*Maria Goretti ဟာ အီတလီနိုင်ငံ Ancona ဒေသရှိ Corinaldo ရွာမှာ ၁၈၉၀ ခုနှစ် အောက်တိုဘာ ၁၆ တွင် ဖွာမြင်ခဲ့ပါတယ်။ သူမရဲ့ အဖေဟာ ငှက်ဖျားရောဂါနဲ့ ဆုးံသွားတဲ့နောက်ပိုင်း မိခင်ဟာ သူမ သားသမီးတွေရဲ့
စားဝတ်နေရေးအတွက် အတော့်ကို ရုန်းကန်ရပါတယ်။
*Maria Goretti ဟာ သူမရဲ့ ညီမအငယ်ဆုးံ ထရေဇားကို ပြုစု ထိန်းကျောင်းရင်း အိမ်က အိမ်အလုပ် အားလုးံကို လုပ်ရပြီး ကျန်မောင်နှမတွေက အမေကို လယ်ယာအလုပ်မှာ ဝိုင်းကူရပါတယ်။ ဒီလိုနဲ့ ၁၈ နှစ် အရွယ်အိမ်နီးချင်း Alessandro ရဲ့ သွေးသားနှောင့်ယှက်မှုကို သူမ ၁၁ အရွယ်ချိန်မှာပင် ခံခဲ့ရပါတယ်။ သို့ပေမဲ့ သူမက ထိုလုလင်ရဲ့ သွေးဆောင်မှုကို အမြဲငြင်းဆန်ကာ တရားချဆုးံမလေ့ရှိပါတယ်။
၁၉၀၂ ဇူလိုင်လ ၅ ရက်နေ့မှာတော့ အိမ်မှာ ဘယ်သူမှ မရှိချိန်မှာတော့ Alessandro ဟာ ဓါးကိုင်ပြီးသူမကို ချိန်းခြောက်ပါတော့တယ်။ Alessandroရဲ့ သွေးသားနှောင့်ယှက်ခြင်းကို လုးံဝဆန့်ကျင်ပြီး အသက်နဲ့ ကာကွယ်ဖို့ သူတော်မလေးဟာ ဆုးံဖြတ်လိုက်ပါတော့တယ်။ Alassandroဟာ သူရဲ့ သွေးသားဆန္ဒ မပြည့်စုံမှန်း သိလိုက်တဲ့အခါမှာတော့ သူမကို ဓါးနဲ့ ၁၄ ကြိမ် ထိုးလိုက်ပါတယ်။ အိမ်နီးချင်းများရဲ့ အကူအညီနဲ့ သူ့ကို ဝိုင်းဖမ်းပြီး Maria ကို ကယ်တင်နိုင်ခဲ့ပါတယ်။ တောကနေ မြို့ဆေးရုံကို ဆယ်ဆောင်ကာ ထုံဆေးမပါပဲ ဒါဏ်ရာများကို ချုပ်ပေးကြပါတယ်။ Maria Goretti အနေနဲ့ သူရဲ့ ဒါဏ်ရာ နာကျင်မှုကို မည်မျှလောက် ခံရမလဲဆိုဒါနဲ့ သူမမိခင်အနေနှင့်လည်း သူမသမီးရဲ့ အပြစ်မဲ့ခြင်းကို အကြမ်းဖက်စော်ကားမှုတို့ကို ဘယ်လောက်ခံစားမလဲ။ သို့ပေမဲ့ သူတို့ရဲ့ ဘုန်းတော်ကြီးရဲ့ အကြံပေးခြင်းအားဖြင့် သူတို့ဟာ လူသတ်သမား မုဒိန်းသမားကို ခွင့်လွှတ်ကြပါတယ်။ သူတော်မဟာ ၁၉၀၂ ဇူလိုင် ၆ ရက်နေ့ အသက် ၁၂ အရွယ်မှာ ဒါဏ်ရာနာကျင်မှုနဲ့ ကွယ်လွန်သွားပါတော့တယ်။
*Maria Goretti ဟာ ၁၉၅၀ ခုနှစ် ဇွန်လ ၂၄ ရက်တွင် Virgin and Martyr saint အဖြစ် Pope Pius XII က ကြေငြာခဲ့ပါတယ်။ ဤရဟန္တာတင်မြှောက်ခြင်း အခမ်းအနားမ သူတော်မရဲ့ မိခင်ကိုယ်တိုင် ပါဝင်နိုင်ပါတယ်။
No comments:
Post a Comment