လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

Papa ဆိုသည်မှာ



(Papa) စကားလုံးမှလာသည်။ ဖခင် အား ရင်းရင်းနှီးနှီးခေါ်သော ဘွဲ့နာမ ဖြစ် သည်။ ဝိညာဉ်ရေးတွင် ဖခင်ဖြစ်သည် ဆို သည့်သဘောဖြင့် အစဦးပိုင်းတွင် ဆရာ တော်ကြီးများအား ခေါ်ဆိုသော ဘွဲ့ဖြစ် သည်။ အရှေ့တိုင်းများတွင် ဘုန်းတော် ကြီးများကိုလည်း ပါပါ ဟု တလေးတစား ခေါ်ဆိုခဲ့ကြသည်။ ခြောက်ရာစုနှစ် နောက် ပိုင်းတွင် ရောမမြို့၏ ဆရာတော်ကြီးကိုသာ ပါပါ ဟု ခေါ်ဆိုခဲ့ပြီး ရှစ်ရာစုနှစ်တွင် အ နောက်နိုင်ငံများ၌ ပုပ်ရဟန်းမင်းကြီး တစ် ပါးတည်း ကိုသာ ခေါ်ဆိုရမည်ဟု သတ်မှတ် ခဲ့သည်။

> သမ္မာကျမ်းစာအား အခြေခံခြင်း
"သင်သည် ပေတရူးဖြစ်၏။ ဤ ကျောက်ပေါ်မှာ ငါ၏ အသင်းတော်ကို ငါ တည်ဆောက်မည်" ဟူသော (မာတေဦး ၁၆း၁၇-၁၉) ကျမ်းပိုဒ်ကို အခြေခံကာ ပုပ် ရဟန်းမင်းကြီး၏ ရာထူးကို ခရစ်တော်ကိုယ် သတ်မှတ်ခဲ့သည်ဟု ကက်သလစ် အသင်း တော်မှခံယူသည်။
"ငါ၏ သိုးများကို ကျွေးမွေးလော့၊ ငါ၏သိုးများကို စောင့်ရှောက်လော့" ဟူ သော (ရှင်ယောဟန် ၂၁း၁၅-၁၇) ခရစ် တော်၏မှာကြားချက်၊ "သင်၏ ညီအစ်ကိုတို့ အား ခိုင်ခန့်စေလော့" (ရှင်လုကာ ၂၂း၃၂) ဆိုသည့် ကျမ်းချက်တို့ သည် အသင်း တော်အား စောင့်ရှောက်ရန် ရှင်ပေတရူး အား ခရစ်တော် အပ်နှင်းသော အခွင့် အာ ဏာဟု မှတ်ယူသည်။
အခြားသော ဂိုဏ်းကွဲ ခရစ်ယာန် ညီအစ်ကိုများက အမျိုးမျိုး မေးခွန်းထုတ် ဝေဖန်တိုက်ခိုက်ကြသော်လည်း ပုပ်ရဟန်း မင်းကြီး အဆက်ဆက်ဖြင့် ကက်သလစ် ခရစ်ယာ် အသင်းတော် စတင်သည်မှ ယ နေ့ ထိတိုင် ပုပ်ရဟန်းမင်းကြီး၏ ဦးဆောင် မှုအောက်တွင် အခိုင်အမာ ရပ်တည်နေဆဲ ဖြစ်သည်။
> ရဟန်းမင်းကြီး၏ အခွင့်အာဏာ
အသင်းတော်၏ သမိုင်းတလျှောက် တွင် ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာကို အကြိမ်ကြိမ် စိန်ခေါ် တိုက်ခိုက်ခံရသည်။ ပုပ်ရဟန်းမင်းကြီး သည် ကမ္ဘာတဝှမ်းလုံးရှိ ကက်သလစ် အသင်းတော်အား အုပ်ချုပ် ဦးဆောင်နေသူ ဖြစ်သည်။ အသင်းတော် အတွင်း ကျင်းပခဲ့သော အသင်းတော် တစ် ခုလုံး ကောင်စီ အစည်းဝေးများက ပုပ် ရဟန်းမင်းကြီး၏ အခွင့်အာဏာကို အတည် ပြုပေးခဲ့ကြသည်။
ပုပ် ရဟန်းမင်းကြီး၏ အုပ်ချုပ်ပုံ သည် ဘုရင်တစ်ပါးနှင့်ဆင်တူသော်လည်း သူသည် သက်ဦးစံပိုင် ဘုရင်တပါးမဟုတ်ပါ။ သူ၏နေရတွင် ဆက်ခံမည့်သူကို သူကိုယ် တိုင် ရွေးချယ်ပိုင်ခွင့် မရှိပါ။ ပုပ်ရဟန်းမင်း ကြီးနေရာကို အသင်းတော်၏ ဥပဒေ အ တိုင်း ရွေးကောက် တင်မြှောက်ခြင်း ဖြစ် သည်။ သူ၏ သွန်သင်ချက်များသည်လည်း အသင်းတော်၏ ထုံးတမ်းစဉ်လာနှင့်လည်း ကောင်း ခေတ်အဆက်ဆက် ထိန်းသိမ်း ခဲ့သော ယုံကြည်ရာ အချက်များနှင့်လည်း ကောင်း ဆန့်ကျင်၍ မရပါ။ ဥပမာ ရဟန်း မင်းကြီးရာထူး နေရာ၊ ဆရာတော်ကြီးဆို သည့် ရာထူး တို့ကို ဖျက်စီးရုတ်သိမ်းပိုင် ခွင့်မရှိပါ။ ထိုအရာများသည် ဘုရားသခင် ၏ စီမံကိန်း အတိုင်း ရှိနေသောကြောင့် ဖြစ်သည်။
> ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်များ
ပုပ် ရဟန်းမင်းကြီးသည် ကမ္ဘာ တဝှမ်းလုံးရှိ ကက်သလစ် အသင်းတော် အား စီမံအုပ်ချုပ်သည်မှန်သော်လည်း တစ် ပါးတည်း စိတ်ကြိုက်လုပ်နေသည် မဟုတ် ပါ။ ကမ္ဘာတဝှမ်းလုံးရှိ ဆရာတော်ကြီးများ နှင့် လက်တွဲကာ အသင်းတော်ကို ဦးဆောင် နေခြင်းဖြစ်သည်။ အသင်းတော်၏ အရေး ကြီးသော ကိစ္စရပ်များတွင် ဆရာတော်များ အားလုံးနှင့် တိုင်ပင်ဆွေးနွေး လုပ်ဆောင် သည်။ အုပ်ချုပ်သူ အဖွဲ့အစည်းရှိခြင်းက အသင်းတော်အား ဦးဆောင်ရာတွင် များစွာ အထောက်အကူပြုပါသည်။
သို့သော် ဆရာတော်ကြီးများ၏ အ ဖွဲ့အသင်းထားရှိခြင်းက ပုပ် ရဟန်းမင်းကြီး ၏ တစ်ပါးတည်း လုပ်ဆောင်ချက်များကို ကန့်သတ်ထားသည် မဟုတ်ပါ။ အပြန် အ လှန် ညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် လမ်းလွဲ လမ်းမှားခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
> ဝိညာဉ်ရေးနှင့်ကယရေး ခေါင်းဆောင်
ပုပ် ရဟန်းမင်းကြီးသည် ဝိညာဉ် ရေး ကိစ္စရပ်များသာမက လောကီးရေးရာ များတွင်လည်း လိုအပ်သလို ဦးဆောင် လမ်းပြသည်။ အထူးသဖြင့် လူသားများ၏ မွေးရာပါ ဂုဏ်သိက္ခာကို ထိပါး စော်ကားမှု များရှိလာလျှင် ကာကွယ်ပေးသည်။ အနိုင် ကျင့်ခံရသူတို့ ဘက်မှ ရပ်တည် ပြောပေး သည်။ ဆင်းရဲဒုက္ခရောက်သူတို့အား ကူညီ ရန် တိုက်တွန်းသည်။
ဤကဲ့သို့ ပြောဆိုရာတွင် ပုပ် ရ ဟန်းမင်းကြီးအနေနှင့် ကွဲပြားစေလို၍ မ ဟုတ်ဘဲ တရားမျှတရေး၊ ချစ်ခြင်းမေတ္တာ စိုးမိုးရေး၊ ညီအစ်ကို မောင်နှမစိတ် ဖေါ် ဆောင်ရေးကိုသာ ဦးတည်ပြောဆိုခြင်း ဖြစ် သည်။ ပြောဆိုရာတွင်လည်း အမှားကျူး လွန်သူကို နစ်နာစေရန် မဟုတ်ဘဲ၊ နစ်နာ သူများဘက်မှ အရေးဆိုပေးခြင်းသာ ဖြစ် သည်။ ပြဿနာအတွက် သင့်မြတ်သော အဖြေကို ရှာပေးခြင်းသာ ဖြစ်သည်။
ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ သူ့ အား အပ်နှံထားသော တာဝန်နှင့် အခွင့် အာဏာကြောင့်ဖြစ်သည်။
ခေါင်းဆောင် တစ်ဦး၏ လုပ်ငန်း တာဝန်များကို လွတ်လပ်စွာ လုပ်ဆောင်နိုင် ရန် ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များနှင့် ညီမျှသော တာ ဝန် နှင့် ရပိုင်ခွင့်ရှိသည်။ ကမ္ဘာတွင် အသေး ငယ်ဆုံး နိုင်ငံဖြစ်သည့် ဗာတီကန်မြို့ပြနိုင် ငံ၏ အမြင့်ဆုံးသော အုပ်ချုပ်သူလည်း ဖြစ်သည်။
> ကမ္ဘာ့နိုင်ငံများနှင့် ပုပ်ရဟန်းမင်းကြီး
ဗာတီကန်သည် အလွန်သေးငယ် သော မြို့ပြနိုင်ငံလေး ဖြစ်သော်လည်း မြန် မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံနှင့် အဆက်အသွယ်ရှိသည်။ ဗာတီ ကန် သည် အခြားနိုင်ငံများနှင့် ဆက်သွယ် ရာတွင် စီးပွါးရေး၊ နိုင်ငံရေး၊ စစ်ရေး စသည့် မည်သို့သော ရည်ရွယ်ချက်မျိုးမှ မရှိပါ။ သံ အဆက်သွယ်ထားရှိခြင်းဖြင့် ထို နိုင်ငံကို အသိအမှတ်ပြုပေးကာ ကူညီရန် အားပေး ရန်သာဖြစ်သည်။
ကမ္ဘာ့ကုလ သမဂ္ဂတွင်လည်း အ မြဲတမ်း ကိုယ်စားလှယ်တစ်ဦးအား ထားရှိ ခွင့်ရရှိထားသည့် နိုင်ငံငယ်လေးလည်း ဖြစ် သည်။ ကမ္ဘာ့နိုင်ငံများနှင့် ဗာတီကန်၏ ဆက်ဆံရေး ချစ်ခြင်း မေတ္တာ ဖြန့်ဝေးရေး သာ ဖြစ်သည်။
> အချုပ်အားဖြင့် ပုပ်ရဟန်းမင်းကြီး၏ ရာထူးသည် ဝိညာဉ်ရေးရာ အခွင့်အာဏာ တစ်ခု ဖြစ်ပြီး နိုင်ငံရေး၊ တရားစီရင်ရေး အ သွင်များဖြင့် နှိုင်းယှဉ်မရနိုင်ပါ။ သူ၏ အခွင့် အာဏာသည် ဘုရားသခင်ထံမှ လာသော ရာထူး တစ်ခုဖြစ်သည်။ ကမ္ဘာတဝှမ်းလုံးရှိ အသင်းတော်ကို စုစည်းထားရန် ဘုရား သခင်ပေးထားသော တာဝန်ဖြစ်သည်။ ပုပ် ရဟန်းမင်းကြီးသည် အသင်း တော်၏ ကိုယ်စားလှယ်မဟုတ် ခရစ်တော်၏ ကိုယ် စားလှယ် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ ဦးဆောင်မှု ဖြင့် ကက်သလစ်အသင်းတော်သည် ကမ္ဘာ လူသားများအတွက် ဆက်လက် အစေခံ အကျိုးဆောင်နေမည်သာ . . .

Credit to Rev. Fr.

Mariano Naing


No comments: