၂၁ ရာစု မြန်မာပြည်ကက်သလစ်သာသနာတော်ကြီး၏ သမိုင်းဝင်ရက်စွဲများ
သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာဦးသန်းထွန်း ပြောခဲ့ဖူးသော မှတ်သား စရာ စကားတစ်ခုရှိပါသည်။ ၄င်းမှာ ''သမိုင်းဆိုသည်မှာ မ အအောင် သင်ရသည်'' ဟူ၍ ဖြစ်သည်။ သမိုင်း၏အရေးကြီးမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတိုင်း၊
လူမျိုးတိုင်းတွင်လည်း မိမိတို့နှင့်သက်ဆိုင်သည့် ဂုဏ်ယူစရာသမိုင်း များစွာရှိပါသည်။ မြန်မာပြည် ကက်သလစ်သာသနာတော်ကြီး၏ သမိုင်းသည်လည်း
အင်မတန်ဂုဏ်ယူစရာကောင်းလှပေသည်။ အမိမြန်မာပြည် ကက်သလစ်သာသနာ တော်ကြီး၏ သမိုင်းအဖြစ်အပျက်များကို ဝိညာဉ်တော်ဘုရားရှင်က လမ်းပြဦးဆောင်ခဲ့ သည်ကို အံသြစွာတွေ့ရှိနိုင်ပါသည်။
မြန်မာပြည်ကက်သလစ်သာသနာတော်ကြီး၏ သမိုင်းဝင်ရက်စွဲများကို ဝေမျှ လိုပါသည်။ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များသည် မြန်မာပြည် ကက်သလစ်သာသနာတော်ကြီး၏ သမိုင်းအဖြစ်အပျက်များကို နက်နက်နဲနဲ သိရှိနိုင် ရန်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ တိုက်တွန်းလိုခြင်းဖြစ်ပါသည်။
၂ဝ၁၂ ခုနှင်၊ ဒီဇင်ဘာလတွင် စိန်မေရီကယ်သီဒြယ်ဘုရားကျောင်းတော် ကြီး၏ ရာပြည့်ဂျူဘီလီကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပါသည်။ ဤဘုရား ကျောင်းတော်ကြီးသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏သမိုင်းဝင် ကက်သလစ်ဘုရား ကျောင်းတော်ကြီး ဖြစ်ပါသည်။
(၁၅၁၁-၂ဝ၁၁)
(၂၃) ရက်၊ (၁၁) လ၊ (၂ဝ၁၄) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကက်သလစ် ခရစ်ယာန်သာသနာတော် ရောက်ရှိခြင်းအနှစ် (၅ဝဝ) မဟာဂျူဘီလီပွဲတော်ကြီးကို ရန်ကုန်သုဝဏ္ဏမြက်ခင်းတု လေ့ကျင့်ရေးကွင်း၌ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များ၊ ဘာသာဝင်များနှင့်ဓမ္မမိတ်ဆွေများ သောင်းဂဏန်းဖြင့် ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပါသည်။ ဤပွဲတော်ကြီး၏ မစ္ဆား တရားတော်မြတ်ကို အိန္ဒိယနိုင်ငံမှ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ကာဒီနယ် ဂရားစီယာစ် (Gracia) မှ ဦးဆောင်ကာပူဇော်ပေးခဲ့သည်။
(၄-၁-၂ဝ၁၅)
(၂၂၆) ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် (၂ဝ၁၅) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ရွေးကောက်ခဲ့သော ကာဒီနယ်လောင်းလျာ များအား ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် စိန့်ပီတာ ဘာစီလီကာကျောင်းတော်ကြီး၌ နိုင်ငံတကာမှကာဒီနယ်များနှင့်အတူ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားစ်ဘိုအား ကာဒီနယ်အဆောင်အယောင်များ အပ်နှင်းပြီး မြန်မာပြည် ကက်သလစ် သာသနာတော်အတွက် ပထမဦးဆုံး ကာဒီနယ်ရဟန်းအမတ်အဖြစ် ရွေးချယ်တင် မြှောက်ကာ ဘိတ်သိတ်ပေးခဲ့သည်။ ဆရာတော်ဘုရားသည် မြန်မာပြည်သာသနာ တော်ကြီးအတွက် ပထမဦးဆုံးကာဒီနယ်ရဟန်းအမတ်အဖြစ် သမိုင်းမှတ်ကျောက် တင်ခံရလေသည်။
(၂၇-၁၁-၂ဝ၁၇)
ဤနေ့ရက်သည် မြန်မာပြည်ကက်သလစ်သာသနာတော်ကြီး၏ သမိုင်း မော်ကွန်းတွင် သာသနာ့ဥသျှောင်ဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သည် (၂၁) ကြိမ်မြောက် သိုးထိန်းခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့၊ကြွမြန်းလာခြင်း၏ ထူးခြားမွန်မြတ်လှသော သမိုင်းမှတ်တိုင်နေ့ရက်ဖြစ်သည်။ ဤနေ့ရက်သည် မြန်မာပြည်မြေပေါ်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပထမဆုံး ခြေတော်ချမူသော နေ့ရက်ဖြစ်သည်။
(၂၈-၁၁-၂ဝ၁၇)
ဤနေ့ရက်၌ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏သမ္မတ ဦးထင်ကျော်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တို့ သည် တွေ့ဆုံခဲ့ကြသည်။ သမ္မတဦးထင်ကျော်သည် ကက်သလစ်သာသနာတော်မှ ပုပ်ရဟန်းမင်းကြီးနှင့် ပထမဦးဆုံးတွေ့ဆုံဖူးသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် သမိုင်းဝင်ခဲ့သည်။
(၂ဝ၁၉)
မြန်မာပြည်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လစဉ်ထုတ် မျိုးကြဲသူ စာစောင် အနှစ် (၁ဝဝ) ပြည့်သည့် မဟာရာပြည့် ဂျူဘီလီနှစ်ဖြစ်သည်။ မျိုးကြဲသူ စာစောင်ကို The Voice မဂ္ဂဇင်းအဖြစ် ဒီဇင်ဘာလ၊ ၁၉၁၁ ခုနှစ်တွင် Fr. Eugene Luce (MEP) မှ ပထမဆုံးအယ်ဒီတာအဖြစ် စတင်ထုတ်ဝေခဲ့သည်။ မြန်မာပြည်ကက်သလစ်သာသနာတော်ကြီး၏ အားကိုးအားထားရသော တစ်ခုတည်း သော ဘာသာရေးစာစောင်လည်းဖြစ်ပါသည်။
Credit of Bro. Peter Yan Naung
နောက်ဆုံးနှစ်ကိုရင်များ၏ ခြေရာလက်ရာများ (၂၀၁၉-၂၀၂၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment