လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ဗာတီကန်အလံ (သို့) ကက်သလစ်အလံအကြောင်းတစ်စေ့တစ်စောင်း


ပုပ်ရဟန်းမင်းကြီး သီတင်းသုံးကျောင်းထိုင်ရာ အီတလီ နိုင်ငံ Rome
မှာရှိတဲ့ ဗာတီကန်ဟာ အသင်းတော်ဦးသျှောင်နေရာ ဖြစ်တာနဲ့အညီ
ကိုယ်ပိုင်သီးသန့် အလံရှိပေမဲ့ ကက်သလစ်ဘာသာ Canon ဥပဒေနဲ့
ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ စာအုပ်များမှာပါ ဗာတီကန်အလံ (ကက်သ
လစ်အလံဟု အများသိထား) ကို ဘုရားကျောင်းတွေမှာ လွင့်ထူကြရ
မယ်လို့ သတ်မှတ် ပြဌာန်းတားခြင်းမရှိပါဘူး။
Papal အလံလို့လဲ ခေါ်တွင်ကြတဲ့ Vatican city အလံဟာ ၁၈၀၈
မတ်လ ၀န်းကျင်ကတည်းက ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် Pius
မှ စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၁၈၂၅ မှာ တွင်ကျယ်စွာ ပိုမို အသုံးပြုလာ
ကြသလို နောင်ပိုင်း ပုံစံအနည်းငယ် ပြောင်းလဲမှုများရှိခဲ့ပြီး လက်ရှိအ
သုံးပြုနေတဲ့ အလံဟာ ၁၉၂၉ ဇွန်လ ၇ရက်နေ့မှာတော့ State အခြေ
ခံ ဖွဲ့စည်းပုံဥပေဒေမှ ပုပ်ရဟန်းမင်းကြီး Pius XI အားဖြင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။
တကယ်တော့ ယခင်ကတည်းက အလံများရှိခဲ့ပြီး ၁၇ရာစုမတိုင်ခင်ထိ
အနီရောင်နောက်ခံအလံကို အသုံးပြုခဲ့ကြပြီး နောက်ပိုင်း ၁၉ ရာစုအ
ထိ အဖြူရောင်နောက်ခံပါ အလံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
ရွှေရောင်သော့နဲ့ ငွေရောင် ကောင်းကင်သော့ အသွင်ဆောင်တဲ့
နောက်ခံအဖြူနဲ့ အ၀ါရောင်များဟာ ၁၈၀၈ ကာလများကတည်းက Papal colors ရယ်လို့အသုံးပြုသတ်မှတ်ခဲ့သလို အလံပါ သရဖူ
(Papal Tiara - ပုပ်ရဟန်းမင်းကြီးများ ခေတ်အဆက်ဆက် ဆောင်း
ခဲ့သော သရဖူ)နဲ့ စိန့်ပီတာရဲ့ သောနှစ်ချောင်းကြက်ခြေခတ်ပုံဟာ
လည်းအလယ်ပိုင်းခေတ်ကတည်းက Papal အမှတ် သင်္ကေတများ
ဖြစ်ခဲ့ပါတယ်။ လက်ရှိအလံမှာရွှေရောင်နဲ့ငွေရောင်သော့နှစ်ချောင်း
ကြက်ခြေခတ်ကာ အဲ့ဒီအပေါ်မှာ အလွှာသုံးလွှာပါ Papal Tiara သ
ရဖူပုံတစ်ခုပါရှိပြီးဒေါင်လိုက်အားဖြင့် အ၀ါနဲ့ အဖြူရောင်အောက်ခံထားတာဖြစ်ပါ တယ်။ သော့ရဲ့ သင်္ကေတ လက္ခဏာဟာ ကျမ်းစာမှာ ရံဖန်
ရံခါတွေ့နိုင်တဲ့ အခွင့်အာဏာသဘောအသွင်ဆောင်တာဖြစ်ပြီး Matthew 16:19 မှာ သခင်ခရစ်တော်က စိန်ပီတာအား ကောင်း
ကင်နိုင်ငံသော့ ကိုပေးမည့်အကြောင်း၊ မြေကြီးပေါ်မှာ ချည်နှောင်သမျှ
ကောင်းကင်မှာ ချည်နှောင်မည့်အကြောင်း၊ မြေကြီးမှာဖြည်လွှတ်သမျှ
ကောင်းကင်မှာလည်း ဖြည်လွှတ်မည့်အကြောင်းတို့ကို စိန်ပီတာအား
မိန့်တော်မူခဲ့ပါတယ်။ ဒါဟာ Isaiah 22:22 ကိုထင်ဟပ်စေတာဖြစ်ပြီး
ရွှေရောင်သော့ဟာ ပထမဆုံးပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ စိန်ပီတာနဲ့ သူ့
ရဲ့ အခွင့်အာဏာဖြစ်တဲ့ ကောင်းကင်မှာ ချည်နှောင်ခြင်းနဲ့ ဖြည်
လွှတ်ခြင်းကို ရည်ညွှန်းတာဖြစ်ပြီး ငွေရောင်သော့ကတော့ သတ္တက
မ္ဘာမှာရှိတဲ့ အခွင့်အာဏာကို ဆိုလိုခြင်းဖြစ်ပါတယ်။
ပိုပြီး အသေးစိတ်ရရင် သော့နှစ်ချောင်းလုံးဟာ စိန့်ပီတာကို ကိုယ်
စားပြုဆိုလိုတာဖြစ်ပြီး အဖြူရောင်ပေါ်မှာ ရှိနေတဲ့ရွှေရောင်သော့ဟာ spiritual power ကိုကိုယ်စားပြုပြီး ငွေရောင်သော့ကတော့ worldly power ကိုကိုယ်စားပြုတာဖြစ်ပါတယ်။ အဖြူရောင်နောက်ခံမှာ
သော့နှစ်ချောင်းရှိခြင်းမှာ Vatican ဟာ လူ့အလို သဘော ဆန္ဒအ
တိုင်းမဟုတ်ဘဲ ဘုရားသခင်ရဲ့ အလိုတော်ဥပဒေများအတိုင်းလိုက်နာ
ကျင့်သုံးတာကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ Vatican အလံဒီဇိုင်းဟာ Vatican city ရဲ့ဖွဲ့စည်းပုံထဲကတစိတ်တဒေသဖြစ်ပြီးဘာသာရေး
ပွဲတော်အခမ်းအနားအစီအစဉ်များ မှာအထူးသဖြင့်အလံကိုလွှင့်
ထူကြလေ့ရှိပါတယ်။ပုပ်ရဟန်းမင်းကြီးပျံလွန်တဲ့အချိန်မှာဝမ်းနည်းခြင်းအနေနဲ့ အလံကို ကိုးရက်တိုင်တိုင် တစ်ဝက်သာလွှင့်ထူလေ့ရှိပါတယ်။ Vatican city အလံဟာ ဗာတီကန်တစ်ခုတည်းမှာသာအသုံးပြုတာမ၏ဟုတ်ဘဲတစ်ကမ္ဘာလုံးမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းများ၊ပ
ညာရေးဆိုင်ရာတက္ကသိုလ်ကျောင်းများနဲ့အခြားသက်ဆိုင်ရာနေရာ များမှာပါ တွင်ကျယ်စွာ အသုံးပြုလွင့်ထူကြပါတယ်။ဒါကြောင့်မို့Vatican city အလံဟာကက်သလစ်အသင်းတော်ရဲ့ထင်ရှား တဲ့သက်သေခံအထောက်ထားအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ပိုမိုသိရှိလေ့လာလိုပါကကိုးကားဘာသာပြန်ထားတဲ့အောက်ပါလင့်များမှာ အသေးစိတ်ဖတ်ရှုနိုင်ပါ
တယ်။

(မန္တလေးသာသနာမှ Fr. Peter စိန်လှိုင်ဦး ကလောင်အမည် ခံပွင့် 
ဖြင့်ရေးသားထားခြင်းကိုပြန်လည်ဝေမျှသည်)

No comments: