ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်
ခရူးစူးအမှတ်တားခြင်း
ဦးဆောင်သူ - ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်မြတ်နှင့် ..
- အာမင်။
(အဖွင့်ဓမ္မသီချင်းဖြင့်စရန်)
ပဏာမ ဆုတောင်းခန်း
ဦးဆောင်သူ - အိုသန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဘုရား ကြွလာတော်မူပါ။
ပရိတ်သတ် - ဘာသာတူ အပေါင်းတို့၏ နှလုံးကို ပြည့်ဝ စေတော်မူ၍ ချစ်လေးမြတ်ခြင်း မီးလျှံဖြင့် ထွန်းတောက် စေတော်မူပါ။
ဦးဆောင်သူ - ၀ိညာဉ်တော်မြတ်ကို စေလွှတ်တော်မူသဖြင့် ဘာသာတူတို့၏ ၀ိညာဉ်တို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်ပါလိမ့်မည်။
ပရိတ်သတ် - မြေမျက်နှာ ပြင်သည်လည်း အသစ် ပြုပြင်ခြင်းသို့ ရောက်ပါလိမ့်မည်။
ဦးဆောင်သူ + - ဆုတောင်းကြစို့။
ပရိတ်သတ် - သန့်ရှင်းသော ၀ိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ဘာသာတူ အပေါင်းတို့ကို သွန်သင်တော်မူသော အိုမြတ်စွာဘုရားသခင် ၄င်းဝိညာဉ်တော်အားဖြင့် ဖြောင့်မှန်ရာကို နှစ်သက်၍ သာယာချမ်းသာခြင်းကို ခံစားအံ့သောငှါ အကျွန်ုပ်တို့ သခင်ယေဇူး၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ အာမင်။
နောင်တယူခြင်း
ဦးဆောင်သူ - ညီအစ်ကို မောင်နှမအပေါင်းတို့ ကျွန်ုပ်တို့၏ အပြစ်များကို စစ်ဆေး၍ ၀န်ခံကြစို့။
ပရိတ်သတ် - ကျွန်ုပ်သည် စိတ် နှုတ် အကျင့်တို့ဖြင့်၎င်း၊ ၀တ္တရား ပျက်ကွက်ခြင်းတို့ဖြင့်၎င်း၊ လွန်စွာ အပြစ် ပြုမိကြောင်းကို အနန္တ တန်ခိုးတော်ရှင် ဘုရားသခင်နှင့် ညီအစ်ကို မောင်နှမ အပေါင်းတို့အား ကျွန်ုပ် ၀န်ခံပါသည်။ (ကျွန်ုပ်အပြစ်)၃ ကြီးလှပါသည်ဖြစ်၍ မွန်မြတ်သော အစဉ်ကညာ မာရီယား သိကြားရဟန္တာ အပေါင်းတို့နှင့် ညီအစ်ကို မောင်နှမ အပေါင်းတို့အား ကျွန်ုပ်တို့အဖို့ ဘုရားသခင်ထံ အသနားခံ ပေးကြပါမည့်အကြောင်း ကျွန်ုပ်တို့ တောင်းပန်ပါသည်။
ဦးဆောင်သူ - အနန္တတန်ခိုးတော်ရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သနားတော်မူသဖြင့် အပြစ်များကို အခွင့်လွှတ်တော်မူပါစေ။
ပရိတ်သတ် - အာမင်။
ဦးဆောင်သူ - ဘုရားသခင်ကျွန်ုပ်တို့ကို သနားတော်မူပါ။
ပရိတ်သတ် - ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဦးဆောင်သူ - ခရစ္စတူးသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ပရိတ်သတ် - ခရစ္စတူးသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဦးဆောင်သူ - ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ပရိတ်သတ် - ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
စိတ်ပုတီးစိတ်ခြင်း
ဦးဆောင်သူ - အားလုံးစုံမေတ္တာ (၁) ပုဒ်။
ပရိတ်သတ်
ဦးဆောင်သူ +
ပရိတ်သတ် - ကောင်းကင်ဘုံမေတ္တာ (၁) ပုဒ်။
ဦးဆောင်သူ +
ပရိတ်သတ် - ဂုဏ်ကျေးဇူးတော်မေတ္တာ (၃) ပုဒ်
ဦးဆောင်သူ - ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေ။
ပရိတ်သတ် - အစအဦးက ဘုန်းတော်ဂုဏ်တော် ရှိသည့်အတိုင်း ယခုမှစ၍ ကမ္ဘာအဆက်ဆက် ရှိပါစေ။
ဦးဆောင်သူ +
ပရိတ်သတ် - အိုယေဇူး ကျွန်ုပ်တို့၏ အပြစ်များကို အခွင့် ချမ်းသာ ပေးသနားတော်မူပါ။ အပြစ်ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ ၀ိညာဉ်အားလုံး အထူးသဖြင့် ကိုယ်တော်၏ သနားခြင်းကို လိုလားနေသော ၀ိညာဉ်များကို မိုးကောင်းကင်သို့ ပို့ဆောင်တော်မူပါ။
ဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသောအချက်များ
(တစ်နှစ်ပတ်လုံး တနင်္လာနေ့များ နှင့် အာဒ်ဝင်တူး တနင်္ဂနွေနေ့တို့၌ဆိုရန်)
၁။ ပထမ၀မ်းမြောက်ဘွယ်ရာ နက်နဲလှစွာသောအချက်၌ သိကြားမင်းက မာရီယားအား အမိန့်တော်ပြန် တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၂။ ဒုတိယ၀မ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ မယ်တော်မာရီယားသည် ဧလိဇဘက်ကို နှုတ်ဆက်ရန် ကြွတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၃။ တတိယ၀မ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးဘုရားရှင်သည် ဗက်သလင်မြို့ နွားစားခွက်၌ ဖွားမြင်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၎။ စတုတ္ထ၀မ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ သူငယ်တော်ယေဇူးကို ကျောင်းတော်၌ စီမေအုံသူမြတ်က ပူဇော်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၅။ ပဉ္စမ၀မ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ သူငယ်တော်ယေဇူး ကို ကျောင်းတော်၌ ပြန်တွေ့တော် မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
ဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသောအချက်များ
(တစ်နှစ်ပတ်လုံး အင်္ဂါ၊ သောကြာနေ့များနှင့် ၀ါတွင်း တနင်္ဂနွေနေ့တို့၌ဆိုရန်)
၁။ ပထမ၀မ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ သံလွင်ဥယျာဉ်တွင် ယေဇူးသခင်၏ ဆုတောင်းခြင်းနှင့် သွေးချွေးစီးယိုခြင်းကို ဆင်ခြင်ကြစို့။
၂။ ဒုတိယ ၀မ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ယေဇူးသခင်ကို တိုင်၌ ချည်နှောင်၍ ကြိမ်နှင့် ရိုက်သည့်အကြောင်းကို ဆင်ခြင်ကြစို့။
၃။ တတိယ ၀မ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင်သည် ခေါင်းပေါ်မှာ ဆူးဗောင်းတင်သည့် အကြောင်းကို ဆင်ခြင်ကြစို့။
၎။ စတုတ္ထ ၀မ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ လက်ဝါးကားတိုင်ကို ထမ်းဆောင်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၅။ ပဉ္စမ ၀မ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင်သည် လက်ဝါးကားတိုင်ပေါ်မှာ အသက်တော်စွန့်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
အံသြဘွယ်ရာ နက်နဲလှစွာသောအချက်များ
(တစ်နှစ်ပတ်လုံး ဗုဒ္ဓဟူး၊ စနေနေ့ နှင့် ၀ါကျွတ်မှ အာဒ်ဝင်တူး အထိရှိသော တနင်္ဂနွေနေ့ တို့၌ ဆိုရန်)
၁။ ပထမအံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင် ရှင်ပြန်ထမြောက်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၂။ ဒုတိယ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၃။ တတိယ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ မာရီယားနှင့် တပည့်တော်ကြီး များအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၎။ စတုတ္ထ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ကညာမာရီယားအား ကောင်းကင်ဘုံသို့ ပင့်ဆောင်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၅။ ပဉ္စမ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ကညာမာရီယားအား ကောင်းကင်ဘုံမှာ သရဖူဗောင်း မင်္ဂလာခံယူတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
အလင်းတော်ဆိုင်ရာ နက်နဲဖွယ်ရာအချက်များ
(တစ်နှစ်ပါတ်လုံး ကြာသပတေးနေ့တွင် ဆိုရန်)
၁။ ပထမ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ဂျော်ဒန်မြစ်၌ ယေဇူးသခင် ဆေးကြောခြင်း ခံယူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၂။ ဒုတိယ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ကာနန်မြို့လက်ထပ်ပွဲ၌ ကိုယ်တော်ကိုယ်တိုင် ဘုန်းဂုဏ်တော်ကို ဖော်ပြတော်မူသည့် အကြောင်းကို ဆင်ခြင် ကြစို့။
၃။ တတိယ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဟောပြောကြေငြာခြင်းကို ဆင်ခြင်ကြစို့။
၎။ စတုတ္ထ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ကိုယ်တော်ရှင် အဆင်း သဏ္ဍာန်ပြောင်းလဲတော် မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
၅။ ပဉ္စမ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ကိုယ်တော်မြတ်စက္ကရမင်းတူး တည်ထောင်တော် မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။
ဦးဆောင်သူ - ကောင်းကင်ဘုံမေတ္တာ (၁) ပုဒ်။
ကောင်းကင်ဘုံ၌...
ပရိတ်သတ် - နေ့စဉ်မပြတ်...
ဦးဆောင်သူ - အာဝေမာရီယား မေတ္တာ (၁၀) ပုဒ်၊ ဂုဏ်ကျေးဇူးတော်နှင့်...
ပရိတ်သတ် - မြတ်စွာဘုရား၏မယ်တော်... ဦးဆောင်သူ+
ပရိတ်သတ် - ခမည်းတော်...။ အိုယေဇူး ...
သနားခြင်း၏မယ်တော်
သနားခြင်း၏မယ်တော် ဖြစ်ထသော ငြိမ်ဝပ်သာယာစွာ အသက်ရှင်ခြင်း ချမ်း သာကိုပေးတတ်သော ကျွန်ုပ်တို့ တောင်းတမျှော်လင့်ရာလည်းဖြစ်သော သခင်မ မင်္ဂလာဖြစ်စေသတည်း။ ဆင်းရဲရာဌာန၌ ရှိနေကြသော ကျွန်ုပ်တို့ ဧ၀သားစုတို့သည် သခင်မထံတော်သို့ ကြွေးကြော်လျှောက်ပါသည်။ ဤမျက်ရည်ယိုရာအရပ်က ညည်းတွားငိုကြွေးခြင်းနှင့် သခင်မနောက်တော်သို့ ကျွန်ုပ်တို့ ဆုပန်တောင်းကြပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သော သခင်မ၊ သနားတတ်သော မျက်စိတော်ကို ကျွန်ုပ် တို့ဆီသို့ လှည့်လည်တော်မူပါ။ ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သိမ်မွေ့နူးညံ့ခြင်း၊ သီလနှင့်ပြည့်စုံတော်မူသော အို ကညာမာရီယား၊ ဤဆင်းရဲရာဌာနမှ လွတ်မြောက် သောအခါ သခင်မ၏၀မ်းတော်၌ စွဲနေတော်မူပြီးသော အထူးအလွန် မွန်မြတ်တော်မူလှ သော သားတော်ယေဇူးကို ကျွန်ုပ်တို့အားပြတော်မူပါ။
မယ်တော်သခင်မ လစ်တာနီ
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။ (ဦးဆောင်သူ)
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။ (ပရိတ်သတ်)
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ကောင်းကင်ဘုံက ခမည်းတော်ဘုရား။
ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဤလောကကို ချွတ်တော်မူသော သားတော်ဘုရား။
ကျွန်ုပ်တို့ကို သနားတော်မူပါ။
စပီရီတူးစန္တူးဘုရား။
ကျွန်ုပ်တို့ကို သနားတော်မူပါ။
ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ။
ကျွန်ုပ်တို့ကို သနားတော်မူပါ။
သန့်ရှင်းသော မာရီယား ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ။
ဘုရားရှင်၏မယ်တော် ။
သီလရှင်အပေါင်းတို့ထက် မွန်မြတ်သော သီလရှင် ။
ခရစ္ဆတူး၏မယ်တော် ။
ဂုဏ်ကျေးဇူး အပေါင်းတို့၏ မယ်တော် ။
အလွန် စင်ကြယ်သော မယ်တော် ။
အလွန် သန့်ရှင်းဖြူစင်သော မယ်တော် ။
အတို့အထိမှ ကင်းသောမယ်တော် ။
အပြစ်၏ အကြေးအညှော်မှ ကင်းသောမယ်တော် ။
ချစ်ဘွယ်သော မယ်တော် ။
အံ့ဘွယ်သော မယ်တော် ။
ကောင်းသော အကြံပေးတတ်သော မယ်တော် ။
ဖန်ဆင်းတော်မူသော သခင်၏ မယ်တော် ။
ကယ်တင်တော်မူသော သခင်၏ မယ်တော် ။
အမြော်အမြင် ပညာရှိသော သီလသည် ။
ရိုသေကိုင်းညွှတ်ခြင်း ခံထိုက်သော သီလသည် ။
ချီးမြှင့်ထိုက်သော သီလသည် ။
တန်ခိုးကြီးသော သီလသည် ။
သနားတတ်သော သီလသည် ။
သစ္စာရှိသော သီလသည် ။
ဖြောင့်မတ်ခြင်း၏ ကြေးမုံပြင် ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ။
ပညာတော် ကျိန်းဝပ်ရာဌာန ။
ငါတို့ဝမ်းမြောက်ရာ အကြောင်းဖြစ်သော သခင်မ ။
ဝိညာဉ်ကျေးဇူးတော်နှင့် ပြည့်စုံသော ဖလားတော် ။
ပူဇော်ခံထိုက်သော ဖလားတော် ။
အကြံနက်သော နှင်းဆီပွင့် ။
ဒါဝိတ်၏ ရဲတိုက်တော် ။
ရွှေဖြင့်ပြီးသော တိုက်တော် ။
သဟာဖွဲ့ရာ သေတ္တာတော် ။
ကောင်းကင် ရွှေတံခါးတော် ။
မိုးသောက်ကြယ်နီတော် ။
ဝေဒနာရှိသော သူတို့၏ ကိုးကွယ်ရာ ။
အပြစ်ရှိသော သူတို့၏ မှီခိုရာ ။
နွမ်းရိညှိုးငယ်သော သူတို့၏ စိတ်ဖြေရာ ။
ခရစ္စယာန်တို့အား မှိုင်းမတော်မူသော သခင်မ ။
သိကြား အပေါင်းတို့၏ သခင်မ ။
ရှေး သူတော်သူမြတ်တို့၏ သခင်မ ။
ပရောဖက် အပေါင်းတို့၏ သခင်မ ။
တမန်တော်တို့၏ သခင်မ ။
တရားတော်ကြောင့် အသေခံသောသူတို့၏ သခင်မ ။
တရားတော်ကို ၀န်ခံသော သူတို့၏ သခင်မ ။
သီလသည် အပေါင်းတို့၏ သခင်မ ။
ရဟန္တာ အပေါင်းတို့၏ သခင်မ ။
အပြစ်မဲ့ သန္ဓေယူသော သခင်မ ။
ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရသောသခင်မ ။
အလွန်မွန်မြတ်သော စိတ်ပုတီး၏ သခင်မ ။
ငြိမ်သက်ခြင်း၏ သခင်မ ။
ဤလောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏သိုးငယ်တော်..
ကျွန်ုပ်တို့ကို ချမ်းသာပေးတော်မူပါ။
ဤလောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏သိုးငယ်တော်..
ကျွန်ုပ်တို့တောင်းလျှောက်ရာဆုကို ဖြည့်တော်မူပါ။
ဤလောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏သိုးငယ်တော်..
ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဦးဆောင်သူ - ဘုရား၏သန့်ရှင်းသောမယ်တော်ကျွန်ုပ်တို့အဖို့ငှါဆုတောင်းတော်မူပါ။
အားလုံး - ကျွန်ုပ်တို့သည်လည်း ခရစ္စတူး၏ကတိတော်အတိုင်းခံထိုက်ပါလိမ့်မည်။
ဆုတောင်းကြစို့
အိုမြတ်စွာဘုရားသခင် ကိုယ်စိတ်နှစ်ဖြာကို ကျန်းမာချမ်းသာ စေတော်မူ၍ အစဉ် သီလနှင့်ပြည့်စုံသော၊ ကညာမာရီယား၏ ဆုပန်ခြင်းအားဖြင့် ယခုဘ၀၌ ဒုက္ခဆင်းရဲခြင်း မှ လွတ်ကင်းပြီးလျှင် နောင်ဘ၀၌ ထာဝရသုခချမ်းသာကို စံစားရရန် အလို့ငှါ ယေဇူးသခင်၏ ရွှေမျက်နှာတော်ကိုထောက်၍ အကျွန်ုပ်တို့အား ကယ်မသနား တော်မူပါ။ အာမင်။
(ဓမ္မသီချင်း)
နှုတ်ကပါတ်တော်ဖတ်ကြားခြင်း
အထွေထွေဆုတောင်းခြင်း
ဦးဆောင်သူ - ညီအစ်ကိုမောင်နှမအပေါင်းတို့ တောင်းလျှင်ရလိမ့်မည်။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်လျှင် ပွင့်လိမ့်မည်ဟု ယေဇူးသခင်မိန့်တော် မူခဲ့သည့်အတိုင်း၏ ကျွန်ုပ်တို့လိုအပ်သမျှ ကျေးဇူးအဖြာဖြာတို့ကို ယေဇူး သခင်အားဖြင့် ခမည်းတော်ဘုရား ထံ တညီတညွတ်တည်း တောင်းလျှောက်ကြစို့။
၁။ ယခုဝတ်ပြု ဆုတောင်းရာတွင် ပါဝင်ကြသော အိမ်ရှင် မိသားစုနှင့်တကွ ညီအစ်ကို မောင်နှမ အပေါင်းတို့အား ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ သက်ရောက်စေတော်မူပါ မည့်အကြောင်း၊
၂။ ဤအိမ်မှ မိသားစုဝင် တစ်ဦးချင်းစီသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြလျက် ဘုရားသခင်၏ ငြိမ်းချမ်းခြင်းမင်္ဂလာနှင့် မယ်တော်၏ကူညီစောင်မခြင်းကို ရရှိ ခံစား နိုင်ပါမည့်အကြောင်း။
၃။ ကာယရေးရာ လိုအပ်ချက်များ ဖြစ်သော ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ဘက်စုံ အဆင်ပြေ တိုးတက်စေတော် မူပါမည့်အကြောင်း။
၎။ ၀ိညာဉ်ရေးရာ ပါရမီများကို နေ့စဉ်နှင့် အမျှ ကျင့်ဆောက်တည် ဆည်းပူးနိုင်စေရန် ခွန်အား ကျေးဇူးတော်များကို ပေးသနားတော်မူပါမည့်အကြောင်း။
၅။ ပညာ ဆည်းပူးလျက်ရှိကြသော သားသမီးတို့အပေါ် ကိုယ်တော်ရှင်၏ ၀ိညာဉ်တော်ဘုရား ဆင်းသက်စေလျက် လောကီပညာ၊ လောကုတ္တရာပညာ နှစ်ဖြာကို ဆည်းပူးနိုင်စေပြီး မှန်ကန်သော တရားလမ်းပေါ်၌ လျှောက်လှမ်းနိုင်ကြပါမည့်အကြောင်း။
၆။ ဒုက္ခ အခက်အခဲများ ရင်ဆိုင်ရသည့်အခါ၌ သားသမီးတို့သည် ဘုရားသခင်ကို အားကိုးကြလျက် ခရစ်တော်၏ ကားတိုင်လမ်းစဉ် ဒုက္ခဝေဒနာခံထမ်းခြင်းကို အစဉ် အောက်မေ့ကြပြီး ခရစ်တော်ထံမှ ခွန်အားကို ရယူနိုင်ကြပါမည့် အကြောင်း။
၇။ ဤမိသားစုအား ကောင်းကြီးပေးတော်မူ၍ သန့်ရှင်းသော အိမ်ထောင်စုကဲ့သို့ စည်းလုံးခြင်း၊ မေတ္တာတရား ရှေ့ထားခြင်း၊ နားလည်သည်းခံ ခွင့်လွှတ်ခြင်းနှင့် ပြည့်ဝစေပြီး စံပြ ကက်သလစ် ခရစ်ယာန်မိသားစု တစ်စုဖြစ်စေတော်မူပါမည့်အကြောင်း။
၈။ ကိုယ်တော်ရှင် သိမ်းပိုက်တော်မူပြီးသော ကိုယ်တော်ရှင်၏သား^သမီး (အမည်) သည် ဘုရားသခင်၏အသနားတော်မြတ်ကိုခံရ၍ ငြိမ်းချမ်းသာယာခြင်းရှိစေတော်မူ ပါမည့်အကြောင်း။
၉။ ကိုယ်တော်ရှင်သိမ်းပိုက်ပြီးသော သား/သမီး သည် ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့်သော်၎င်း၊ ကိုယ်တော်၏ ဒုက္ခစရိယာခံထမ်းခြင်း၊ သေခြင်းနှင့် ထမြောက်ပြန်ရှင်ခြင်း၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်တော်မူ၍၄င်း၊ ချစ်သားသမီးတို့၏ဆုပန်ခြင်းအားဖြင့်၎င်း၊ မိသားစု၏ ဆုတောင်းမေတ္တာနှင့် ကုသိုလ်ဒါန အကျိုးဆက်အားဖြင့်၎င်း ယနေ့ကိုယ်တော်နှင့်အတူ သိကြားရဟန္တာများ အလယ်၌ ကောင်းကင်သုချမ်းသာ စံစားနိုင်စေတော်မူပါမည့်အကြောင်း။
၁၀။ ကျန်ရစ်ကြသော မိသားစု၊ ဆွေမျိုးသားချင်းများသည် ၀မ်းနည်းပူဆွေးကြသော်လည်း ခရစ်ယာန် တရားတော်ကို ဆင်ခြင်အောက်မေ့ကြလျက် စိတ်သက်သာ နှစ်သိမ့်မှုကို ရရှိနိုင်ကြပါမည့်အကြောင်း။
၁၁။ ချစ်သားသမီးအားလုံးတို့သည် သေခြင်းတရားကို အစဉ် အောက်မေ့ဆင်ခြင် ထောက်ရှုကြလျက် ဘုရားသခင် ချိန်းချက်သော အချိန်နာရီတွင် အစဉ်သင့်ဖြစ်နိုင်ကြရန် နေ့စဉ် နောင်တယူကြပြီး ပါရမီများ ဆည်းပူးနိုင်ကြပါမည့်အကြောင်း။
၁၂။ သဘာဝဘေးဒါဏ်ကြောင့်သော်လည်းကောင်း၊ စစ်ဘေးဒဏ်ကြောင့်သော်လည်းကောင်း ဒုက္ခရောက်နေ ကြသူများ၊ ငတ်မွတ်ခေါင်းပါးနေကြသူများ၊ ဆင်းရဲသားများ၊ ရောဂါဝေဒနာခံစားနေရသူများ၊ အကျဉ်းခံနေ ရသူများနှင့် ငရဲငယ်တွင်ခံစားနေရသော ၀ိညာဉ်များတို့အား ကူညီမစတော်မူပါမည့်အကြောင်း။
သေလွန်သူတို့အဖို့ ပို့အပ်သော လစ်တာနီ
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဘုရားသခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ကောင်းကင်ဘုံက ခမည်းတော်ဘုရား ..
သေလွန်သူတို့၏၀ိညာဉ်များကို သနားတော်မူပါ။
ဤလောကကို ချွတ်တော်မူသောသားတော်ဘုရား ။
စပီရီတူးစန္တူးဘုရား ။
ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ ။
စန္တာမာရီးယား သေလွန်သူတို့၏၀ိညာဉ်များ
အဖို့ ဆုတောင်းတော်မူပါ။
ဘုရားရှင်၏မယ်တော် ။
သီလရှင်အပေါင်းတို့ထက် မွန်မြတ်သောသီလရှင် ။
သံမီကာအဲလ် ။
သိကြားမင်း အရံတော် အပေါင်းတို့ ။
သံဇွင်ဗတ္တိစတား ။
သံဇူဇယ် ။
မွန်မြတ်သော ဘိုးဘေးပါထရီကာများနှင့် ပရောဖက်အပေါင်းတို့ ။
သံပေထရူး ။
သံပေါလ်လူး ။
သံယောဟန် ။
မွန်မြတ် သန့်ရှင်းသောတပည့်တော်ကြီးများနှင့်
ကျမ်းပြု ပုဂ္ဂိုလ်အပေါင်းတို့ ။
သံစတေဖာနူး ။
သံလောရင့်စီအူး ။
တရားတော်ကြောင့် အသက်အသေခံသော သန့်ရှင်းသူအပေါင်းတို့ ။
သံဂရေဂေါ်ရီ ။
သံသြဂတ်စတီးနူး ။
သံအန်ဘရော်ဆီ ။
သံဂျေရုမ်း ။
မွန်မြတ်သန့်ရှင်းသော ဆရာတော်များနှင့် တရားတော်ကို
ဝန်ခံသော သူအပေါင်းတို့ ။
မွန်မြတ်သန့်ရှင်းသော ကျမ်းတတ် ပုဂ္ဂိုလ်အပေါင်းတို့ ။
မွန်မြတ်သန့်ရှင်းသောရဟန်းများနှင့်ယာဇ်ပရောဟိတ်အပေါင်းတို့ ။
မွန်မြတ်သန့်ရှင်းသောရသေ့ရဟန်းအပေါင်းတို့ ။
သံတာမရီယားမာဒလေနား ။
သံတာကာထရီနား ။
သံတာဘာဘရာ ။
မွန်မြတ်သန့်ရှင်းသော အပျိုကညာများနှင့် မုဆိုးမအပေါင်းတို့ ။
ဘုရားသခင်၏ ရဟန္တာအပေါင်းတို့ ။
ဘုရားသခင်သနားတော်မူပါ။ သူတို့ကိုချမ်းသာပေးတော်မူပါ။
ဘုရားသခင်သနားတော်မူပါ။ ကျွန်ုပ်တို့ကိုကရုဏာနှင့်နားညွတ်တော်မူပါ။
ငရဲမီးဒဏ်မှ အိုသခင်သူတို့ကိုကယ်တော်မူပါ။
ကိုယ်တော်၏အမျက်တော်မှ ။
ကိုယ်တော်၏ ဖြောင့်မတ်ပြင်းထန်သော တရားစီရင်ခြင်းမှ ။
တာရှည်စွာခံရသော ညှိုးငယ်ပူဆွေးခြင်းမှ ။
ပြင်းထံသောမီးတောက်မီးလျှံမှ ။
မခံနိုင်အောင်အေးမြခြင်းမှ ။
ကြောက်မက်ဖွယ်သော မှောင်မိုက်ခြင်းမှ ။
ငိုေ<ကးမည်တမ်းခြင်းမှ ။
ကိုယ်တော်၏အံ့ဘွယ်ရာ သန္ဓေယူခြင်းအားဖြင့် ။
ကိုယ်တော်၏သန့်စင်စွာ ဘွားမြင်တော်မူခြင်းအားဖြင့် ။
ကိုယ်တော်၏ နာပျော်ဘွယ်သော နာမတော်အားဖြင့် ။
ကိုယ်တော်၏ ဆေးကြောခြင်းမင်္ဂလာနှင့် အစာရှောင်ခြင်းအားဖြင့် ။
ကိုယ်တော်၏ ကြီးမားလှသော နှိမ့်ချခြင်းအားဖြင့် ။
ကိုယ်တော်၏ ဖျတ်လတ်ကျိုးနွံစွာ နာခံခြင်းအားဖြင့် ။
ကိုယ်တော်၏ အတိုင်းမသိသော ချစ်လေးမြတ်ခြင်းအားဖြင့် ။
ကိုယ်တော်၏ ၀မ်းနည်းခြင်းနှင့် ပြင်းထန်သောစိတ်ဒုက္ခအားဖြင့် ။
ကိုယ်တော်၏ သွေး၊ ချွေး စီးယိုခြင်းအားဖြင့် ။
ကိုယ်တော်ခံရသော အချုပ်အနှောင်အားဖြင့် ။
ကိုယ်တော်ခံရသော အရိုက်အပုတ်အားဖြင့် ။
ကိုယ်တော်ခေါင်းတော်၌ ရိုက်ထားသောဆူးဗောင်းဒဏ်အားဖြင့် ။
ကိုယ်တော်ခံထမ်းရသော ကရူးစူးခံထမ်းခြင်းအားဖြင့် ။
ကိုယ်တော်ရက်စက်စွာခံရသော အသက်တော်စွန့်တော်မူခြင်းအားဖြင့်။
ကိုယ်တော်ပြင်းထန်စွာခံရသော ကရူးစူးနှင့်ဒုက္ခစရိယာအားဖြင့် ။
ကိုယ်တော်ရှင်ပြန်တော်မူခြင်းအားဖြင့် အိုသခင်သူတို့ကိုကယ်တော်မူပါ။
ကိုယ်တော်၏ ချီးမွမ်းအံ့သြဘွယ်ရာ
ကောင်းကင်ဘုံသို့တက်ကြွေတ်ာမူခြင်းအားဖြင့် ။
သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွေတ်ာမူခြင်းအားဖြင့် ။
စီရင်စစ်ကြောတော်မူသောနေ့၌ ။
ဘုရားသခင် အပြစ်ရှိသူကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
မာဒလေနားကို အပြစ်ခွင့်လွှတ်၍ သူခိုးတောင်း
လျှောက်သံကို နာယူတော်မူသောသခင် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ရွေးကောက်တော်မူ၍ကယ်တင်တော်မူသောသခင် ။
သေခြင်းနှင့်ငရဲတံခါးသော့ကိုပိုင်တော်မူသောသခင် ။
ကျွန်ုပ်တို့၏မိဘဆွေမျိုး၊ မိတ်ဆွေ၊
ကျေးဇူးရှင်တို့၏၀ိညာဉ်များကို အိုသခင်ကယ်တော်မူပါ။
လောကလူတို့ သတိမရမေ့လျော့နေသောဝိညာဉ်များကို ။
သူတို့၏အပြစ်များကို အခွင့်လွှတ်၍ အပြစ်ဒဏ်မှ- အိုသခင်ချမ်းသာပေးတော်မူပါ။
သူတို့၏လိုအင်ဆန္ဒကို အိုသခင်ဖြည့်တော်မူပါ။
သိကြားရဟန္တာတို့အစုတွင် အိုသခင်သူတို့ကိုလက်ခံတော်မူပါ။
ကြောက်မက်ဘွယ်ရာဘုန်းကျက်သရေ
ကြီးတော်မူသောဘုရင် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ဘုရား၏သားတော် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ဤလောကအပြစ်ကိုချွတ်သောဘုရား၏သိုးငယ်တော်
သူတို့အားငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။
ဤလောကအပြစ်ကိုချွတ်သောဘုရား၏သိုးငယ်တော်
သူတို့အားငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။
ဤလောကအပြစ်ကိုချွတ်သောဘုရား၏သိုးငယ်တော်
သူတို့အားထာဝရငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့တောင်းသည့်ဆုကိုဖြည့်တော်မူပါ။
ဘုရားသခင်သနားတော်မူပါ။
ခရစ္စတူးသခင်သနားတော်မူပါ။
ဘုရားသခင်သနားတော်မူပါ။ အိုသခင်သူတို့၏၀ိညာဉ်ကိုကယ်တင်တော်မူပါ။
ငရဲတံခါးမှ အိုသခင်သူတို့၏၀ိညာဉ်ကိုကယ်တင်တော်မူပါ။
အိုသခင်ကျွန်ုပ်တို့ဆုတောင်းမေတ္တာကိုနာယူတော်မူပါ။ -ဘုရားသခင်သနားတော်မူပါ။
ဆုတောင်းကြစို့။
ဘာသာတူအပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူသော ယေဇူးသခင် ကျွန်ုပ် တို့ညွတ်တွားပြုသော မေတ္တာကိုထောက်တော်မူ၍ သေလွန်ပြီးသောသူတို့၏အစဉ် တောင်းတကြသော အပြစ်တို့၏အခွင့်ချမ်းသာကို ပေးသနားတော်မူပါ။ အာမင်။
အိုဘုရားသခင် သေလွန်ပြီးသောသူတို့အား မွန်မြတ်သောချမ်းသာကိုပေး သနားတော်မူပါ။
မွန်မြတ်သောချမ်းသာကိုလည်း ငြိမ်ဝပ်စွာစံစားကြပါစေသော်။ အာမင်။
ကွယ်လွန်သူတို့အဖို့ ဆိုအပ်သော မေတ္တာ
အောက်နက်နဲသော အရပ်က ကြွေးကြော်၍ ကျွန်ုပ် ဘုရားသခင်ကို လျှောက်ဝံ့ ပါသည်။ ကျွန်ုပ် အသံသည် ဘုရားသခင် ရှေ့တော်သို့ ရောက်ပါစေ။ ကျွန်ုပ် ရိုသေ မေတ္တာပြုသော အသံကို ဘုရားသခင် ရွှေနားတော် သွင်းတော်မူပါ။ လူတို့အား မကောင်းသော အပြစ်နှင့်အညီ ဘုရားသခင် စီရင်တော်မူလျှင် ဘုရားသခင်၏ ဖြောင့် မတ်လှသော စီရင်ချက်ကို မည်သူခံနိုင်ပါမည်နည်း။ ဘုရားသခင် အလွန်ကောင်းမြတ် တော်မူလှသော သနားတော်မူခြင်းသော ရွှေစိတ်တော်ရှိလှပေသည်။ တစ်ကြောင်းမှာ လည်း မချွတ်မလွဲနိုင်သော နှုတ်တော်ထွက်ရှိသဖြင့် ကျွန်ုပ်မျှော်လင့်တောင်းတခြင်းရှိ ပါသည်။ အကျွန်ုပ်စိတ်နှလုံး ထဲ၌ ဘုရားသခင်နှုတ်ကပတ်တော်ကို အခိုင်အမာပြု၍ ယုံမှတ်ပါသည်။ အကျွန်ုပ် အသက်နှင့်တကွ ဘုရားသခင်အား ဆောင့်နှင်းစောင့်ရှောက် ခြင်းရှိပါသည်။ ဘုရားသခင်ကို မြတ်နိုးကိုးကွယ်သော သူတို့သည် မိုးသောက်သော ကာလမှ ညဦးတိုင်အောင် ဘုရားသခင်အား တောင့်တ မျှော်လင့်ခြင်း ရှိပါသည်။ ဘုရားသခင် မကုန်မဆုံးနိုင်အောင် ကယ်မ သနားတော်မူချင်သော ရွှေစိတ်တော် ရှိလှ ပေသည်။ ကျွန်ုပ်တို့အားလည်း အပြစ်ကို အကုန်အစင် အပြီးအပိုင် ကယ်ချွတ်နိုင်ပါ သည်။ ဘုရားသခင် ဘာသာတူ လူစုတို့သည် မိမိတို့ကြီးစွာသော အပြစ်ကြောင့် ခံရ မည့် ဘေးဒါဏ် အပေါင်းတို့ကို ကယ်ချွတ်တော်မူလိမ့်မည်။ ပြောင်းလဲဟုတ်မှန်သော သူအပေါင်းတို့ကို ဘုရားသခင်သည် မွန်မြတ်သော နေရာချမ်းသာကို ပေးသနားတော်မူ ပါ။ ထိုသူတို့အားလည်း အစဉ်မပြတ် ထွန်းတောက်သော အလင်းရောင်သို့ ရောက်ပါ စေ။ ငြိမ်သက်သော နေရာချမ်းသာကို ရကြပါစေ ဖြစ်စေသော် . အာမင်။
ဆုတောင်းကြစို့။
ဘာသာတူ အပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူသော မြတ်စွာဘုရား သခင် ထိုသူတို့ လွတ်ခြင်း ချမ်းသာကို အစဉ် တောင်းတသည့်အတိုင်း ညွတ်တွား ပြုသော မေတ္တာဖြင့် ပြည့်စုံနိုင်ပါမည့်အကြောင်း၊ ယောက်ျား မိန်းမရှိသမျှသောလူတို့ လွန်ကြူး မိသော အပြစ်တို့ကို ကယ်ချွတ်ခြင်း ချမ်းသာ ပေးသနားတော်မူပါ။ အာမင်။
ကွယ်လွန်သူတို့အဖို့ ဆိုအပ်သော မေတ္တာ
အောက်နက်နဲသော အရပ်က ကြေးကြော်၍ ကျွန်ုပ် ဘုရားသခင်ကို လျှောက်ဝံ့ ပါသည်။ ကျွန်ုပ် အသံသည် ဘုရားသခင် ရှေ့တော်သို့ ရောက်ပါစေ။ ကျွန်ုပ် ရိုသေ မေတ္တာပြုသော အသံကို ဘုရားသခင် ရွှေနားတော် သွင်းတော်မူပါ။ လူတို့အား မကောင်းသော အပြစ်နှင့်အညီ ဘုရားသခင် စီရင်တော်မူလျှင် ဘုရားသခင်၏ ဖြောင့် မတ်လှသော စီရင်ချက်ကို မည်သူခံနိုင်ပါမည်နည်း။ ဘုရားသခင် အလွန်ကောင်းမြတ် တော်မူလှသော သနားတော်မူခြင်းသော ရွှေစိတ်တော်ရှိလှပေသည်။ တစ်ကြောင်းမှာ လည်း မချွတ်မလွဲနိုင်သော နှုတ်တော်ထွက်ရှိသဖြင့် ကျွန်ုပ်မျှော်လင့်တောင်းတခြင်းရှိ ပါသည်။ အကျွန်ုပ်စိတ်နှလုံး ထဲ၌ ဘုရားသခင်နှုတ်ကပတ်တော်ကို အခိုင်အမာပြု၍ ယုံမှတ်ပါသည်။ အကျွန်ုပ် အသက်နှင့်တကွ ဘုရားသခင်အား ဆောင့်နှင်းစောင့်ရှောက် ခြင်းရှိပါသည်။ ဘုရားသခင်ကို မြတ်နိုးကိုးကွယ်သော သူတို့သည် မိုးသောက်သော ကာလမှ ညဦးတိုင်အောင် ဘုရားသခင်အား တောင့်တ မျှော်လင့်ခြင်း ရှိပါသည်။ ဘုရားသခင် မကုန်မဆုံးနိုင်အောင် ကယ်မ သနားတော်မူချင်သော ရွှေစိတ်တော် ရှိလှ ပေသည်။ ကျွန်ုပ်တို့အားလည်း အပြစ်ကို အကုန်အစင် အပြီးအပိုင် ကယ်ချွတ်နိုင်ပါ သည်။ ဘုရားသခင် ဘာသာတူ လူစုတို့သည် မိမိတို့ကြီးစွာသော အပြစ်ကြောင့် ခံရ မည့် ဘေးဒါဏ် အပေါင်းတို့ကို ကယ်ချွတ်တော် မူလိမ့်မည်။ ပြောင်းလဲဟုတ်မှန်သော သူအပေါင်းတို့ကို ဘုရားသခင်သည် မွန်မြတ်သော နေရာချမ်းသာကို ပေးသနားတော်မူ ပါ။ ထိုသူတို့အားလည်း အစဉ်မပြတ် ထွန်းတောက်သော အလင်းရောင်သို့ ရောက်ပါ စေ။ ငြိမ်သက်သော နေရာချမ်းသာကို ရကြပါစေ ဖြစ်စေသော် . အာမင်။
ဆုတောင်းကြစို့။
ဘာသာတူ အပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူသော မြတ်စွာဘုရား သခင် ထိုသူတို့ လွတ်ခြင်း ချမ်းသာကို အစဉ် တောင်းတသည့်အတိုင်း ညွတ်တွား ပြုသော မေတ္တာဖြင့် ပြည့်စုံနိုင်ပါမည့် အကြောင်း၊ ယောက်ျား မိန်းမရှိသမျှသောလူတို့ လွန်ကြူး မိသော အပြစ်တို့ကို ကယ်ချွတ်ခြင်း ချမ်းသာ ပေးသနားတော်မူပါ။ အာမင်။
ရွှေလက်တော်၌ ကိုယ်စိတ်နှစ်ပါးကို အပ်လိုက်ခြင်းမေတ္တာ
ကျွန်ုပ်၏ဘုရားသခင် ကျွန်ုပ်သေရကြောင်းကို အမှန်သိပါသည်။ သေခြင်း အချိန်ကိုကား ကျွန်ုပ်မရိပ်မိနိုင်ပါ။ ကျွန်ုပ်မအိပ်ခင် ကိုယ်စိတ်နှစ်ပါးကို ရွှေလက်တော်၌ အပ်လိုက်ပါသည်။ အလိုတော်ရှိ၍ ချိန်းချက်တော်မူသော အချိန်၌ အသက်ဆုံးခြင်းကို ခံချင်ပါသည်။ ထိုကြောက်မက်ဖွယ်သော အချိန်ရောက်သောအခါ သခင်ယေဇူး၏မျက် နှာတော်ကို ထောက်တော်မူ၍ အပြစ်များကို ချမ်းသာပေးသနားတော်မူပါ။
မက်မောရာရေမေတ္တာ
အိုကျေးဇူးပြုတတ်သော သီလရှင်မြတ် သခင်မထံတော်၌ ခိုလှုံသောသူမည် သည်ကား သခင်မ၏စောင်မခြင်းကို မခံရဘဲ နေသည်ဟု မကြားဘူးပါသောကြောင့် အပြစ်ရှိသူ ကျွန်ုပ်တို့သည်လည်း စိတ်ပူဆွေး ၀မ်နည်းခြင်းနှင့် သခင်မထံတော်သို့ လုံးလုံး ကြီးကိုးစား၍ ချဉ်းကပ်ရောက်လာပါသည်။ လူ၏အပြစ်ကို ယူတော်မူသော သားတော် ဘုရား၏မြတ်မယ်တော် ကျွန်ုပ်တို့တောင်းသည့်ဆုကို ငြင်းပယ်တော် မမူပါနှင့်၊ ကရုဏာ သနားခြင်းနှင့် နာခံတော်မူပါ။
ကိုယ်စောင့်သိကြားအား ပြုအပ်သည်မေတ္တာ
ဘုရားရှင်က အမိန့်တော်ရှိ၍ ကျွန်ုပ်ကို စောင့်သောသိကြား ကျွန်ုပ်အား နေ့ည မပြတ် ဆုံးမသွန်သင် ကြည့်ရှုစောင့်ရှောက် တော်မူပါ။ အာမင်။
ယေဇူး၊ မာရီယား၊ ဇူဇယ်
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့အား ကျွန်ုပ်၏နှလုံးနှင့် အသက်ဝိညာဉ်ကို ကျွန်ုပ်အပ်နှံပူဇော်ပါ၏။
ယေဇူး၊ မာရီယား၊ ဇူဇယ် အကျွန်ုပ် အသက်ထွက်ခါနီးသောအခါ ကျွန်ုပ်ကို ကြည့်ရှု စောင့်မတော်မူကြပါ။
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့၏ အပေါင်းအသင်း၌ ငြိမ်သက်ခြင်းနှင့်သေရ ပါစေသော်။
ယေဇူးရွှေနှလုံးတော်ရုပ်ပုံတော်ကို ပုလ္လင်တင်သောအခါ အိမ်သူအိမ်သား အားလုံး ပြုအပ်သော အပ်နှံပူဇော်ခြင်း မေတ္တာ
အို-အတိုင်းမသိ မွန်မြတ်တော်မူလှသော ယေဇူး၏ရွှေနှလုံးတော် ခရစ္စယာန် အိမ်ထောင်စုတို့ အပေါ်၌ ကိုယ်တော်စိုးစံတော်မူလိုသောဆန္ဒကို သူတော်စင် မာဂရက် မေရီအား ထင်ရှားပြတော်မူသည်နှင့် အညီ ကျွန်ုပ်တို့ အိမ်သူအိမ်သားတစ်စုအပေါ်၌ လုံးလုံး အုပ်စိုးတော်မူပါမည့်အကြောင်း အပါးတော်သို့ ချဉ်းကပ်၍ လျှောက်ထားရန် လာရောက်ကြပါသည်။ ယခုမှစ၍ နောင်အစဉ်အမြဲ ကိုယ်တော့်အပြုအမူကိုယူ၍ အသက်ရှင်လိုပါသည်။ အကြင်မျှသော ပါရမီတို့ဖြင့် မြေပေါ်၌ ငြိမ်သက်သာယာခြင်းကို ကတိထားတော်မူခဲ့၏။ ထိုသို့သော ပါရမီတို့ကို အကျွန်ုပ်တို့ အိမ်ထောင်စု၌ တိုးပွားလို ပါသည်။ ကိုယ်တော်ရှုတ်ချတော်မူပြီးသော လောကီစိတ်ဆန္ဒတို့ကို ကျွန်ုပ်တို့ ဖယ်ရှား လိုပါသည်။ ကျွန်ုပ်တို့၏ရိုးရိုးဖြစ်သော ယုံကြည်ခြင်းခြင့် အကျွန်ုပ်တို့၏ အသိဥာဏ်ကို အုပ်စိုးတော်မူပါ။ ကိုယ်တော်အဘို့ငှါ အကြွင်းမဲ့သော ချစ်ခြင်းဖြင့် တောင်လောင်အံ သောငှါ အကျွန်ုပ်တို့၏ နှလုံး၌ စိုးစံတော်မူပါ။ ထိုချစ်ခြင်းမီးလျှံတို့သည် အစဉ်အတိုင်း တောက်လောင်အံ့သောငှါ ကိုယ်တော်မြတ်စက္ကရမင်တူးကို မကြာမကြာ ပင့်ယူပါမည်။ အိုရွှေနှလုံးတော် ကိုယ်တော်၏ ကရုဏာတော်အားဖြင့် အကျွန်ုပ်တို့ စုဝေးရာ၌ အမှုး ပြုတော်မူပါ။ ကျွန်ုပ်တို့၏ ရုပ်နာမ်နှင့်ဆိုင်သော အမှုကိစ္စများကို ကောင်းကြီးပေးတော်မူ ပါ။ ကျွန်ုပ်တို့မှ ညှိုးငယ်ပူဆွေးခြင်းများကို ဖယ်ရှားပေးတော်မူပါ။ ၀မ်းမြောက်ခြင်းများ ကို သန့်ရှင်းစင်ကြယ်စေတော်မူပါ။ တနေ့သ၌ ကျွန်ုပ်တို့ထံမှ တစ်ယောက်သောသူ သည် ကိုယ်တော်ကို ပြစ်မှားကျူးလွန်မိပါလျှင် အို မွန်မြတ်လှသော ရွှေနှလုံးတော် ကိုယ်တော်သည် နောင်တရသော အပြစ်ရှိသူတို့အား ကရုဏာသက်လျှက်ရှိကြောင်း ကို အသိအမှတ်ပြုတော်မူပါ။ ကွဲကွာရာအချိန်ရောက်၍ ကျွန်ုပ်တို့အထဲသို့ သေခြင်း ၀င်ရောက်သဖြင့် ပူဆွေးရသောအခါ သေလွန်သူတို့နှင့် ကျန်ရစ်သူအားလုံးတို့သည် ကိုယ်တော်၏ တည်ကြည်မြဲခိုင်သော စီရင်တော်မူခြင်းများကို ကျိုးနွံနာခံခြင်းပြပါမည်။ တနေ့သ၌ စုရုံးလျက် ကိုယ်တော်၏ဂုဏ်တော် ကျေးဇူးတော်တို့ကို အစဉ်မပြတ်ချီးမွမ်း သီဆိုနိုင်ပါလိမ့်မည်ဟု မြှော်တွေးပြီး ကျွန်ုပ်တို့ စိတ်ဖြေကြပါမည်။ မာရီယား၏ သန့် ရှင်းဖြူစင်လှသော နှလုံးတော်၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အဘသံဇူဇယ်တို့သည် ဤပူဇော်ခြင်းကို ကိုယ်တော်အား ဆက်သပါစေသော်။ ကျွန်ုပ်တို့သည် တစ်သက်ပါတ် လုံး၌ နေ့စဉ် နေ့တိုင်း ဆက်ကပ်ပူဇော်ခြင်းကို အောက်မေ့သတိရနိုင်အောင် စောင်မ ပါစေသော်။ အကျွန်ုပ်တို့၏အရှင် အကျွန်ုပ်တို့၏အဘဖြစ်သော ယေဇူးရွှေနှလုံးတော် အား ဂုဏ်ကျက်သရေ ရှိစေသတည်း။
နိဂုံးချုပ်အခန်း
ဦးဆောင်သူ - အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူထသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့ကို ကောင်းကြီးပေးတော်မူပါစေသော်။ အာမင်။
အဆုံးသတ်ဓမ္မသီချင်း
(နာရေး ၀တ်ပြုဆုတောင်းပွဲများတွင်အသုံးပြုရန်)
ဦးဆောင်သူ - ကွယ်လွန်သူ(နာမည်)၏ ၀ိညာဉ်သည် ဘုရားသခင်၏ အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်...
ပရိတ်သတ် - အာမင်။
ဦးဆောင်သူ - အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။
ပရိတ်သတ် - ကျွန်ုပ်တို့ကို သနားတော်မူပါ။
ဦးဆောင်သူ - ခရစ္စယာန်တို့အား မှိုင်းမတော်မူသော သခင်မ။
ပရိတ်သတ် - ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ။
ဦးဆောင်သူ - စန္တာခရစ္စတူးမှတ်သားခြင်းဖြင့် ကျွန်ုပ်ကိုယ်၌ ဘေးရန်အပေါင်းမှ ကျွန်ုပ်၏ရှင်တော်ဘုရား၊ ဟန့်တားတော်မူပါ။ အာမင်။
ဦးဆောင်သူ - ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌။
ပရိတ်သတ် - အာမင်။
No comments:
Post a Comment