လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ဘာလို့ သခင်ယေဇူးက အမိမယ်တော်ကို အချင်းမိန်းမ လို့ခေါ်ခဲ့သလဲ


 မေး ။  ယေဇူးဘုရားရှင်က အမိမယ်တော်ကို ဘာကြောင့် 'အချင်းမိန်းမ' လို့ခေါ်တာလဲ။
ရှင်ယောဟန်ခရစ်ဝင် ၂း ၃ - ၎
'စပျစ်ရည်ကုန်သောအခါ၊ ယေဇူး၏မယ်တော်က စပျစ်ရည်မရှိဟုကြားပြော၏။ 
ယေဇူးကလည်း အချင်းမိန်းမ၊ သင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း၊ ငါ့အချိန်မရောက်သေးဟုမိန့်တော်မူ၏။'

ယဇူးဘုရားရှင်က မိမိရဲ့မယ်တော်ကို မေမေလို့မခေါ်ပဲ 'အချင်းမိန်းမ' 
လို့ ပြန်ခေါ်လိုက်ခြင်းကြောင့် ပရိုတက်စတန် ခရစ်ယာန်လောကမှာ 
မယ်တော်ကို မှိုချိုးမျှစ်ချိုးပုတ်ခတ်သည့်အထိပင် အခြေအနေဆိုက်ခဲ့ကြ

ပါတယ်။ ဒီလိုဆိုရင်ခရစ်တော် ဘုရားရှင်က မိမိမယ်တော်ကို ရိုင်းပြစွာ
ဆက်ဆံလိုက်ခြင်းလား။ လုံးဝမဟုတ်ပါဘူး။ ခရစ်တော်ဘုရားရှင်ဟာ 
မယ်တော်ကို 'အချင်းမိန်းမ'လို့ မခေါ်ပဲ၊ မေမေလို့သာကျမ်းစကားထဲမှာ 
တဖွဖွခေါ်ခဲ့ရင် ကယ်တင်ခြင်းသမိုင်းဟာရှေ့နောက်ညီမှာမဟုတ်
တော့ဘူး။ အနာဂတ္တိကျမ်းစကားတွေ၊ ကတိတော်တွေပြည့်စုံလာပြီလို့ 
ပြောဆိုနိုင်မှာမဟုတ်တော့ပါ။ ကိုယ်တော်ရှင်ရဲ့နှုတ်တော်မှထွက်ပေါ်
လာသော စကားလုံးတိုင်းသည် ကယ်တင်ခြင်းလုပ်ငန်း၌ ကွင်းဆက်မိ
အောင်အဓိပ္ပါယ်ရှိအောင်မြွက်ဟခြင်းများဖြစ်ပါတယ်။ 
သမ္မာကျမ်းစာတော်မြတ်ရဲ့အရေးအသားကို လေ့လာကြည့်ရင်၊ ကယ်တင်ခြင်းသမိုင်းကြောင်းတစ်ခုလုံးကိုလေ့လာကြည့်ရင်၊ ထာဝရအရှင်ဘုရားသခင်ဟာ လူတစ်ဦးဦးကိုအသုံးပြု တော့မယ်ဆိုရင် နာမည်ရင်းကိုမခေါ်တော့ပဲ၊ လုပ်ငန်းတာဝန်နဲ့ပတ်သက်တဲ့နာမည်ကိုမှည့်ခေါ်ပြီးမှ အမည်နာမအသစ်၊ တာဝန်နာမကိုသာ ခေါ်ဝေါ်လေ့ရှိလာပါတော့တယ်။ အာရှတိုက်သားများရဲ့ဓလေ့အရကြည့်ရင်လည်း လူကြီးလူကောင်းကိုနာမည်ရင်းအတိုင်းခေါ်ရင် အင်မ တန်မှရိုင်းပါတယ်။ တာဝန်ရာထူးနာမည်နဲ့ခေါ်ခြင်းဟာ ယဉ်ကျေးပါတယ်။ ရိုသေရာကျပါတယ်။ ဗိုလ်ကြီး၊ ဆရာကြီး၊ ဥက္ကဌကြီး။ စသည်ဖြင့် တာဝန်နာမကိုခေါ်ခြင်းအားဖြင့် ရာထူးနဲ့တာဝန်ကိုဖော်ကြူးပြီး ဂုဏ်ပြုရာ၊ ရိုသေရာကျပါတယ်။ သမ္မာကျမ်းစာတော်မြတ် အထဲမှာ ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင်နာမည်ပြောင်းပေးပြီး တာဝန်အပ်နှင်းခဲ့တာတွေကို အများကြီးတွေ့နိုင်ပါတယ်။
          (ကမ္ဘာဦးကျမ်း ၁၇း၅) 'နောက်တစ်ဖန် သင်၏အမည်ကိုအာဗြံဟုမခေါ်ရ၊ သင်၏အမည်ကိုအာဗြဟံဟုခေါ်ရ၏' အဓိပ္ပါယ်က တော့ အာဗြံဆိုတဲ့အဓိပ္ပါယ်ကမြင့်မြတ်သောမိဘများမှဖွားမြင်ခြင်းကိုအဓိပ္ပါယ်ရတဲ့နာမည်ကနေ အာဗြဟံ - ကြီးမားများပြားသောလူ စုလူထုကြီးရဲ့ဖခင်လို့အဓိပ္ပါယ်ရတဲ့နာမည်အဖြစ်ကိုပြောင်းပေးခဲ့ပြီး ယုံကြည်သူတွေနဲ့နောင်လာနောက်သားတွေရဲ့စံပြုထိုက်တဲ့ဖခင်ကြီး အဖြစ်အသက်ရှင်သန်ခဲ့ရလို့ ဒီကနေအာဗြံဟံဟာ ဂျူး၊ မွတ်စလင်၊ ခရစ်ယာန်အားလုံးအတွက် 'ယုံကြည်သူများရဲ့ဖခင်'လို့ခေါ်ထားပါ တယ်။ (ကမ္ဘာဦးကျမ်း ၁၇း၁၅) 'တဖန်ဘုရားသခင်က သင်၏မယားစာရဲကိုမူကား စာရဲဟူသောအမည်ဖြင့်မခေါ်ရ၊ စာရားဟူသောအ မည်သစ်ဖြင့်ခေါ်ရ၏။' (ကမ္ဘာဦးကျမ်း ၃၅း၁ဝ) 'သင်သည်ယခုယာကုပ်အမည်ရှိ၏။ နောင်၌သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ၊ ဣသရေလအမည်ဖြင့်သမုတ်တော်မူ၏။ တမန်တော်ဝတ္ထုမှာ ခရစ်ယာန်တွေကိုကျူပင်ခုတ် ကျူငုတ်မကျန်အောင်ရှင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လိုက်လံသတ်ဖြတ်နေတဲ့လူသတ်သမားစောလူးဟာ နေရာတကာမှာလှည့်လည်ပြီး ဧဝံဂေလိတရားတော်ကိုဟောကြားတော်မူပြီး ယုံကြည်သူခရစ်ယာန်များပွါးများလာအောင်ဟောကြားသူ ပေါလူးသာသနာပြုဖြစ်လာပါတယ်။ (ရှင်ယောဟန်ခရစ်ဝင် ၁း၄၂) 'သင်သည် ယောန၏သားဆီမုန်ဖြစ်၏၊ ကေဖအမည်သစ်ကိုရလတ္တံ့။
          (ရှင်မဿဲခရစ်ဝင် ၁၆း၁၈) 'သင်သည်ပေတရူးဖြစ်၏၊ ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို တည်ဆောက်မည်။ ထိုအသင်း တော်ကို ငရဲတံခါးတို့သည်မအောင်နိုင်ရာ။' ကေဖ၊ ပေတရူးရဲ့အဓိပ္ပါယ်ကတော့ 'ကျောက်' လို့အဓိပ္ပါယ်ရပါတယ်။ သခင်ခရစ်တော်ဘုရား ရှင်ဟာ မိမိရဲ့အသင်းတော်ကြီးကို မိမိရဲ့ကိုယ်စားကိုယ်ပွားအဖြစ် ရှင်ပေတရူးကိုအထူးတာဝန်ပေးပြီး ရှင်ပေတရူးအပေါ်မှာတည်ထောင် တော်မူခဲ့ပါတယ်။ ဒါ့ကြောင့်လည်းအသင်းတော်ကြီးဟာ ရာစုနှစ်ပေါင်းများစွာအတွင်းအတိုက်အခိုက်ခံရနေပေမဲ့လည်း နတ်ဆိုးကလုံးဝ မအောင်မြင်ခဲ့ပါ။ အရေးကြီးတဲ့တာဝန်ရပ်တွေကိုပေးအပ်တဲ့အချိန်မှာ အမည်နာမပြောင်းပြီးရာထူးတာဝန်နာမကိုပေးအပ်သလို အိမ်၊ ယာ၊ မြေ၊ ပစ္စည်းဥစ္စာများကို စာရွက်စာတမ်းနဲ့ပြောင်းယူပြီဆိုရင်လည်း (To change someone's name was to take possession of its owner) ပိုင်ရှင်ဖြစ်လာပါတယ်။ မာရီယားဆိုတဲ့သမီးကညာကို ထာဝရအရှင်ဘုရားသခင်ဟာ လူသားအားလုံးအတွက် ဆောင်ရွက်နေတဲ့ကယ်တင်ခြင်းလုပ်ငန်းမှာ 'မိန်းမ' ဆိုတဲ့ရာထူးကိုပေးအပ်ပြီး 'မိန်းမ'ဆိုတဲ့ကဏ္ဍကနေ 'မိန်းမ'ရဲ့တာဝန်များကို ထမ်းဆောင်ဖို့ 'မိန်းမ'ဆိုတဲ့ဘွဲ့ထူးကို ပထမဦးဆုံးခမည်းတော်ရဲ့ကတိတော်ကိုပြုပြီးပေးတော်မူခဲ့တဲ့တာဝန်နာမဖြစ်ကြောင်း ထောက်ပြလိုက် ခြင်းဖြစ်ပါတယ်။ 
'အချင်းမိန်းမ' ဆိုတဲ့စကားလုံးဟာ ဂျူးလူမျိုးမဟုတ်တဲ့ဘုန်းကြီးတို့ လူမျိုးခြားတွေအတွက်လက်ခံဖို့ခက်နေပေမယ့် ဂျူးလူမျိုးတွေအတွက်ကတော့ ကယ်တင်ရှင်ကိုမွေးဖွားသန့်စင်ပေးမယ့် ကယ်တင်ရှင်မိခင်ရဲ့ဘုရားပေးဘွဲ့ဆိုတာ သိထားပြီးသား ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟောဒီလိုထာဝရအရှင်ဘုရားသခင်ရဲ့ထားတော်မူခဲ့တဲ့ ပထမဦးဆုံးသောကတိတော်ဟာ ဂျူးလူမျိုး တိုင်းအတွက်အရေး အကြီးဆုံး၊ အရင်းအနှီးဆုံး၊ ကယ်တင်ခြင်းအတွက် မျှော်လင့်အထားဆုံးကတိတော်ဖြစ်နေလို့ပါပဲ။ ဒီကတိတော်  ကျမ်းပိုဒ်ဟာ ဂျူးလူမျိုး ကျား/မ၊ လူကြီး၊ လူငယ်၊ ဆင်းရဲချမ်းသာမရွေး ရင်းနှီးကျွမ်းဝင်နေတဲ့ကတိတော်ဖြစ်ပါတယ်။ ဒီကတိတော်ကို သမ္မာကျမ်းစာရဲ့ပထမဦးဆုံးသောကျမ်းဖြစ်တဲ့ (ကမ္ဘာဦးကျမ်း ၃း၁၅)မှာ တွေ့နိုင်ပါတယ်။ 'သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏ အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ညှိုးဖွဲ့စေမည်။ သူသည်သင်၏ဦးခေါင်းကို ကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟုမိန့်တော်မူ၏။' ဒီကတိတော်ဟာ ထာဝရအရှင်ဘုရားသခင်ထားတော်မူခဲ့တဲ့ ပထမဦးဆုံး ကတိတော်ဖြစ်ပါတယ်။ ဧဝံဂေလိကျမ်းရေးပုဂ္ဂိုလ်ရှင်လုကာကလည်း မိန်းမတကာထဲကအထူးမိန်းမလို့ တစ်နည်းတစ်ဖုံအားဖြင့်ကျမ်းသွင်း ထားတာတွေ့ရှိနိုင်ပါတယ်။
          (ရှင်လုကာခရစ်ဝင် ၁း၂၈) 'ကောင်းကင်တမန်တော်သည်ရောက်လာလျှင် ကျေးဇူးတော်ကိုခံရသောမိန်းမ သင့်အား မင်္ဂလာဖြစ်စေသတည်း၊ ထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူ၏။ သင်သည်မိန်းမတကာတို့တွင် မြတ်စွာသောမင်္ဂလာရှိသည် ဟုပြောဆို၏။'
          (ရှင်လုကာခရစ်ဝင် ၁း၄၂-၄၅) 'သင်သည်မိန်းမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည် လည်း မြတ်စွာသောမင်္ဂလာရှိ၏။ အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသိြု့<ွကလာသောကျေးဇူးကို အဘယ်ကြောင့်ကျွန်ုပ်သည် ခံရပါသနည်း။ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် ကျွန်ုပ်ဝမ်းထဲ၌သူငယ်သည်ရွှင်မြူးသောစိတ်နှင့်ခုန်၏။ ယုံကြည် သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုမိန်းမအားထာဝရဘုရားမိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟုကြီးသောအသံ နှင့်မြွက်ဆို၏။'
          တမန်တော်ရှင်ယောဟန်ကလည်း ကယ်တင်ရှင်ရဲ့မိခင် မယ်တော်မာရီယားရဲ့ရာထူး၊ တာဝန်နာမဟာ 'မိန်းမ'ဆိုတာနားလည် ခဲ့ပါတယ်။ ဒါကြောင့် (ရှင်ယောဟန်ခရစ်ဝင် ၂း၎) ထဲမှာ ကာနန်မြို့မင်္ဂလာလက်ထပ်ပွဲမှာ စပျစ်ရည်ကုန်လို့အရှက်တကွဲဖြစ်တော့မယ့် အခြေအနေကိုသိလို့ မယ်တော်ဟာ သားတော်ဆီလာအလျှောက်မှာ ကိုယ်တော်က 'အချင်းမိန်းမ၊ သင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း၊ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။' ခရစ်တော်ဘုရားရှင်ဟာ မိမိရဲ့မယ်တော်ကို 'အချင်းမိန်းမ' လို့ဟစ်ခေါ်လိုက်ခြင်းဟာ မင်္ဂလာပွဲ လာပရိတ်သတ်ကြီးကိုသိစေဖို့အတွက် ထာဝရအရှင်ဘုရားသခင်ပထမဦးဆုံးထားတော်မူခဲ့တဲ့ကတိတော်အထဲက မိန်းမဆိုတဲ့ပုဂ္ဂိုလ်ဟာ ဟောဒီမိန်းမပဲလို့တရားဝင်ညွှန်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ငါ့ရဲ့မယ်တော်ဟာ ရိုးရိုးမိန်းမမဟုတ်ဘူး ကတိတော်အထဲကမိန်းမလို့ 'အချင်း မိန်းမ'လို့ ဘုရားအနေနဲ့ခေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။
          'သင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း' လို့ခရစ်တော်ရှင်ကမယ်တော်ကိုလူသူရှေ့မှာ အကြောင်းမဲ့မေးစရာမရှိ။ မိမိမယ်တော် မှန်းသိပြီးသားပါပဲ။ ဒါပေမယ့်ဒီကနေ့လူသူထူထပ်နေတဲ့ မင်္ဂလာဧည့်ခံပွဲအများရှေ့မှာ 'သင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း'ုလို့မယ်တော် ကိုမေးသလိုလိုနဲ့ လူထုပရိတ်သတ်ကြီးကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဒီမိန်းမနဲ့ငါဘယ်လိုဆိုင်သလဲဟေ့' လို့မေးလိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့ငါဟာ ပထမဦးဆုံးသောကတိတော်အထဲက မိန်းမရဲ့အမျိုးအနွယ်မက်ဆီးယားကယ် တင်ရှင်ဖြစ်တယ်ဆိုတာသက်သေပြဖို့အတွက် မင်္ဂလာပွဲလာသူတကာအများချေဆေးရာရေအိုးတွေကိုရေဖြည့်စေပြီး မိမိရဲ့ဘုရားတန်ခိုး တော်နဲ့ ရေမှစပျစ်ရည်အဖြစ်သို့ပြောင်းလဲပေးတော်မူခဲ့ပါတယ်။ တစ်နည်းပြောရရင်၊ ထာဝရအရှင်ဘုရားသခင်အဦးဆုံးထားတော်မူ ခဲ့တဲ့ကတိတော်အထဲက မိန်းမရဲ့အမျိုးအနွယ်မက်ဆီးယားကယ်တင်ရှင်ဟာ ငါပင်ဖြစ်၏လို့ မင်္ဂလာပွဲလာပရိတ်သတ်ကြီးမှတစ်ဆင့် ကမ္ဘာ ကြီးကို မိမိကိုယ်ကိုမိမိဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဒီတန်ခိုးနိမိတ်လက္ခဏာဟာ မိမိရဲ့ရှေးဦးစွာသောနိမိတ်လက္ခဏာဖြစ်ကြောင်းအဆုံးမှာ ဖော်ပြထားတာတွေ့ရပါတယ်။
          (ရှင်ယောဟန်ခရစ်ဝင် ၂း၁၁) 'ထိုသို့ယေဇူးသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်ကာနန်မြို့၌ပြ၍ မိမိဘုန်း တော်ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။' ကာလဝါရီတောင်ထိပ် လက်ဝါးကပ်တိုင်တော်အထက်ကလည်း မယ်တော်ကိုခေါ်လိုက်တဲ့အသံကလည်း လူတွေဟာအသက်ငင်ချိန်မှာ အမေတချင်းမျိုးမဟုတ်ဘူးဆိုတာတွေ့ရှိနိုင်ပါတယ်။ မေမေလို့ မခေါ်ဘဲ ကတိထားခဲ့တဲ့ဘုရားရှင်ရဲ့နှုတ်တော်နဲ့ပဲ တမန်တော်ရှင်ယောဟန်ကိုမေးငေါ့ပြပြီး မယ်တော်ကိုခေါ်လိုက်ပုံကတော့ (ရှင်ယော ဟန်ခရစ်ဝင် ၁၉း၂၆) 'မယ်တော်အား အချင်းမိန်းမ သင်၏သားကိုကြည့်ပါ' တဲ့။ အဓိပ္ပါယ်ကတော့ 'သင်ဟာ ခမည်းတော်ကတိထား ခဲ့သောကယ်တင်ရှင်ရဲ့မိခင်ဖြစ်သလို၊ ငါဟာအဲဒီကယ်တင်ရှင်ဖြစ်တယ်။ သင်၏ပါဝင်ကူညီမှုဖြင့် ငါဘုရားကိုယ်တော်တိုင်ကယ်တင်ထား သောကမ္ဘာသူကမ္ဘာသားများကိုဆက်လက်ကြည့်ရှု့ပါလို့ လက်ဝါးကပ်တိုင်တော်အထက်ကနေ မိန်းမဆိုတဲ့နာမည်ကိုခေါ်လိုက်ပြီး မိန်းမ ဆိုတဲ့တာဝန်ကိုလက်ဝါးကပ်တိုင်တော်အထက်ကနေ ထပ်မံအပ်နှင်းခန့်အပ်လိုက်ခြင်းဖြစ်တယ်။ ရှင်ယောဟန်ကပဲ သမ္မာကျမ်းစာရဲ့နောက် ဆုံးစာအုပ်ဖြစ်တဲ့ (ဗျာဒိတ်ကျမ်း ၁၂း၁) ထဲမှာ 'ကောင်းကင်၌ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား မိန်းမတစ်ဦးသည်နေကိုဝတ်ဆင် လျှက်၊ လကိုခြေဖြင့်နင်းလျှက်၊ ကြယ်တစ်ဆယ့်နှလုံးဖြင့်ပြီးသောသရဖူကိုဆောင်းလျက်ပေါ်လာ၏။'
          မယ်တော်ကဲ့သို့ခရစ်တော်ရဲ့ခြေတော်ရာတစ်ထပ်တည်းလိုက်လျှောက်မယ်ဆိုရင် လူသားအားလုံးအတွက် ကယ်တင်ခြင်း လုပ်ငန်းမှာကျရာကဏ္ဍကနေမငြီးမငြူ ပါဝင်သာသနာပြုလာနိုင်ပြီး ရေမှစပျစ်ရည်သို့ခရစ်တော်ပြောင်းလဲပစ်သလို ထမ်းရွက်သမျှ သာသနာ့ဝန်နှင့်မေတ္တာကရုဏာလုပ်ငန်းများအားလုံးကို ကျေးဇူးတော်များအဖြစ်ပြောင်းလဲပေးပါလိမ့်မယ်။ (သုတ္တံကျမ်း ၆း၂ဝ-၂၁) 'ငါ့သားအဘ၏ပညတ်စကားကိုနားထောင်လော့၊ အမိပေးသောတရားကိုမပယ်နှင့်။ နှလုံးပေါ်မှာအမြဲချည်၍လည်ပင်း၌စွဲထားလော့။ (သုတ္တံကျမ်း ၁း၉) 'အမိ၏တရားကိုလည်းမပါယ်နှင့်' တဲ့။ မယ်တော်ပေးတဲ့တရားကတော့ (ရှင်ယောဟန်ခရစ်ဝင် ၂း၅) 'သူစေခိုင်းသမျှကို ပြုကြလော့' တဲ့။ ခရစ်တော်ဘုရားရှင်စေခိုင်းသမျှသာဆောင်ရွက်ပါ ကယ်တင်ခြင်းချမ်းသာရရှိပါလိမ့်မယ်။

(Mandalay Archdiocese မှ Rev. Fr. Dominic Jo Du
 ဖြေကြားပြုစုရေးသားထားသော ဘာသာရေးအမေးအဖြေ စာအုပ်မှ 
ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် ယုံကြည်စိတ်ချစွာဖြင့် 
ဖတ်ရှု လက်ခံနိုင်ပါကြောင်း)

No comments: