သာမန်လူသားတစ်ဦးအနေဖြင့် လူတစ်ကိုယ်သည် တစ်နေရာ တည်း၌သာရှိနေနိုင်ပါသည်။ သို့သော် ဘုရားသခင် မတတ်နိုင် သောအမှုတစ်စုံတစ်ခုမျှမရှိ (ရှင်လုကာ ၁း၃၇) ဟု အမိန့်တော် ရှိသည့်အတိုင်းပင်
အချို့သော ရဟန္တာသူတော်သူမြတ်တို့သည် ဘုရားသခင်ပေးသနားသောအစွမ်းကြောင့် တစ်ချိန်တည်းတွင် မတူသောနေရာဒေသနှစ်ခု၌ ရှိနိုင်ကြသည်။ ထူးခြားလို၍ ဤဆုပန်ခဲ့ခြင်းမျိုးလည်းမရှိ။ ဤသို့ဖြစ်နေသည်ကိုလည်း ကိုယ်တိုင်မသိ။ အခြားသူများပြန်လည်ပြောပြမှသာ သိရသည့် အဖြစ်မျိုးဟု သိရသည်။
မိမိဝါကြွားပလွှားဖို့ရန်မဟုတ်ဘဲ ဘုရားသခင်က အမှန်တကယ် ဖြစ်ပွားစေတော်မူလျှင် ဤထူးခြားသောဆုကျေးဇူးကို ရရှိခံစား နိုင်ပါသည်။ အဘယ်ကဲ့သို့ဖြစ်ပျက်သည်ကို သာမန်လူ့ဥာဏ်၊ သို့မဟုတ် သိပ္ပံပညာဖြင့်ရှင်းပြရန် ခက်ခဲပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏လုပ်ဆောင်တော်မူချက် သက်သက်ပင်ဖြစ်ပြီး ဤထူးခြားသောဆုကို ခံစားရရှိကြသော ရဟန္တာများသည် လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာ အညစ်အထေး၌ အလွန်ကင်းစင်ကြသည်သာမက နှိမ့်ချခြင်း ပါရမီကိုလည်း ကျင့်ကြံအားထုတ်နိုင်သောသူများဖြစ်ကြသော ကြောင့်ဟုသာ ဆိုရပေမည်။
တစ်ချိန်တည်းတွင် နေရာ (၂) ခု၌ ရှိနိုင်စွမ်းရှိသောရဟန္တာများမှာ
၁။ ယေဇူးသခင်၏ ဒဏ်ရာတော် (၅) ချက်ရှင် ရှင်ပါဒြေပီးအို (၁၈၈၇-၁၉၆၈)
၂။ ပီရူးနိုင်ငံမှ ရှင်မာတင်းဒီပေါရက်စ် (၁၅၇၉-၁၆၃၉)
၃။ ဆလေးရှင်းအသင်းဂိုဏ်းကိုတည်ထောင်ခဲ့သော ရှင်ဒွန်ဘောစကို (၁၈၈၅-၁၈၈၈)
၎။ ပါးဒူအာမြို့မှ ရှင်အန်ထော်နီ (၁၁၉၅-၁၂၃၁)
၅။ သာသနာပြုတို့ကိုမှိုင်းမတော်မူသော ရှင်ဖရန်စစ်ဇေးဗီးယား (၁၅ဝ၆-၁၅၅၂) တို့ဖြစ်ကြသည်။
(၂၀၁၈၊ အောက်တိုဘာလထုတ် မျိုးကြဲသူ ကက်သလစ်လစဉ်ဝိညာဉ်ရေးစာစောင်မှ
ကူးယူဖော်ပြခြင်းဖြစ်သည်သည်။)
No comments:
Post a Comment