လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ မြန်မာနိုင်ငံသို့ သိုးထိန်းခရီးစဉ် တရားဝင်ကြေညာခြင်း


ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ မှ ၃၀ အထိ လာရောက်မည်


Papa ဆိုသည်မှာ



(Papa) စကားလုံးမှလာသည်။ ဖခင် အား ရင်းရင်းနှီးနှီးခေါ်သော ဘွဲ့နာမ ဖြစ် သည်။ ဝိညာဉ်ရေးတွင် ဖခင်ဖြစ်သည် ဆို သည့်သဘောဖြင့် အစဦးပိုင်းတွင် ဆရာ တော်ကြီးများအား ခေါ်ဆိုသော ဘွဲ့ဖြစ် သည်။ အရှေ့တိုင်းများတွင် ဘုန်းတော် ကြီးများကိုလည်း ပါပါ ဟု တလေးတစား ခေါ်ဆိုခဲ့ကြသည်။ ခြောက်ရာစုနှစ် နောက် ပိုင်းတွင် ရောမမြို့၏ ဆရာတော်ကြီးကိုသာ ပါပါ ဟု ခေါ်ဆိုခဲ့ပြီး ရှစ်ရာစုနှစ်တွင် အ နောက်နိုင်ငံများ၌ ပုပ်ရဟန်းမင်းကြီး တစ် ပါးတည်း ကိုသာ ခေါ်ဆိုရမည်ဟု သတ်မှတ် ခဲ့သည်။

ကက်သလစ်အသင်းတော်အတွင်း ဆရာတော်ရွေးချယ်တင်မြှောက်ခြင်း



ကက်သလစ်အသင်းတော်ကြီးကို ယေဇူးခရစ်တော်သခင်ကိုယ်တော်တိုင် ကောင်းကင်တံခါးသော့ခ် ပေးအပ်ခဲ့၍ ဦးသျှောင်ခန့်အပ်ခဲ့တဲ့ သံပေတရူးရဲ့ အရိုက်အရာဆက်ခံသူ ပုပ်ရဟန်းမင်းကြီးအဆင့်ဆင့်က ဦးသျှောင်အုပ်ချုပ်တဲ့အတွက် အုပ်ချုပ်ရေးစနစ်အရဆိုရင် Hierarchical- သိက္ခာတော်ဂုဏ်သိမ်အဆင့်ဆင့်နဲ့ အုပ်ချုပ်ပါတယ်။ ဒီ့အတွက်ကြောင့် ပုပ်ရဟန်းမင်းကြီးမှာ အခွင့်အာဏာအပြည့်ရှိပါတယ်။