လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ဘာကြောင့် ကလေးငယ်တွေကို ဆေးကြောခြင်းပေးရတာလဲ



 မေး ။ ဘာကြောင့်ကက်သလစ်အသင်းတော်က ကလေးငယ်များကို
ဆေးကြောခြင်းပေးတာလဲ။ သမ္မာကျမ်းစာထဲမှာ ကလေးငယ်များကို
ဆေးကြောခြင်းပေးကြောင်း လုံးဝမတွေ့ရပါ။

အသင်းတော်ရဲ့ရှေးဦးအစောပိုင်းကာလရာစုနှစ်များကို မှတ်တမ်းတင်
ထားတဲ့တမန်တော်ဝတ္ထုထဲမှာ ကရိပ္ပုအမည် ရှိတဲ့တရားဇရပ်မှူး
မိသားစုကတစ်အိမ်သားလုံးဟာ ဆေးကြောခြင်းခံယူကြကြောင်း 

(တမန်တော်ဝတ္ထု ၁၈း၈) ဖော်ပြချက်ကိုထောက်ရင် တမန်တော်များ
လက်ထက်ကပင်လျှင် ကလေးသူငယ်များကိုပါဆေးကြောခြင်းပေး
တယ်လို့ဆိုနိုင်ပါတယ်။ ရှေးဦးကာလအသင်းတော်မှာဆေးကြောခြင်း
ခံယူသူအများစုတွေဟာ အရွယ်ရောက်မှယုံကြည်သူများဖြစ်လာကြ
ပါတယ်။ 
ပထမဦးဆုံးခရစ်ယာန်အများစုကတော့ ကြီးမှ၊ အရွယ်ရောက်ပြီးမှ ယုံကြည်ခြင်းရဘို့အခွင့်အရေးနဲ့ကြုံခဲ့ကြရသလို မိမိတို့အခွင့်အရေးရစဉ် အရွယ်ရောက်ကာလမှာပဲ ဆေးကြော ခြင်းကိုခံကြရတယ်ဆိုတာကိုတော့ မမေ့အပ်သလို တစ်ချို့မိသားစုဝင်ကလေးငယ်များဟာ မိမိတို့ငယ်ရွယ်စဉ်မှာပင် အခွင့်အရေးနဲ့ ကြုံကြိုက်ကြရလို့ ငယ်ရွယ်စဉ်မှာပင် မိဘအုပ်ထိန်းသူများရဲ့ယုံကြည်ခြင်း၌ ဆေးကြောခြင်းမင်္ဂလာခံစားခွင့်ရရှိခဲ့ကြတာကိုလည်း ဥပက္ခာမပြုအပ်၊ မမေ့အပ်ပါ။ ကလေးငယ်များကိုဆေးကြောခြင်းပေးခြင်းသည် မျက်မှောက်အမိအသင်းတော်ကြီးရဲ့ ကာနွန်ကိုဓ ဥပဒေလိုတော့ ဓမ္မသစ်ကျမ်းထဲမှာ 'တစ်အိမ်သားလုံး၊ တစ်မိသားစုလုံး' ဆိုတဲ့ စကားအသုံးအနှုန်းကလွဲရင် အခြားရှင်းရှင်းလင်းလင်းဖော်ပြ ထားတဲ့ကျမ်းပိုဒ်မတွေ့ရပါ။ (တမန်တော် ဝတ္ထု ၁၆း၁၅) ထဲမှာ လုဒိမိသားစုတစ်ခုလုံး ဆေးကြောခြင်းမင်္ဂလာခံယူခဲ့ကြကြောင်း လေ့လာနိုင်ပါတယ်။
          (တမန်တော်ဝတ္ထု ၁၆း၃ဝ-၃၄) ကိုဖတ်ကြည့်လိုက်တဲ့အခါမှာ တမန်တော်ရှင်ပေါလူးနဲ့သိလ (ှငျူေ) တို့ထောင်ထဲမှာဆုတောင်း စဉ် မြေငလျင်လှုပ်ပြီးနောက်ပိုင်း သူတို့ရဲ့တရားဟောပြောချက်နဲ့ ထောင်မှူးနဲ့တကွတစ်အိမ်သားလုံး ဆေးကြောခြင်းခံယူကြကြောင်း တွေ့ရှိနိုင်ပါတယ်။ (တမန်တော်ဝတ္ထု ၁၁း၁၄၊ ၁၆း၁၄-၁၅ နဲ့ ကောရိန္တုသြဝါဒစာပထမစောင် ၁း၁၆) များထဲမှာလည်း စတီးဗင်းတို့ မိသားစုတစ်အိမ်သားလုံး ဆေးကြောခြင်းစက္ကရမင်တူးမင်္ဂလာခံယူကြကြောင်း ဖတ်ရှုနိုင်ပါတယ်။ တစ်အိမ်သားလုံးဆိုတဲ့ ဂရိမူရင်းစကား လုံးကိုလေ့လာကြည့်မယ်ဆိုရင် 'တစ်အိမ်သားလုံးကိုလာခဲ့ကြပါ' လို့ဆိုရင် အိမ်မှာအတူတကွနေထိုင်သက်ရှင်သူဟူသမျှဖြစ်တဲ့ မိသားစုဝင် လူကြီးမှအစကလေးငယ်တိုင်အောင် အတူနေဆွေမျိုးများ၊ အတူနေအစေခံကျွန်များပါဝင်နေတဲ့အဓိပ္ပါယ်စကားလုံးကို သုံးထားပါတယ်။ မြန်မာစကားလုံး တစ်အိမ်သားလုံးဆိုရင် အတူနေတစ်မျိုးလုံးတစ်ဆွေလုံး အဓိပ္ပါယ်မပေါက်ပါဘူး။ အတူနေတစ်မျိုးလုံးတစ်ဆွေလုံး ဖိတ်ချင်ရင် တစ်ဦးမကျန်ခေါ်ခဲ့လို့ပြောရပါတယ်။ မူရင်းစကားလုံးလောက်တော့ မြန်မာဘာသာစာပေများမှာ အနှစ်မပြည့်တော့တာ တွေ့နိုင်ပါတယ်။ ကလေးသူငယ်များကိုဆေးကြောခြင်းပေးခြင်းဟာ ဓမ္မဟောင်းကာလတုန်းကကလေးသူငယ်များကို အရေဖျားလှီးခြင်း မင်္ဂလာပေးခဲ့ရတဲ့ဓမ္မဟောင်းပဋိညာဉ်ဟာ ဓမ္မသစ်ကာလ၌ပြည့်စုံခြင်းသို့ရောက်ကြောင်း ဓမ္မသစ်ကာလရဲ့ဆေးကြောခြင်းမင်္ဂလာဟာ ခရစ်ယာန်များရဲ့အသားလှီးခြင်းမင်္ဂလာဖြစ်ကြောင်း (ကောလောသဲသြဝါဒစာ ၂း၁၁-၁၂)မှာတွေ့ရှိနိုင်ပါတယ်။ 'ခရစ်တော်၏အရေ ဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအဖြစ်၏် ကိုယ်ကိုပယ်ရှင်း၍လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌သင်တို့သည်ခံကြသည် ဖြစ်၍ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ထိုသခင်နှင့်အတူ သဂြိုလ်ခြင်းကိုခံကြ၏။ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ပြုပြင်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဆေးကြောခြင်းကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ရောက်ကြ၏။ ဘုရားရှင်ရဲ့ပဋိညာဉ်ဟာ တစ်ဦးခြင်းဆီသို့သာမက မိသားစုဝင်တိုင်းအသီးသီးဆီသို့ရောက်လာပါတယ်။ ယောရှု (ဲသ့်ကေ) ရဲ့မိဘများဟာ မိမိတို့သားသမီးများကိုယ်စား ဘုရားရှေ့မှာဝိညာဉ်ရေးဆက်ကပ်မှုပြုလုပ်နိုင်ခွင့်ရှိပါတယ်ဆိုတဲ့အချက်ကို လေ့လာနိုင်ပါတယ်။ (ယောရှု မှတ်စာ ၂၄း၁၅) င်္ဟသမာန ညေိာပ့ သကျနယ တန တငျူနမလန အ့နူသမိဍ' ငါနှင့် ငါ့အိမ်သားတို့သည် ထာဝရဘုရားကို သာဝတ်ပြုမည်'တဲ့။ ဒါကိုသမ္မာကျမ်းတတ်သုခမိန်များက 'တစ်စည်းတစ်လုံးတည်ရှိသောမိသားစု' လို့ခေါ်ပါတယ်။ (င်္ောငူပှသူငိမေငအပ) တစ်လုံးတစ်ဝတည်းရှိတဲ့မိသားစုဖြစ်ခြင်းကို ဓမ္မသစ်ကျမ်းတစ်ခုလုံးမှာ ထင်ရှားစွာတွေ့နိုင်ပါတယ်။
          တမန်တော်ရှင်ပေတရူးက ပင်တေကော့စ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းသက်တော်မူတဲ့နေ့မှာပဲ လူစုလူအုပ်ကြီးကို မိန့်ကြားတရားပေးတော်မူခဲ့တဲ့အချက်ကတော့ (တမန်တော်ဝတ္ထု ၂း၃၈-၃၉) 'ပေတရူးကလည်း နောင်တရကြလော့။ သင်တို့၏အပြစ်များ ခွင့်လွှတ်ခြင်းခံရစေရန် ယေဇူးခရစ်တော်၏နာမတော်၌ သင်တို့အားလုံးဆေးကြောခြင်းမင်္ဂလာကိုခံယူကြလော့။ ထိုအခါသင်တို့သည် ဝိညာဉ်တော်မြတ်၏ဆုကျေးဇူးတော်ကိုခံယူရရှိကြလိမ့်မည်။ ခရစ်သက္ကရာဇ် (အေဒီ ၁၈၅-၂၅၄) နှစ်များမှာ သီတင်းသုံးတော်မူခဲ့တဲ့  ဥမငါနည သြရီဂျင်လို့ခေါ်တဲ့ အသင်းတော်ရဲ့ဓမ္မပညာရှင်သုခမိန်ကြီးက အေဒီ ၂၃ဝ ခုနှစ်တွင်ရေးသားခဲ့သောစာစောင်၌ 'ကလေးသူ ငယ်များအား ဆေးကြောခြင်းပေးခြင်းအစဉ်အလာသည် တမန်တော်ကြီးများလက်ထက်မှ လက်ခံရရှိခဲ့သည်'တဲ့။ ခရစ်သက္ကရာဇ် (အေ ဒီ ၃၅၄-၄၃ဝ) နှစ်များအတွင်း သီတင်းသုံးတော်မူခဲ့တဲ့ ရဟန္တာသူတော်မြတ် ရှင်သြဂုတ်စတင်းကလည်း ကလေးများအားဆေးကြော ခြင်းပေးခြင်းအစဉ်အလာဟာ တမန်တော်ကြီးများလက်ထက်တော်များမှ ဆက်ခံရရှိခဲ့ပါကြောင်းဖော်ပြထားတာတွေ့ရပါတယ်။
          ခရစ်သက္ကရာဇ် (အေဒီ ၁၃၅မှ၂ဝ၂) ခုနှစ်များအတွင်း သီတင်းသုံးတော်မူခဲ့တဲ့ ရဟန္တာသူတော်မြတ်ရှငှ်ုမနညနကျ အီရေးနေဦး ကလည်း    'ဒုတိယရာစုနှစ်များအတွင်း ကလေးသူငယ်များအားဆေးကြောခြင်းပေးခြင်းသည် အသစ်အဆန်းသဘောမျိုးလုံးဝမရှိခဲ့ပါ။' တဲ့။ တတိယရာစုရဲ့ရှေးကျသော ဝတ်ပြုကိုးကွယ်ခြင်းဝိနည်းစာအုပ်များထဲတွင်ပါဝင်နေတဲ့ တမန်တော်ကြီးများရဲ့ရှေးထုံးသွန်သင်ချက်များ ထဲမှာဖော်ပြချက်ကတော့ 'ဦးစွာပထမမွေးကင်းစကလေးငယ်လေးများအား ဆေးကြောခြင်းပေးပါ။ မိမိအတွက်ပြောတတ်ဆိုတတ် သောသူက တာဝန်ယူလုပ်ဆောင်ပေးရပါမယ်။ မိဘများ (သို့မဟုတ်) မိသားစုမှတစ်ဦးဦးက တာဝန်ယူစီစဉ်ပေးရပါမယ်' လို့ပါရှိပါတယ်။
          ခရစ်သက္ကရာဇ် (၂၁၅) ခုနှစ်တွင် ရောမမြို့၌ရေးသားခဲ့တဲ့ အသင်းတော်ရဲ့သွန်သင်ချက်လက်စွဲစာအုပ်ထဲမှာ ကလေးငယ်များ သည် စကားပြောဖို့သိပ်ငယ်လွန်းသဖြင့် ကလေးငယ်များကိုဆေးကြောခြင်းပေးရန်စီစဉ်ပေးဖို့ ဖော်ပြထားပါတယ်။ ဆက်လက်ဖော်ပြ ချက်ကျမ်းပိုဒ်ကတော့ (ရှင်မာကုခရစ်ဝင် ၁ဝး၁၄)၊ (ရှင်လုကာခရစ်ဝင် ၁၈း၁၆)၊ (ရှင်မာတေဦးခရစ်ဝင် ၁၉း၁၄)  'ယေဇူးသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍ ထိုသူငယ်တို့ ငါ့ထံလာကြပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏'တဲ့။ ရဟန္တာသူတော်မြတှ်အ. ဃပစမငညေ ရှင်ဆီးပရီးရင်းက အာဖရိကတိုက်ဆရာတော်ကြီးများ အစည်း အဝေးပွဲဖြစ်တဲ့ သံဃာယနာတင်အစည်းအဝေးပွဲမှာ လျှောက်တင်ချက်ပြုခဲ့တဲ့အချက်တစ်ခုကတော့ 'ဘုရားသခင်၏သနားခြင်း ကျေးဇူးတော်ကို မွေးဖွားခြင်းခံသူတိုင်းမငြင်းဆန်သင့်ပါ။ လူတိုင်းကိုယ်ခန္ဓာကြီးသည်ငယ်သည်မရှိ၊ အသက်အရွယ်ကြီးသည်ငယ်သည်မရှိ။ မွေးဖွားပြီး နှစ်ရက်၊ သုံးရက်မြောက်သောနေ့၌ပင် ဆေးကြောခြင်းပေးရန်တရားဝင်ကြောင်း ဘုရားသခင်ရှေ့၌ လူသားအားလုံးညီတူ ညီမျှဖြစ်ကြောင်း' ဟူ၍တင်ပြခဲ့ပါတယ်။
          လေးရာစုမှာ ကလေးတွေဆေးကြောခြင်းပေးတာလျော့လာတော့ အသင်းတော်ရဲ့ပညာရှိသုခမိန် အသင်းတော်ရဲ့ဖခင်ကြီးများဖြစ် တဲ့ ရဟန္တာသူတော်မြတ် ရှင်ဘာဆေးလ်၊ ရှင်ဂရေဂေါ်ရီ၊ ရှင်အန့်ဘရို့စ်၊ ရှင်ခရစ်စောစတွန်း၊ ရှင်ဂျေရုမ်း၊ ရှင်သြဂုတ်စတင်းတို့ကဆန့် ကျင်ခဲ့ကြပြီး မွေးကင်းစကလေးငယ်များကိုဆေးကြောခြင်းပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ဆေးကြောခြင်းဟာကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
          ခရစ်သက္ကရာဇ် (၄၁၇) ခုနှစ်တွင် ကာသေ့ခ်ျမြို့ သံဃာယနာတင်အစည်းအဝေးပွဲတွင် မွေးကင်းစကလေးသူငယ်များကို ဆေး ကြောခြင်းပေးရန်မလိုဟုသွန်သင်နေသူများကို မှားယွင်းနေကြောင်းအတိအလင်းကြေငြာပေးခဲ့ပါတယ်။ အပြစ်ရင်းနှင့်ပတ်သက်၍အသင်း တော်၏ယုံကြည်ခြင်းကိုအခြေခံလျှက် ကလေးငယ်များသည် သူတို့ကိုယ်တိုင်အပြစ်မလုပ်နိုင်သော်လည်း မွေးဖွားခြင်းအားဖြင့်ရရှိလာ ခဲ့တဲ့အပြစ်ရင်းမှသန့်စင်ရန် ဒုတိယမွေးဖွားခြင်းကိုရည်ရွယ်လျက် အပြစ်အားလုံးခွင့်လွှတ်ခြင်းချမ်းသာရရှိရန်အတွက် ဆေးကြောခြင်းကို အမှန်အကန်ပေးရမည်လို့ သွန်သင်ထားပါတယ်။ တြင်းမြို့ သံဃာယနာတင်အစည်းအဝေးပွဲကလည်း ကလေးငယ်များအားဆေးကြော ခြင်းမင်္ဂလာပေးရမည်ဟု ထပ်မံသွန်သင်ထားပါတယ်။
          ရဟန္တာရှင်သြဂုတ်စတင်းသူတော်မြတ်က 'ကလေးသူငယ်များအား ဆေးကြောခြင်းပေးရာတွင် အမိအသင်းတော်ကဘုရားသမီး အဖြစ် တဖန်ပြန်လည်မွေးဖွားပေးလိုက်ခြင်းဖြစ်တယ်' လို့ ဆိုထားပါတယ်။
          (ရှင်ယောဟန်ခရစ်ဝင် ၃း၅-၆) 'ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းမခံသောသူမည်သည်ကား ကောင်းကင်နိုင်ငံတော် သို့မဝင်ရ။ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။'
          (ရှင်မာကု ခရစ်ဝင် ၁၆း၁၆) 'ယုံကြည်၍ဆေးကြောခြင်းကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကိုခံရလတ္တံ့။'
          အရွယ်ရောက်တဲ့သူဟာ မိမိကိုယ်တိုင်ယုံကြည်ကြောင်းဝန်ခံဖို့လိုအပ်ပါတယ်။ မိမိကိုယ်တိုင်ပြုမိခဲ့တဲ့အပြစ်များအတွက် မိမိကိုယ် တိုင်နောင်တသံဝေဂရဖို့ လိုအပ်ပါတယ်။ ကလေးသူငယ်များဖြစ်လျှင် အုပ်ထိန်းသူမိဘ၊ ခေါင်းကိုင်မိဘများရဲ့ယုံကြည်ခြင်းလိုအပ်ပါတယ်။ ဒါ့ကြောင့် လူဟာမိမိကိုယ်တိုင်ရဲ့ယုံကြည်ခြင်းကြောင့်ကယ်တင်ခြင်းရောက်သလို သူတစ်ပါးရဲ့ယုံကြည်ခြင်းကြောင့်ကယ်တင်ခြင်းသို့ ရောက်ကြရတာလည်း အမျာကြီးရှိပါတယ်။ လင်ကြောင့် မယားကောင်းကင်ရောက်သလို၊ မယားကြောင့် လင်ကောင်းကင်ရောက် ကြရပါတယ်။ မိဘများကြောင့်သားသမီးများ ကောင်းကင်ရောက်ကြရသလို သားသမီးများကြောင့်မိဘများ ကောင်းကင်ရောက်ကြရ တာတွေလည်း အများကြီးပါပဲ။
          (ရှင်မာတေဦးခရစ်ဝင် ၉း၂) 'လက်ခြေသေ၍ အိပ်ရာပေါ်မှာတုံးလုံးနေသောသူတစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ ၏။ ယေဇူးသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား ငါ့သားမစိုးရိမ်နှင့် သင်၏အပြစ်ကိုလွတ်စေပြီ' ဟု မိန့်တော်မူ၏။' လူနာကိုသယ်လာတဲ့သူတွေရဲ့ယုံကြည်ခြင်းကြောင့် လူနာဟာချမ်းသာရကြောင်းတွေ့ရပါတယ်။
          (ရှင်မာကုခရစ်ဝင် ၂း၁-၁၂) နဲ့ (ရှင်လုကာခရစ်ဝင် ၅း၁၇-၂၆) ကျမ်းများထဲမှာ ကာဖာနာအုံမြို့အိမ်တစ်အိမ်မှာရှိတော်မူ စဉ် လူသူများလွန်းလို့ လူနာသယ်လာတဲ့လူလေးယောက်ဟာ ခေါင်မိုးဖောက်ပြီး ကိုယ်တော်ရှင်ရဲ့ရှေ့မှာလူနာကိုကြိုးနဲ့လျှောချတော့ (ရှင်မာကူးခရစ်ဝင် ၂း၅) နဲ့ (ရှင်လူကားခရစ်ဝင် ၅း၂ဝ) 'သယ်လာပေးတဲ့လူလေးယောက်ရဲ့ယုံကြည်ခြင်းကြောင့် လူနာဟာချမ်းသာ ရာရတယ်ဆိုတာဖတ်ရှုနိုင်ပါတယ်။ (ရှင်မာတေဦးခရစ်ဝင် ၈း၁၈၊၂၅-၂၆)(ရှင်မာကုခရစ်ဝင် ၅း၃၅-၄၃)ကျမ်းများကိုဖတ်ရှုလိုက်မယ် ဆိုရင် တရားစရပ်မှူးဂျာအိရုရဲ့ယုံကြည်ခြင်းကြောင့် သေဆုံးသွားတဲ့သမီးငယ်ကိုပြန်လည်အသက်ရှင်သန်ခွင့်ကို ကိုယ်တော်ရှင်ပေးတော် မူခဲ့ပါတယ်။
          အသင်းတော်ရဲ့ကာနွန်ကိုဓဥပဒေများဖြင့်ဖော်ပြရသော် (ကာနွန်ကိုဓဥပဒေပုဒ်မ ၈၆၅ အပိုဒ် ၁) ထဲမှာ 'မိဘများသည်ကလေး သူငယ်များမွေးဖွားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဆေးကြောခြင်းမင်္ဂလာပေးရန်အတွက် ကြိုးစားကြရမည်။'
(ကာနွန်ကိုဓဥပဒေပုဒ်မ ၈၆၈ အပိုဒ် ၂) ထဲမှာ 'ကလေးငယ်အတွက်အသက်အန္တရာယ်ရှိလျှင် အစောဆုံးဆေးကြောခြင်းပေးရမည်။'(ကာနွန်ကိုဓဥပဒေပုဒ်မ ၈၆၈ အပိုဒ် ၁) ထဲမှာ 'ကလေးငယ်အားဆေးကြောခြင်းပေးရန် မိဘသို့မဟုတ်အုပ်ထိန်းသူ အနည်း ဆုံးတစ်ဦး၏ခွင့်ပြုချက်လိုအပ်သည်။ ထို့အပြင်ကလေးငယ်အား ကြီးပြင်းလာသောအခါ ဘာသာတရားကိုလေ့ကျင့်သင်ကြားပေးမည် ဟု အာမခံချက်ရှိရမည်။ ယင်းအာမခံချက်ကိုလည်း သက်ဆိုင်ရာမိဘများအား ရှင်းလင်းပြောကြားရမည်။ (ကာနွန်ကိုဓဥပဒေပုဒ်မ ၈၆၈ အပိုဒ် ၂)ထဲမှာ 'မိဘများဖြစ်စေ၊ ကက်သလစ်ဘာသာဝင်ဖြစ်စေ၊ အခြားမည်သည့်ဘာသာကိုကိုးကွယ်သူဖြစ်စေ၊ ကလေးအတွက်အသက် ဘေးစိုးရိမ်စရာရှိလျှင် သက်ဆိုင်ရာမိဘတို့၏ခွင့်ပြုချက်မရှိဘဲ ဆေးကြောခြင်းကိုအရေးပေါ်ပေးနိုင်သည်။'
          မိသားစုသည် အိမ်တွင်းအသင်းတော်ဖြစ်ပါတယ်။ ကလေးငယ်များကိုဆေးကြောခြင်းမပေးဘူးဆိုရင် မိမိတို့မိသားစုအိမ်တွင်း အသင်းတော်ထဲ စာရင်းမသွင်းတဲ့အသွင်သို့ရောက်သွားပါတော့တယ်။ အိမ်တွင်းအသင်းတော်ဟာ ဘုရားသခင်ရွေးချယ်ထားတဲ့မိသားစု ဝင်တိုင်း ယုံကြည်ခြင်းအစပျိုးရာအဖွဲ့အစည်းဖြစ်သလို ကယ်တင်ခြင်းစတင်ရရှိရာနေရာဌါနဖြစ်ပါတယ်။ ဘုရားသခင်ဟာ စတင်ခေါ် ဆောင်သူ၊ ကယ်တင်ခြင်းပေးရန်အရင်ကမ်းလှမ်းသောပုဂ္ဂိုလ်ဖြစ်ပါတယ်။ မိမိကဘုရားအတွက် ဘယ်လိုကြိုးစားတယ်ဆိုတဲ့အချက်က အရေးမကြီး၊ ဘုရားရှင်ဖက်ကအားလုံးအတွက်လုပ်ဆောင်ချက်ဟာ အရေးကြီးပါတယ်။
          (ရှင်ယောဟန်သြဝါဒစာပထမစောင် ၄း၁ဝ) 'ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ပြေစေခြင်းငှါ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိတော်မူ၏။'
          (ရှင်ယောဟန်သြဝါဒစာပထမစောင် ၄း၁၉) 'ဘုရားသခင်သည် ငါတို့ကိုဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်ဘုရားသခင် ကိုချစ်ကြ၏။'
          (တိတုသြဝါဒစာ ၃း၅-၇) 'ငါတို့ကျင့်သောဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ မိမိ၏သနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးဖွားခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်လည်းကောင်း၊ ငါတို့ကိုကယ်တင်တော်မူ၏။ ငါတို့ကိုကယ်တင်တော်မူသောအရှင်ယေဇူးခရစ်တော်အားဖြင့် ငါတို့အပေါ်သို့ဝိညာဉ်တော်ကြို<ွကွယ်ဝစွာ သွန်းလောင်းတော်မူ၏။ အကြောင်းမူကားငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက် ကိုမျှော်လင့်သည်နှင့်အညီအမွေခံဖြစ်ကြမည့်အကြောင်းတည်း။' ဒါကြောင့်ဘုရားကပေးချင်နေတဲ့ကျေးဇူးတော်တွေကို တစ်ဖက်လူ သို့မဟုတ် ကလေးသူငယ် များဆီမရောက်ရလေအောင် ဟန်တားနေသူမဖြစ်မိဖို့အရေးကြီးပါတယ်။ သတိပြုဖို့လိုအပ်ပါတယ်။
          တမန်တော်များလက်ထက်မှသည်ယနေ့ထိတိုင် မွေးကင်းစကလေးငယ်များကို အမိကက်သလစ်အသင်းတော်ကြီးက ဆေးကြော ခြင်းပေးနေသလို အရှေ့ပိုင်းသြသိုဒေါက်အသင်းနဲ့ပရိုတက်စတန်အသင်းကြီးများဖြစ်ကြတဲ့ အင်္ဂလီကန်၊ မက်သဒစ်၊ လူသာရီယာန်စတဲ့ အသင်းဂိုဏ်းကွဲကြီးများကလည်း မွေးကင်းစကလေးငယ်များကို ဆေးကြောခြင်းပေးနေဆဲပါ။ ရှေးအကျဆုံးသင်္ချိုင်းဂူများကို လိုက်လံလေ့ လာလိုက်တဲ့အချိန်မှာ ကလေးငယ်လေးများရဲ့မွေးနေ့၊ ဆေးကြောခြင်းခံသောနေ့၊ ကွယ်လွန်သောနေ့တွေကိုတွေ့နိုင်ခြင်းအားဖြင့် တမန် တော်များလက်ထက်မှသည် အမိအသင်းတော်ဟာ ယနေ့ထိဆက်လက်ပြီးကလေးငယ်များကို ဆေးကြောခြင်းပေးခြင်းကိုကျင့်သုံးနေခြင်း သည် မှန်ကန်သောအချက်ဖြစ်ကြောင်းဖော်ပြနေပါတယ်။
          အမိအသင်းတော်ကြီးက ဆေးကြောခြင်းမခံရဘဲသေဆုံးသွားတဲ့ကလေးငယ်များ ငရဲသွားကြတယ်လို့တစ်ခါမှမသွန်သင်ပါ။ တမန်တော်ကြီးများလက်ထက်မှာ မသွန်သင်ခဲ့တဲ့အရာတွေကို အခုအသစ်ထည့်ပြီးမသွန်သင်ပါ။ အချို့သောဆင်ခြင်သုံးသပ်ချက်ကတော့ မိဘများရဲ့ဆေးကြောခြင်းပေးလိုတဲ့ဆန္ဒဖြစ်မှုက စိတ်အလိုဆန္ဒအားဖြင့်ခံယူသောဆေးကြောခြင်းမျိုးကို မိမိတို့ကလေးအားပေးပြီးသား ဖြစ်သွားနိုင်ပြီး အပြစ်ရင်းကိုဆေးကြောပေးနိုင်ခြင်း၊ အမိအသင်းတော်ကြီးတည်ရှိနေခြင်းကိုက အခြားကလေးများနည်းတူအခွင့်အရေး မရရှိနိုင်တော့တဲ့အကြောင်းတရားဖြစ်တယ်လို့ ဆင်ခြင်မှုမျိုးများသာရှိခဲ့ပါတယ်။
          သေခါနီးကလေးသူငယ်များကိုဆေးကြောခြင်းပေးဖို့အခွင့်အရေးရှိလျက်သားနဲ့မပေးပဲငြင်းဆန်နေခဲ့သူမှာ တာဝန်မကင်းတဲ့ အတွက် နောက်ဆုံးသောနေ့မှာ ထုခြေလွှာတင်သွင်းရပါမယ်။ ဒါကြောင့်ကလေးသူငယ်များကိုဆေးကြောခြင်းပေးခြင်းဟာ မရှိမဖြစ်လို အပ်တဲ့အချက်ဖြစ်နေပါကြောင်း ဖြေကြားလိုက်ရပါတယ်။

(Mandalay Archdiocese မှ Rev. Fr. Dominic Jo Du
 ဖြေကြားပြုစုရေးသားထားသော ဘာသာရေးအမေးအဖြေ စာအုပ်မှ 
ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် ယုံကြည်စိတ်ချစွာဖြင့် 
ဖတ်ရှု လက်ခံနိုင်ပါကြောင်း)

No comments: