လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

သခင်ယေဇူး ဆေးကြောခြင်းခံယူတော်မူခြင်းအကြောင်း

 
ရှင်ယောဟန်ဘတ္တိဇံ၏ နောင်တတရားနှင့်ဆိုင်သောဆေးကြောခြင်းကို သခင်ယေဇူးသည် အဘယ့်ကြောင့် ခံယူတော်မူခဲ့သနည်း။
   
    ယောဟန်သည်လည်း ဆာလင်မြို့အနီး၊ ဧနွန်အရပ်၌ ဆေးကြောခြင်းကို ပေးလျှက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ ရေများစွာရှိသောကြောင့် ဖြစ်၏။ လူတို့သည်လည်းလာကြ၍ ဆေးကြောခြင်းခံကြ၏။ (ရှင်ယောဟန် ၃း၂၃)

    နောင်တသံဝေဂရခြင်းငှါ ငါသည် သင်တို့ကို ရေဖြင့်ဆေးကြော၏။ (ရှင်မာတေဦး ၃း၁၁)
    ထိုအခါ သူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရရန် နောင်တတရားနှင့်ဆိုင် သောဆေးကြောခြင်းအကြောင်းကို ဂျော်ဒန်မြစ်ဝှမ်းတစ်လျှောက်တွင် ဟောပြော လေ၏။ (ရှင်လုကာ ၃း၃)
    အထက်ပါကျမ်းချက်များကို ဖတ်ရှုခြင်းအားဖြင့် ရှင်ယောဟန်ဘတ္တိဇံသည် နောင်တတရားနှင့်ဆိုင်သောဆေးကြောခြင်းကို ဂျော်ဒန်မြစ်ကမ်းတွင် ပေးလျှက်ရှိ ကြောင်းကို သိရှိနိုင်မည်ဖြစ်သည်။ ဤနေရာ၌ ရှင်ယောဟန်ပေးသော ဆေးကြောခြင်း သည် သခင်ခရစ်တော်ဘုရားရှင်တည်ထောင်တော်မူမည့် ဆေးကြောခြင်းစက္ကရမင်တူး မင်္ဂလာမြတ်၏ ရှေ့ပြေးပြင်ဆင်မှုတစ်ခုသာ ဖြစ်ပါသည်။ နောင်တတရားနှင့်ဆိုင်သော တရားကို ဟောကြားလျှက် ဂျော်ဒန်မြစ်၌ ရေဖြင့် ဆေးကြောခြင်းပေးခြင်းအားဖြင့် ရှင်ယောဟန်သည် သခင်ခရစ်တော်ဘုရားရှင်ြ<ွကလာမည့်လမ်းတော်ကို ကြိုတင် ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။
    ရှင်မာတေဦးဧဝံဂေလိကျမ်း (၃း၁-၁၇) တွင် ရှင်ယောဟန်၏ နောင်တ တရားနှင့်ဆိုင်သောဆေးကြောခြင်းအကြောင်း၊ သခင်ခရစ်တော်ဘုရားရှင် ကိုယ်တော် တိုင် ရှင်ယောဟန်၏လက်တော်မှ ဆေးကြောခြင်း ခံယူတော်မူခဲ့ကြောင်းကို ဖတ်ရှုနိုင် ပါသည်။
    သခင်ခရစ်တော်ဘုရားရှင်သည် ဘုရားရှင်၏သားတော်ဖြစ်သကဲ့သို့၊ အပြစ် ကင်းသောသိုးငယ်တော်လည်းဖြစ်ပါသည်။ အပြစ်တရား၏ အနှောင်အဖွဲ့မရှိသလို၊ အပြစ်တရားနှင့်လုံးဝကင်းလွတ်တော်မူပါသည်။ အပြစ်မရှိသောသူတစ်ယောက် အတွက် နောင်တတရားဆိုတာ မလိုအပ်ပါဘူး။ သို့သော်လည်း သခင်ယေဇူးသည် ရှင်ယောဟန်ထံမှ ဆေးကြောခြင်းခံယူတော်မူခဲ့ပါသည်။
    သခင်ယေဇူးသည် အဘယ့်ကြောင့် ရှင်ယောဟန်ဘတ္တိဇံထံမှ  ဆေးကြောခြင်း ခံယူတော်မူခဲ့သနည်း။ အချက် (၄) ချက်ဖြင့် ရှင်းပြပါမည်။
     ပထမအချက်အနေဖြင့် သခင်ယေဇူးသည် ဆေးကြောခြင်းစက္ကရမင်တူး မင်္ဂလာမြတ်ကို တည်ထောင်လိုသည့်အတွက်ကြောင့်ဖြစ်ပါသည်။ ရဟန္တာသူတော်မြတ် ရှင်အန်းဘရို့(စ်) (ှအ. ဗာဘမသျန) က ''သခင်ခရစ်တော်ဘုရားရှင်သည် ရှင်ယော ဟန်ထံမှ ဆေးကြောခြင်းခံယူတော်မူခြင်းအားဖြင့် ဆေးကြောခြင်းစက္ကရမင်တူးကို တည်ထောင်တော်မူခဲ့သည်'' ဟူ၍ မိန့်ဆိုထားပါသည်။ ရှင်သောမတ်အကွိုင်းနက်(စ်) (ှအ. ႊ့သာေ် ဗဆကငညေ်) ကလည်း ''သခင်ခရစ်တော်ဘုရားရှင်သည် ဂျော်ဒန်မြစ် ထဲ၌ ရှင်ယောဟန်ထံမှ ဆေးကြောခြင်းခံယူတော်မူခြင်းအားဖြင့် ရေကို သန့်ရှင်း  စင်ကြယ်စေသည်၊ သန့်ရှင်းစင်ကြယ်စေသော အစွမ်းတန်ခိုးကို ပေးတော်မူပါသည်'' ဟူ၍ မိန့်ဆိုထားခဲ့ပြန်ပါသည်။ ထို့ကြောင့် သခင်ခရစ်တော်ဘုရားရှင် ဂျော်ဒန်မြစ်၌ ရှင်ယောဟန်ထံမှ ဆေးကြောခြင်းခံယူတော်မူခဲ့ခြင်းသည် လိုအပ်၍မဟုတ်ပါ၊ ရေကို သန့်ရှင်းစင်ကြယ်စေရန်နှင့် ဆေးကြောခြင်းစက္ကရမင်တူးမင်္ဂလာတော်မြတ်ကို တည်ထောင်လိုသောကြောင့်သာဖြစ်သည်။
    ဒုတိယအချက်အနေဖြင့် သခင်ခရစ်တော်ဘုရားရှင်သည် မိမိ၏ဘုရား အဖြစ်တော်ကို ဖော်ပြလိုတော်မူခြင်း၊ ခမည်းတော်ဘုရားရှင်၏ တစ်ပါးတည်းသော သားတော်ဖြစ်တော်မူကြောင်း၊ လူသားအားလုံး၏ ကယ်တင်ခြင်းအတွက် စေလွှတ်ခြင်း ခံရတော်မူခြင်းကို ဖော်ပြလိုတော်မူသောကြောင့် ရှင်ယောဟန်ထံမှ ဆေးကြောခြင်း ခံယူခဲ့ခြင်းဖြစ်ပါသည်။ ''ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း'' ဟူ၍ ကောင်းကင်မှပြောဆိုသောအသံသည် ရုတ်တရက် ထွက်ပေါ်လာလေ၏' (ရှင်မာတေဦး ၃း၁၇) ဟူသောကျမ်းပိုဒ်အားဖြင့် သခင်ခရစ်တော်ဘုရားရှင်သည် ခမည်းတော်ဘုရားရှင်၏ တစ်ပါးတည်းသောသားတော် ဖြစ်တော်မူကြောင်းကို အတည်ပြုဖွင့်ဟဖော်ပြတော်မူခြင်းကိုခံယူရန် ရှင်ယောဟန်ထံမှ ဆေးကြောခြင်းကို ခံယူတော်မူခဲ့ခြင်းဖြစ်သည်။
    တတိယအချက်အနေဖြင့် သခင်ခရစ်တော်ဘုရားရှင်သည် ရှင်ယောဟန် ထံမှ ဆေးကြောခြင်းခံယူုခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော ကယ်တင် ခြင်းစီမံကိန်းတော်၊ တနည်းအားဖြင့် တရားဒေဿနာတော်ဟောကြားခြင်းကို တရား ဝင်စတင်တော်မူခြင်းဖြစ်ပါသည်။ သခင်ခရစ်တော်ဘုရားရှင်၏ တရားဒေဿနာ တော်ဟောကြားခြင်း၊ ဒုက္ခဝေဒနာခံထမ်းခြင်း၊ အသေခံခြင်း၊ ပြန်ရှင်ထမြောက်တော် မူခြင်း အစရှိသည့် ကယ်တင်ခြင်းစီမံကိန်းတော်ကို အစပြုခြင်းဖြစ်ပါသည်။ ရှင်မာ တေဦး ဧဝံဂေလိကျမ်း (၃း၁၆-၁၇) တွင်ဖတ်ရှုရသည့်အတိုင်း သန့်ရှင်းသောဝိညာဉ် တော်ဘုရားသည် ဂျိုးငှက်အသွင်ဖြင့် သခင်ခရစ်တော်အပေါ်သို့ ဆင်ြး<ွကလာပြီး ခမည်းတော်ဘုရားရှင်ကလည်း ကောင်ကင်မှအသံတော်ဖြင့် အတည်ပြုပေးခြင်း အားဖြင့် သခင်ခရစ်တော်ဘုရားရှင်၏ ကယ်တင်ခြင်းစီမံကိန်းတော်၌ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား တစ်စည်းတစ်လုံးတည်းအဖြစ် ပါဝင်နေသည်ဆိုသည့်အချက်ကို အတည်ပြုပေးတော်မူခြင်း ဖြစ်ပါသည်။
    စတုတ္ထအချက်အနေဖြင့် သခင်ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့လူသား များအားလုံးအား ခမည်းတော်ဘုရားရှင်၏အလိုတော်ကို နာခံတော်မူသည့် ပုံသက်  သေ၊ စံနမူနာကောင်း ပြသသည့်အနေဖြင့် ရှင်ယောဟန်ထံမှ ဆေးကြောခြင်းကို ခံယူတော်မူခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အပြစ်သားများအနေဖြင့် ဆေးကြောခြင်း ခံယူဖို့လိုအပ်ကြောင်း၊ ဆေးကြောခြင်းခံယူခြင်းအားဖြင့် သူ့၏ကယ်တင်ခြင်း စီမံကိန်းတော်မှာပါဝင်ကြရန် ဖိတ်ခေါ်တော်မူခြင်းဖြစ်သည်။
    အနားယူတော်မူပြီဖြစ်သော ပုပ်ရဟန်းမင်းကြီး အရှင်သူတော်မြတ် ဘက်နဒက် (၁၆) မှ ''သခင်ခရစ်တော်ဘုရားရှင် ဆေးကြောခြင်းခံယူတော်မူခြင်း သည် ခမည်းတော်ဘုရားရှင်၏အလိုတော်ကို လုံးဝအြ<ွကင်းမဲ့လက်ခံပြီး အပ်နှံပူဇော် ခြင်းဖြစ်သည်။ သခင်ခရစ်တော်ဘုရားရှင်၏ နှိမ့်ချခြင်းအပြည့်နှင့် လူ့အဖြစ်ကိုယူ တော်မူခြင်းအားဖြင့် နိမ့်ကျသောကျွန်တော်တို့လူသားများနှင့် အပြည့်အဝတူညီစေ တော်မူခြင်းဖြစ်ပါသည်'' ဟူ၍ မိန့်ြ>ွမက်ခဲ့ပါသည်။
    သခင်ခရစ်တော်ဘုရားရှင်သည် ရှင်ယောဟန်ထံမှ ဆေးကြောခြင်းမင်္ဂလာ ခံယူတော်မူခြင်းသည် လိုအပ်၍၊ အပြစ်ရှိ၍မဟုတ်ပါ။ ဆေးကြောခြင်းစက္ကရမင်တူး မင်္ဂလာတော်မြတ်ကို တည်ထောင်ဖန်ဆင်းရန်၊ ရေကိုသန့်ရှင်းစင်ကြယ်စေရန်၊ ခမည်းတော်ဘုရားရှင်၏ တစ်ပါးတည်းသောသားတော်ဖြစ်ကြောင်း ဖွင့်ဟဖော်ပြခြင်း ကိုခံယူရန်၊ သခင်ခရစ်တော်ဘုရားရှင်သည် ကယ်တင်ခြင်းစီမံကိန်းတော်ကို တရားဝင် အစပြုရန်၊ ခမည်းတော်ဘုရားရှင်၏အလိုတော်ကို လုံးလုံးလျားလျား နာခံလိုက်နာမှု ကိုပြသရန်၊ ကျွန်ုပ်တို့လူသားများကို ပုံသက်သေ၊ စံနမူနာကောင်းပြသရန်အတွက် ရှင်ယောဟန်ဘတ္တိဇံထံမှ ဆေးကြောခြင်းမင်္ဂလာကို ခံယူတော်မူခြင်းဖြစ်ပါသည်။

Bro. Peter Htwal Sei Myint
နောက်ဆုံးနှစ်ကိုရင်များ၏ ခြေရာလက်ရာများ (၂ဝ၁၉ - ၂ဝ၂ဝ)

ြၽန္နမနညခန်

- ကက်သလစ်သာသနာတော်၏မြတ်သောအယူဝါဒ (ဃဃဃ)
- ဏဗူံ့င်္ဗင်္နျြွယ “ွှ့န ွေခမောနညအေူ ၾပ်အနမပ”ယ ြမေခနတငညါယ မနလင်နိ နိငအငသည ၂ဝဝ၇
- ့အအစ်ၚ။။တတတ.ခေအ့သူငခတသမူိမနစသမအ.ခသာ။၂ဝ၁၉။ဝ၁။၁၂။တ့ပ-ိငိ-ျန်က်-ငည်င်အ-သည-ဘနငညါ-ဘေစအငဖနိ။
- ့အအစၚ။။ဘူသါ.မသ်န-စကဘူင့်ငညါ.ခသာ။၂ဝ၁၆။ဝ၈။၂ဝ။၃-မနေ်သည်-ျန်က်-ညနနိနိ-အသ-ဘန-ဘေစအငဖနိ။

No comments: