လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

၁၉ ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့



    ဘုရားရှင်ရဲ့ချစ်သား(သို့) ချစ်သမီး မကြောက်ပါနဲ့။ ကြောက်တဲ့သူကပြေးတယ်၊ ပြေးရင်မော မယ်။ အပြစ်လုပ်တဲ့သူကကြောက်တယ်၊ ဘုရားသခင်ဆီကနေထွက်ပြေးတယ်။ ဒါကြောင့် မောပန်းတဲ့ ဘဝနဲ့ကြုံရတယ်။ မတည်ငြိမ်နိုင်တဲ့အသက်တာကို ရှင်သန်နေရတယ်။ နောင်တတရားနဲ့အမောဖြေ ပါ။
အာပါတ်ဖြေခြင်းဖြင့် အနားယူပါ။ ပိုမိုသန့်ရှင်းတဲ့ဘဝကို ရှင်သန်ပါ။ အတွေးအခေါ်တွေ ညစ်ညမ်း နေတာလား၊ အပြောအဆိုတွေ ရိုင်းနေတာလား၊ မကောင်းတဲ့လုပ်ရပ်တွေနဲ့နစ်မွမ်းနေတာလား။ ပြန် လည်သုံးသပ်ပါ၊ စမ်းစစ်ပါ၊ ကိုယ့်ဘဝကိုကြည့်တတ်ပါစေ။ ပြင်စရာရှိတာပြင်ရမယ်၊ အမှားတွေကို ပြင်ရမယ်။ ထိန်းစရာရှိတာထိန်းရမယ်၊ ကောင်းတဲ့စိတ်ထားလေးတွေကိုထိန်းရမယ်။ ကိုယ်ပိုင်ပါရမီ လေးတွေကို ပြုစုရမယ်၊ အမှန်တရားဘက်ကရပ်တည်ဖို့ မကြောက်ပါနဲ့။ တရားမျှတခြင်းအမှုကိုပြုဖို့ မကြောက်ပါနဲ့။ အတင်းအဖျင်းပြောတာတွေရပ်ပစ်ဖို့မကြောက်ပါနဲ့။ ဘုရားအရိပ် တရားအရိပ်အောက် ၌ရှင်သန်ခြင်းဖြင့် နတ်ဆိုးကိုလုံးဝမကြောက်ပါနဲ့။

ပြင်ဆင်ပါ
    နေထိုင်စားသောက်ဖို့ပြင်ဆင်သလို ရှင်သန်လျှောက်လှမ်းဖို့ပြင်ဆင်ပါ။ အသက်ရှင်ခြင်းက ခဏတာလို့ပြောကြတယ်၊ ဟုတ်သလိုလိုပဲ။ ဒါပေမယ့်မဟုတ်ပါဘူး။ ရှင်သန်ခြင်းက ထာဝရဖြစ်တယ်။ သေခြင်းဆိုတာ ဒီဘဝအသက်တာနဲ့ နောင်ဘဝအသက်တာကိုဆက်သွယ်ပေးတဲ့ တံတားတစ်စင်းနဲ့ တူတယ်။ အဲဒီတံတားကို ကောင်းကောင်းလေးတည်ဆောက်ဖို့အရေးကြီးတယ်။ ဘယ်လိုတည်ဆောက် မလဲ၊ အဆုံးမသတ်ခင်ပြိုကျသွားမယ့်တံတားမဖြစ်ရဘူး။ နှစ်တစ်ထောင် အာမခံထားတဲ့ တံတားလည်း မဖြစ်ရဘူး၊ ထာဝရခိုင်မာမယ့်တံတားဖြစ်ရပါမယ်။ အပြစ်ကိုရှောင်ပြီး ပါရမီကျင့်ရမယ်။ အမုန်းတရား တွေဖယ်ရှားပြီး အချစ်ကမ္ဘာလေးတည်ဆောက်ရမယ်။ အခြားသူရဲ့ဘဝကိုဖျက်စီးဖို့ မကြံပါနဲ့။ ပျက်ဆီး အောင်မလုပ်ပါနဲ့။ အခြားသူရဲ့ဘဝကို ဖျက်စီးဖို့ကြိုးစားနေသူဟာ မိမိဝိညာဉ်ကိုနှိပ်စက်နေသူဖြစ် တယ်။ မိမိရဲ့မစွမ်းဆောင်နိုင်မှုကိုသိမှတ်ဝန်ခံပြီး ဘုရားရှင်ကိုအားကိုးရမယ်။ ဘုရားရှင်ထံဆုတောင်း ရမယ်။ ကျဉ်းမြောင်းတဲ့တံခါးကနေဝင်ရမယ်။ ခရစ်တော်ပြောတဲ့စကားပါ။ သူပြောသလို သာလုပ်ပါ။ လမ်းမမှားစေရဘူး၊ ဘဝမပျက်စေရဘူး။

ယုံကြည်ပါ
    အသက်ရှင်တဲ့ဘုရားရှိတယ်၊ လေသာမရှိခဲ့ရင် တခဏတာအတွင်း အသက်တွေအကုန် အဆုံး သတ်သွားမယ်။ လှုပ်ရှားမှုတွေ ရပ်တန့်သွားမယ်။ ဆုံညံမှုတွေကွယ်ပျောက်သွားမယ်။ လေကိုဖန်ဆင်း တဲ့ဘုရားသာမရှိခဲ့ဘူးဆိုရင် ဘာတွေဖြစ်မလဲ၊ စဉ်းစားကြည့်ပါ။ အရမ်းမစဉ်းစားချင်ရင်လည်း စိတ်ချ လက်ချယုံကြည်လိုက်ပါ။ စစ်မှန်တဲ့ဘုရားတစ်ပါးပဲရှိတယ်။ ငါတို့နဲ့အတူတူရှိနေတယ်။ အဲဒါ အသက် ရှင်ခြင်းရဲ့အရသာ၊ တည်ရှိခြင်းရဲ့အနှစ်သာရပဲ။ ယုံကြည်ဖို့နားထောင်ရတယ်။ ဘုရားပြောတဲ့စကားကို နားထောင်ရမယ်။ ကျမ်းစာတော်မြတ်အားဖြင့် ဘဝကိုတည်ဆောက်ရမယ်။ အမိအသင်းတော်ရဲ့အသံ ကိုနားထောင်ရမယ်။ သွန်သင်ချက်တွေကို လိုက်နာရမယ်။ လောကီဆန်တဲ့အသံတွေကို နားမယောင် မိပါစေနဲပ။ သတိရှိရှိရှင်သန်ဖို့အရေးကြီးတယ်။ ယုံကြည်ပြီဆိုရင် သစ္စာရှိရမယ်။ ဘုရားရှင်အပေါ် သစ္စရှိပါ။ အသင်းတော်အပေါ်မှာ သစ္စရှိပါ။ လင်မယားချင်း သစ္စာရှိပါ။ သူငယ်ချင်းအပေါ် သစ္စာ ရှိပါ။ သစ္စာဖောက်မဖြစ်ရလေအောင် သစ္စာရှင်မ မယ်တော်ကို အားကိုးပါ၊ အထူးသဒ္ဓါကြည်ညိုမှု ပြုပါ။ အမိမယ်တော်မပါပဲ ကောင်းကင်ခရီးနှင်ဖို့ စိတ်မကူးပါနဲ့။ စိတ်ပုတီးမစိပ်ပဲ တစ်ရက်တာကို မကုန်ဆုံးပါစေနဲ့။


Bro. John ထန်းဟာ

No comments: