၏၊ ဘုရားသခင်၏ဂရုဏာတော်သည်
အကန့်အသတ်မရှိပါ။ သို့သော်နောင်တမရဘဲ ဘုရားသခင်၏ဂရုဏာတော်ကို ငြင်းပယ်သောသူသည် မြင့်မြတ်သော ဝိညာဉ်တော်မှ ကမ်းလှမ်းသော အပြစ်ခွင့်လွှတ်ခြင်းနှင့်ကယ်တင်ခြင်းကို ငြင်းပယ်သည်။ ဤကဲ့သို့ခေါင်းမာခြင်း သည်
နောက်ဆုံးတွင်နောင်တမရဘဲ ထာဝရဆုံးရှုံးခြင်းသို့ ရောက်နိုင်သည်။'
အပြစ်ပြုတဲ့နေရာမှာ weakness or wickedness အားနည်းခြင်း သို့မဟုတ် ယုတ်မာခြင်းဆိုပြီး
အခြေခံသဘောတရားရှိပါတယ်။ ယုတ်မာတဲ့သူဟာအပြစ်မှန်းသိပေမယ့်ရွဲ့ပြီး လုပ်ဆောင် တာ၊ ကောင်းမှုမှန်းသိပေမယ့်
ရွဲ့ပြီးရှောင်တာတွေဟာ၊ ဝိညာဉ်တော် ဘုရားရဲ့အလင်းပြမှုကို တိုက်ရိုက်ပြုမူစော်ကားလိုက်ခြင်းဖြစ်တယ်။
အားနည်းလို့အပြစ်ထဲ ကျတဲ့သူတွေဟာ ပုံမှန်အားဖြင့်ဘုရားရဲ့အလင်းကျေးဇူးတော်ကိုလက်ခံပြီး
နောင်တတရား ရလေ့ရှိကြပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားရှင်ကိုတင်းခံပြီး
သန့်ရှင်းသောဝိညာဉ်တော် ဘုရားရှင်ရဲ့ အလင်းကျေးဇူးတော်ကိုဆန့်ကျင်တာ၊ ဥပေက္ခာပြုခြင်း၊
ဝိညာဉ်တော်ကို ပြစ်မှားကျူးလွန်ခြင်းအပြစ်တွေဟာ အဓိကအားဖြင့် (၆)မျိုး၊(၆)စားရှိကြောင်း
လေ့လာ တွေ့ရှိနိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ပြစ်မှားစော်ကားလေ့ရှိတဲ့
ပထမဦးဆုံးအပြစ် ကတော့ (Despair) လို့ခေါ်တဲ့ မျှော်လင့်ချက်ပျောက်ဆုံးသွားသည့်တိုင်အောင်
စိတ်ပျက်၍ လက်မြှောက်အရှုံးပေးခြင်းဖြစ်ပြီး ဒီအချက်တွေဟာ နတ်ဆိုးရဲ့အကြီးမား ဆုံးသောလက်နက်
ဖြစ်တယ်။ ပါရမီသုံးပါးအနက် မျှော်လင့်ခြင်းပါရမီအတိုက်ခံရချိန်မှာ ယုံကြည်ခြင်းပါရမီ၊
ချစ်လေးမြတ်နိုးခြင်းပါရမီတွေပါ ပျောက်သွားတော့တယ်။ နောက်ဆုံးမှာတော့ မထူးပါဘူးဆိုပြီး
အရှုံးပေးကာအဆုံးမှာ မိမိကိုယ်ကို (Suicide) အဆုံးစီရင်ခြင်းအဆင့်ထိပင် ရောက်သွားနိုင်ပါတယ်။
ကက်သလစ်အသင်းတော်၏ မြတ်သောအယူဝါဒစာအုပ်ထဲက
ဖော်ပြချက်နံပါတ် ၂ဝ၉၁ရဲ့သွန်သင်ချက်ကတော့ 'စိတ်ပျက်လက်လျော့ခြင်းဆိုသည်မှာ လူသည် မိမိ၏ကယ်
တင်ခြင်းအတွက် ဘုရားသခင်ထံတော်မှာ အကူအညီရရန် သို့မဟုတ် မိမိကျူးလွန်မိသော အပြစ်များအား ခွင့်လွှတ်ရန်
မျှော်လင့်ချက်ကုန်ဆုံးခြင်းဖြစ်သည်၊ စိတ်ပျက်လက်လျော့ခြင်းသည် ဘုရားသခင်၏ကောင်းမြတ်ခြင်း၊
ကိုယ်တော်၏တရားမျှတခြင်းနှင့် ကိုယ်တော်၏ဂရုဏာတော်ကို ဆန့်ကျင်သည်။ အကြောင်းမူကား
ဘုရားသခင်သည် မိမိ၏ဂတိ တော်များအတိုင်း သစ္စာစောင့်ထိန်းတော်မူသည်။' မျှော်လင့်ခြင်းကင်းမဲ့သွားတဲ့အဖြစ်ဟာ
စိုးရိမ်စိတ်၊ ပူဆွေးစိတ်၊ မသိုးမသန့်စိတ်တွေနဲ့လုံးဝမတူကွဲပြားကြောင်းကိုတော့ သိထားဖို့လိုအပ်ပါတယ်။
မျှော်လင့်ချက် ကင်းမဲ့ပြီးစိတ်ပျက်လာပြီဆိုရင် ဘုရားရှင်ရဲ့သနားခြင်းဂရုဏာအပေါ်၊ ဂတိတော်များ အပေါ်ပြန်လည်အောက်မေ့ထောက်ရှုပြီး
အပြစ်မှရုန်းထွက်ဖို့၊ ကိုယ်တော်မြတ်ဖူးခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်း၊ စိတ်ပုတီးစိတ်ခြင်းများပြုလုပ်ဖို့လိုအပ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားရှင်ကို
ဒုတိယပြစ်မှားလေ့ရှိတဲ့အပြစ်ကတော့ (Presumption
of God’s Mercy)လေ့လာခြင်းမရှိဘဲ
မိမိသဘောနဲ့ဘုရားသခင်ရဲ့ မဟာကရုဏာသနားခြင်းအပေါ်မျှော်လင့်ကိုးစားခြင်းဖြစ်တယ်။ ကယ်တင်ခြင်းဆုကျေးဇူး
ဟာဘုရားနဲ့မဆိုင်ပဲ မိမိရဲ့ကြိုးစားအားထုတ်မှုအပေါ်၌သာ တည်သည်ဟုယူဆခြင်း (သို့မဟုတ်)
ကယ်တင်ခြင်းဟာ မိမိနဲ့မသက်ဆိုင်ဘဲ ခရစ်တော်တစ်ပါးတည်းနဲ့သာဆိုင်တယ်လို့ယူဆခြင်း၊ မကောင်းတဲ့လုပ်ရပ်များအောင်မြင်ရန်
ဘုရားသခင်ထံကျေးဇူးတော်တောင်းခံခြင်းနဲ့ မျှော်လင့်ခြင်း များဖြစ်တယ်။
သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားရှင်ကို
တတိယပြစ်မှားလေ့ရှိတဲ့အပြစ်ကတော့ (Fighting
against the truth deliberately and out of malice) ဟုတ်မှန်သောတရားတော်မြတ်ကို မကောင်းစိတ်ဖြင့်တိုက်ခိုက်နေခြင်းဖြစ်တယ်။
သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားရှင်ကို
စတုတ္ထပြစ်မှားလေ့ရှိတဲ့အပြစ်ကတော့ (Envy
of another’s spiritual good)
သူတစ်ပါးရဲ့ဝိညာဉ်နှင့်ဆိုင်ရာ၊ ဘုရားတရားဆိုင်ရာကောင်းမှုများကို မနာလိုဝန်တိုစိတ်ရှိနေခြင်းအပြစ်ပဲဖြစ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားရှင်ကို
ပဉ္စမပြစ်မှားလေ့ရှိတဲ့အပြစ်ကတော့ (Obstinacy
in Sin) အပြစ်၌ခေါင်းမာ
နေခြင်း၊ မာနထောင်လွှားခြင်းအပြစ်ဖြစ်တယ်။ မိမိကိုယ်ကိုအထင်ကြီးပြီး သူတစ်ပါးကိုအထင်သေးကာ
လေးစားမှုနည်းပြီး မိမိပြုခဲ့တဲ့အပြစ်များအတွက် သိလျက်နဲ့နောင်တ မယူခြင်းအပြစ်ဖြစ်တယ်။
ဘုရားကျေးဇူးတော်အားဖြင့်သာ အပြစ်ခွင့်လွတ်ခြင်း ချမ်းသာကိုရရှိနိုင်တယ် ဆိုတဲ့အချက်ကို
ဆန့်ကျင်သောအပြစ်ဖြစ်တယ်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားရှင်အား ဆဌမပြစ်မှားလေ့ရှိတဲ့အပြစ်ကတော့
(Spititual Indifference and final impenitence) ဝိညာဉ်ပိုင်းဆိုင်ရာ မပူမအေးသြတ္တပစိတ်သေနေခြင်း နဲ့
သေခါနီးတွင်နောင်တမရခြင်း၊ ကျေးဇူးတော်ကိုလုံးဝတင်းခံပြီး နှလုံးသားမာကျောနေခြင်း၊
ဘုရားရှင်ပေးတော်မူတဲ့ကျေးဇူးတော်ကို လုံးဝတင်းခံပြီး ငြင်းဆန်နေခြင်းအပြစ်များပင်ဖြစ်ပါတယ်။
(မန္တလေးကက်သလစ်ဂိုဏ်းချု ပ်သာသနာမှ ဘုန်းတော်ကြီး ဒိုးမိနစ် ဦးဂြိုလ်တု (Rev. Fr. Dominic Jo Du)
၏ ဘာသာရေးအမေးအဖြေများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment