လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ဧဝံဂေလိ ဟူသော ဝေါဟာရ




ဧဝံဂေလိဟူသော ဝေါဟာရသည် အင်္ဂလိပ်ဘာသာစကားဖြင့် (Gospel)ဟုခေါ်သည်။
Gospel, Good – Spell, good-tidings ဟူသော ဝေါဟာရမှဆင်းသက်လာသည်။

ဂရိဘာသာစကားအားဖြင့် (EU) နှင့် (Angelion) ဟူသော စကားလုံးတို့မှ ဆင်းသက်လာသည်။
အဓိပ္ပါယ်ကား EU (ကောင်းသော) Angelion (သတင်း) ဖြစ်သည်။
၎င်းဂရိဘာသာစကားကို လာတင်းဘာသာစကားအားဖြင့် (Evengilium) ဟုခေါ်သည်။
လာတင်းဘာသာမှ မြန်မာဘာသာသို့ ဧဝံဂေလိ ဟူ၍ ဆီလျှော်စွာပြန်ဆိုထားခြင်းဖြစ်သည်။
အဓိပ္ပါယ်ကား ကောင်းသောသတင်း၊ (သို့) သတင်းကောင်း ဟူ၍ပင်ဖြစ်သည်။
ဧဝံဂေလိကျမ်းလေးစောင်တို့ကို ရေးသားပြုစုသော ကျမ်းပြုပုဂ္ဂိုလ်တို့ကိုလည်း အင်္ဂလိပ်ဘာသာအားဖြင့်
(Evengilists) ဟုခေါ်သည်။

No comments: