နေ့စဉ် ဆုတောင်းမေတ္တာများ
ခရစ္ဆ္ဆတူးအမှတ်တားခြင်း။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌ အာမင်။
သန့်ရှင်းသောဝိညာဉ်တော်ကို ဖိတ်ခေါ်ခြင်း
- အိုသန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဘုရားကြွလာတော်မူပါ။
- ဘာသာတူ အပေါင်းတို့၏ နှလုံးပြည့်ဝစေတော်မူ၍ ချစ်လေးမြတ်ခြင်း မီးလျှံဖြင့်လည်း ထွန်းတောက်စေတော်မူပါ။
- ၀ိညာဉ်တော်မြတ်ကို စေလွှတ်သဖြင့် ဘာသာတူတို့၏ ၀ိညာဉ်တို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်ပါလိမ့်မည်။
- မြေမျက်နှာပြင်သည်လည်း အသစ်ပြုပြင်ခြင်းသို့ ရောက်ပါလိမ့်မည်။
ဆုတောင်းကြစို့
သန့်ရှင်းသောဝိညာဉ်တော်၏
အလင်းကျေးဇူးတော်အားဖြင့် ဘာသာတူအပေါင်း တို့ကို သွန်သင်တော်မူပေသော
အိုမြတ်စွာဘုရားသခင်၊ ၄င်းဝိညာဉ်တော်အားဖြင့် ဖြောင့်မှန်ရာကို နှစ်သက်၍
သာယာချမ်းသာခြင်းကို ခံစားအံ့သောငှာ၊ အကျွန်ုပ်တို့ သခင်ယေဇူး၏ ကုသိုလ်တော်
အကျိုးဆက်ကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ အာမင်။
ကောင်းကင်တမန်တော်က မာရီယားအားနှုတ်ဆက်ခြင်းမေတ္တာ
ဂုဏ်ကျေးဇူတော်နှင့်ပြည့်စုံတော်မူသော
မာရီယား သခင်မအား မင်္ဂလာဖြစ်စေသတည်း။ ဘုရားသခင်သည် သခင်မ ကျိန်းဝတ်တော်မူ ၍
မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။ သခင်မ၏၀မ်းတော်၌ ပဋိသန္ဓေယူတော်မူသော
ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။ မြတ်စွာဘုရား၏ မယ်တော်သန့်ရှင်းသော
မာရီယား ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ အကျွန်ုပ်တို့ အဖို့ငှာ
ဆုတောင်းပေးတော်မူပါ။ အာမင်။
သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ။
ကောင်းကင်ဘုံ၌
ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့၏ အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေး
မြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်။
ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော်သည်
ပြည့်စုံပါစေသော်။ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာ အစားတို့ကို
ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့ကို
ထိခိုက်ကျူးလွန်သော သူတို့အား အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့
အကျွန်ုပ်တို့၏ အပြစ်များကိုလည်း၊ အခွင့်လွှတ်တော်မူပါ။
နှောက်ယှက်ခြင်းအမှု့တို့၌ အကျွန်ုပ်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျှက်
မကောင်းဟူသမျှနှင့် ကင်းလွတ်စေ တော်မူပါ။ အာမင်။
အားလုံးစုံကို
တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို
ကျွန်ုပ်တို့သည် ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ ခမည်းတော်၏
တစ်ပါးတည်းတော်သားတော် ယေဇူးခရစ္ဆတူး ကျွန်ုပ်တို့၏ သခင်သည်၊ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူတော်မူ၍ ကညာမာရိယာမှ ဖွားမြင်တော်မူသည်။ ပုံစီဦး ပီလာတူး မင်းလက်ထက် ဒုက္ခစရိယာကျင့်ခံတော်မူ၍၊ တံကျင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍
အလောင်းတော်ကို သဂြိုင်္ဟ်သည်။ အောက်နိုမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယ
နေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့
တတ်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လက်ယာဘက်မှာ
ထိုင်၍ နေတော်မူသည်။ ထိုမှ ရှင်သူ သေသူတို့ကို စီရင်စစ်ကြောတော်မူရန်
ကြွလာတော်မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။
သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို လည်းကောင်း၊ သန့်ရှင်းသော
ကက်သလစ်အသင်းတော်ကို လည်းကောင်း၊ သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကို လွတ်ကြောင်း ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း၊ အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်းတို့ကိုလည်း ယုံကြည် လေးမြတ်ခြင်းရှိပါ၏။ အာမင်။
ၷၶၵၴၲၲ
နေ့စဉ်နံနက် ပူဇော်ခြင်းမေတ္တာ
အို... သခင်ယေဇူး ရွှေနှလုံးတော်၊ ဤနေ့ ကျွန်ုပ် လုပ်အံ့သမျှ၊ ကြံအံ့သမျှခံရသမျှသော ဒုက္ခများနှင့်
ပို့အံ့သမျှသော ဆုတောင်း မေတ္တာများကို၊ ရွှေစိတ်အကြံတော်နှင့်၊ တလုံးတ၀တည်း
ထားပြီးလျှင် သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံးတော်ကို အမှီပြုလျက်
ကိုယ်တော်အား တင်ပူဇော်ပါသည်။ အာမင်။
ယုံကြည်ခြင်းမေတ္တာ
မှားယွင်းခြင်းနှင့်ကင်း၍
သစ္စာသမာဓိနှင့် ပြည့်စုံတော်မူသော အိုမြတ်စွာဘုရား သခင်၊ ကိုယ်တော်၏
ဗျာဒိတ်တော်နှင့်အညီ၊ သန့်ရှင်းသောကာသိုလိပ်အသင်း တော် သွန်သင်သမျှကို
တည်မြဲစွာ အကျွန်ုပ်ယုံကြည် ခြင်းရှိပါသည်။
မျှော်လင့်ခြင်းမေတ္တာ
အားလုံးစုံကို
တတ်နိုင်တော်မူသော အနန္တ ကရုဏာသနားခြင်းနှင့် ပြည့်စုံတော်မူသော၊
ထားတော်မူရာ ကတိ တော်၌ လည်းအမြဲတည်တော်မူသော အိုမြတ်စွာဘုရားသခင်
ယေဇူးခရစ္ဆ္ဆတူးသခင်၏ ကုသိုလ်တော်
အကျိုးဆက်ကို ထောက်၍ ကျူးလွန်မိသော အပြစ်တို့၏ အခွန့်ချမ်းသာကို
လည်းကောင်း၊ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါမူ နောင်ဘ၀၌
ထာဝရချမ်းသာကိုရပါမည့် အကြောင်း ကျွန်ုပ်တောင့်တ မျှော်လင့်ခြင်းရှိပါသည်။
ချစ်လေးမြတ်ခြင်းမေတ္တာ
အိုမြတ်စွာဘုရားသခင်၊
ကိုယ်တော်သည် အတိုင်းမသိကောင်းမြတ်တော်မူ၍ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံ
တော်မူသောကြောင့်၊ နှလုံးအကြွင်းမဲ့ကိုယ်တော်ကို အရာခပ်သိမ်းတို့ထက်
ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။ သူတပါးကိုလည်း ကိုယ်တော် ၏
ရွှေမျက်နှာတော်ကို ထောက်၍ ကိုယ်ရှင်ကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။
ကိုးကွယ်ခြင်းမေတာ
အထူးသဖြင့်မြင့်မြတ်တော်မူုလှသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော
ဝိညာဉ်တော်၊ ပုဂိုလ်သုံးပါးတစ် ဆူဘုရား အမှန်ရှိတော်မူကြောင်းကို အကျွန်ုပ်
ယုံကြည်ခြင်းရှိပါသည်။ စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကို ချစ်မြတ်နိုး
ရိုသေသာ ဦးချရှိခိုးပါသည်။ အကျွန်ုပ်ကို ဖန်ဆင်းတော်မူပြီး ဟုတ်မှန်သော
တရားအလင်းတော် သို့ပို့ဆောင်ခြင်း၊ ညတွင်
ကိုယ်လက်မကွာထားတော်မူခြင်းကျေးဇူးတော်ကို အဘယ်သို့ဆပ်တင်နိုင်ပါမည်နည်း။
ဒီနေ့တွင် ကျင့်ကြံ လုပ်ဆောင်သမျှကို ကိုယ်တော်အားပူဇော်ပါသည်။
အပြစ်ဒုစရိုက်မှ လွတ်ကင်းစေတော်မူပါမည့် အကြောင်းနှင့် ဘေးရန်အပေါင်းမှ
ကာကွယ်ဆောက်ရှောက်တော်မူပါမည့် အကြောင်းကို အကျွန်ုပ်သည် ညွတ်တွား
အသနားတော်မြတ်ခံပါသည် ဘုရား။ အာမင်
ကိုယ်စောင့်သိကြားအားဆုတောင်း မေတ္တာ
ဘုရားရှင်က အမိန့်တော်ရှိ ကျွန်ုပ်ကိုစောင့်သော ကောင်းကင်တမန်တော်၊ ကျွန်ုပ်အား နေ့ညမပြတ် ဆုံးမသွန်သင်ကြည့်ရှုစောင်မတော်မူပါ။ အာမင်။
သခင်ယေဇူးထံ ဆုတောင်းမေတ္တာများ
ဂရုဏာရှင်ယေဇူးထံ ဆုတောင်းမေတ္တာ
ယေဇူးသခင်သည် အသက်စွန့်တော်မူသည်။ အသက်စွန့်တော်မူသော စမ်းအိုင်သည် လူသားနှင့် ၀ိညာဉ်များ အတွက် ယိုစီးထွက်တော်မူ၍ ဂရုဏာတံခါး တော်သည် တစ်ကမ္ဘာလုံးအတွက် ဖွင့်တော်မူ၏။ အို အသက်၏ စမ်းအိုင်တော်၊ တိုင်းတာ၍ မမှီနိုင်သော ဂရုဏာရှင် တစ်ကမ္ဘာလုံးကို ကိုယ်တော်၏ ဂရုဏာ တော်ဖြင့် လွှမ်းခြုံထားတော်မူ၍ ကျွန်ုပ်တို့ အပေါ်သို့ အကုန်အစင် သွန်းလောင်းချ ပေးတော်မူပါ။
အသက်၏
စမ်းအိုင်တော်အဖြစ် ယေဇူး၏ နှလုံးတော်မှ ယိုစီးထွက်တော်မူသော အို
အသွေးတော်နှင့် ရေတော်၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အားကိုးပါ၏။ အာမင်။
(သီလှရှင်မြတ် ဖောစတီးနား - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။)
မယ်တော်ထံ ဆုတောင်းမေတ္တာများ
သနားခြင်း၏ မယ်တော်
သနားခြင်း၏
မယ်တော် ဖြစ်ထသော ငြိမ်ဝပ်သာယာစွာ အသက်ရှင်ခြင်းချမ်းသာကို ပေးတတ်သော
ကျွန်ုပ်တို့တောင့်တ မျှော်လင့်ရာလည်း ဖြစ်သော၊ သခင်မ မင်္ဂလာရှိစေ သတည်း။
ဆင်းရဲရာဌာန၌ ရှိနေကြသော ကျွန်ုပ်တို့ ဧ၀သားစုတို့သည် သခင်မထံတော်သို့ကြွေးကြော်လျှောက်ပါသည်။ ဤမျက်ရည်ယိုရာအရပ်က
ညည်းတွား ငိုကြွေးခြင်းနှင့် သခင်မနောက်တော်သို့ ကျွန်ုပ်တို့
ဆုပန်တောင်းကြ ပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သော သခင်မ၊
သနားတတ်သော မျက်စိတော်ကို ကျွန်ုပ်တို့ဆီသို့ လှည့်လည်တော်မူပါ။
ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သိမ်မွေ့နူညံ့ခြင်း သီလနှင့်
ပြည့်စုံတော်မူသော အို... ကညာ မာရီယား၊ ဤဆင်းရဲရာဌာနမှ လွတ်မြောက်သောအခါ သခင်မ၏ ၀မ်းခေါင်း၌ စွဲနေတော်မူပြီးသော အထူး အလွန်မွန်မြတ်တော်မူလှသော သားတော်ယေဇူးကို ကျွန်ုပ်တို့အား ပြတော်မူပါ။
မက်မောရာရီမေတ္တာအိုကျေးဇူးပြုတတ်သောသီလရှင်မြတ် သခင်မထံခိုလှုံသောသူမည်သည်ကား သခင်မစောင်မခြင်းကို မခံရဘဲ နေသည်ဟုမကြားဖူးသောကြောင့် အပြစ်ရှိသူကျွန်ုပ်တို့ ပူဆွေးဝမ်းနည်းခြင်းနှင့် သခင်မထံတော်သို့ လုံးလုံးကြီး ကိုးစား ခြင်းကပ်ရောက်လာကြပါသည်။ လူအပြစ်ကိုယူတော်မူသောသားတော်ဘုရား မြတ်မယ်တော် ကျွန်ုပ်လျှောက်တောင်းသည့်ဆုကို ငြင်းပယ်တော်မမူပါနှင့် ဂရုဏာသနားခြင်းဖြင့်နာခံတော်မူပါ။
မက်မောရာရီမေတ္တာအိုကျေးဇူးပြုတတ်သောသီလရှင်မြတ် သခင်မထံခိုလှုံသောသူမည်သည်ကား သခင်မစောင်မခြင်းကို မခံရဘဲ နေသည်ဟုမကြားဖူးသောကြောင့် အပြစ်ရှိသူကျွန်ုပ်တို့ ပူဆွေးဝမ်းနည်းခြင်းနှင့် သခင်မထံတော်သို့ လုံးလုံးကြီး ကိုးစား ခြင်းကပ်ရောက်လာကြပါသည်။ လူအပြစ်ကိုယူတော်မူသောသားတော်ဘုရား မြတ်မယ်တော် ကျွန်ုပ်လျှောက်တောင်းသည့်ဆုကို ငြင်းပယ်တော်မမူပါနှင့် ဂရုဏာသနားခြင်းဖြင့်နာခံတော်မူပါ။
ရဟန္တာများထံ ဆုတောင်းမေတ္တာများ
အခြား ဆုတောင်းမေတ္တာများ
ယေဇူး၊ မာရီယား၊ ဇူဇယ်
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့အား ကျွန်ုပ်၏နှလုံးနှင့် အသက် ၀ိညာဉ်ကို ကျွန်ုပ်အပ်နှံ ပူဇော်ပါ၏။
ယေဇူး၊ မာရီယား၊ ဇူဇယ် ကျွန်ုပ်အသက်ထွက်ခါနီးသော အခါ ကျွန်ုပ်ကို ကြည့်ရှုစောင်မတော်မူကြပါ။
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့၏ အပေါင်းအသင်း၌ ငြိမ်သက်ခြင်း နှင့် သေရပါစေသော်။
ကျွန်ုပ်တို့၏
ဘုရားသခင်၊ အကျွန်ုပ်သေရကြောင်းကို အမှန်သိပါသည်။ သေခြင်းအချိန်ကိုကား
အကျွန်ုပ်မရိပ်မိနိုင်ပါ။ သို့ရာတွင် ကျွန်ုပ်မအိပ်ခင်
ကိုယ်စိတ်နှစ်ပါးတို့ကို ရွှေလက်တော် ၌
အပ်လိုက်ပါသည်။ အလိုတော်ရှိ၍ ချိန်းချက်တော်မူသည့်အချိန်၌
အသက်ဆုံးခြင်းကို ခံချင်ပါသည်။ ထိုကြောက်မက် ဖွယ်သော အချိန်ပေါ်လာသောအခါ
သခင်ယေဇူး၏ မျက်နှာတော်ကို ထောက်တော်မူ၍ အပြစ်များကို ချမ်းသာပေးသနားတော်မူပါ။
မြတ်စွာဘုရားရှင်၏ပညတ်တော်(၁၀)ပါး
( ၁ ) ဘုရားတစ်ဆူအပြင်မည့်သည့်အရာ သတ၀ါကိုဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းကိုမပြုလင့်။( ၂ ) ဘုရားရှင်၏နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းကိုမပြုလင့်။
( ၃ ) ဘုရားရှင်၏သတင်းပွဲနေ့တို့ကိုဆောင့်လော။
( ၄ ) မိဘတို့အားရိုသေခြင်းကိုပြုလော။
( ၅ ) လူ၏အသက်ကိုသတ်ပုတ်ခြင်းကို မပြုလင့်။
( ၆ ) ကာမဂုဏ်အမှုကို ကျူးလွန်ခြင်းကိုမပြုလင့်။
( ၇ ) သူ၏ပစည်းဥစာကိုခိုးယူခြင်းကိုမပြုလင့်။
( ၈ ) မုသားသက်သေခံခြင်းကို မပြုလင့်။
( ၉ ) သူ၏သားမယားကိုတက်စွမ်းခြင်းမရှိစေလင့်။
(၁၀) သူ၏ပစည်းဥစာကိုလိုခြင်သောလောဘစိတ်မရှိစေလင့်။
အသင်းတော်၏ ကျင့်ဝတ်(၆)ပါး
၁။ တနင်္ဂနွေနေ့နှင့် ဘာသာဝတ်တရားပွဲ့နေ့တို့တွင် Mass နာယူကုန်လော။
၂။ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အာပတ်ဖြေကုန်လော။
၃။ အနည်းဆုံး ပါစကားပွဲကာလတွင် ကိုယ်တော်မြတ်ကိုပင့်ယူကုန်လော။
၎။ ၀ါရှောင်ခြင်းနှင့်အသားရှောင်ခြင်းပြုရမည့်နေ့တို့ကိုစောင့်လော။
၅။ မိမိတက်စွမ်းသမျှနှင့် အသင်တော်၏လိုအပ်ချက်များကို ဖြည့်ဆည်းလော။
၆။ လက်ထက်ထိမ်းမြားခြင်းအမှု့၊ မပြုအပ်သည့်ကာလနေ့တို့ ၌လည်း ရှောင်ကုန်လော့။ ၁။ တနင်္ဂနွေနေ့နှင့် ဘာသာဝတ်တရားပွဲ့နေ့တို့တွင် Mass နာယူကုန်လော။
၂။ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အာပတ်ဖြေကုန်လော။
၃။ အနည်းဆုံး ပါစကားပွဲကာလတွင် ကိုယ်တော်မြတ်ကိုပင့်ယူကုန်လော။
၎။ ၀ါရှောင်ခြင်းနှင့်အသားရှောင်ခြင်းပြုရမည့်နေ့တို့ကိုစောင့်လော။
၅။ မိမိတက်စွမ်းသမျှနှင့် အသင်တော်၏လိုအပ်ချက်များကို ဖြည့်ဆည်းလော။
No comments:
Post a Comment