မေး - Bro. သမ္မာကျမ်းစာ မူရင်းက ဘယ်ဘာသာစကားနဲ့ရေး ထားတာလဲ ?
ဖြေ - ကျမ်းစားတော်မြတ်မှ ကျမ်း (စာအုပ်) များကို ဟေဗြေဦး (Hebrew) ဂရိ (Greek) အာရ်မိုက်စကားဖြင့် ရေးသားထား ခဲ့သည်
ဓမ္မဟောင်းကျမ်းတစ်အုပ်လုံးနီးပါးကို ဟေဗြေဦးစကားဖြင့် ရေးသားခဲ့သည် ဟေဗြေဦးစကားသည် ဖွေနီစီယံ ဦကရက်တစ် နှင့်နီးစပ်သော ဂျူးဘာသာစကားတစ်မျိုးဖြစ်သည် အာရ်မိုက်မှာ ဂျူးလူမျိုးစုတစ်စု၏စကားဖြစ်၍ ခရစ်တော်ခေတ် တွင်သုံးခဲ့သည့် စကားဖြစ်သည် အာရ်မိုက်စကားသည် ဟေဗြေဦး စကားနှင့် လည်းနီးစပ်သည် အာရ်မိုက်စကားကို တိုးဘိ ဒံယေလ (၂း၎ - ၇း၂၈) ဧဇရ (၄း၈ - ၆း၈/၇း၁၂ - ၂၆) နှင့် ကမ္ဘာဦးကျမ်း (၃၁း၄၇ ယေရမိရ (၁၀း၁၁) ထို့အပြင် ရှင်မာတေဦးကျမ်း၏ မူရင်းတို့၌ သုံးသည်
ဂရိစကားသည် ရောမခေတ်၌ နေ့စဉ်အသုံးပြုခဲ့သောစကား ဖြစ်၍ ပညာပါရမီကျမ်း ဒုတိယ မက္ကာဘေဦးကျမ်းနှင့် မူရင်း မာတေဦးကျမ်းမှအပ ဓမ္မသစ်ကျမ်းအားလုံး၌ အသုံးပြုခဲ့သည်

(ဆရာတော် ဆိုးတေးရိုဖမော(ငြိမ်း) ဘာသာပြန်ဝေငှသော ကျမ်းစာတော်မြတ် လမ်းညွှန်လက်စွဲစာအုပ်မှ ဖော်ပြပါသည်)
No comments:
Post a Comment