လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

၁၆ ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့


 
      ခရစ္စတူးသခင်၌ချစ်လှစွာသောညီအကိုမောင်နှမအပေါင်းတို့ ဒီနေ့ (၁၆) ကြိမ်မြောက် တနင်္ဂနွေနေ့မှာ အမိအသင်းတော်ကြီးကနေ ဘာသာဝင်သားသမီးတွေအတွက် ဖတ်ရှု့ကြားနာ ကမ္မာဌာန်းထောက်ရှု့ပြီး လိုက်ကျင့်ဖို့ပေးထားတဲ့ ဧဝံဂေလိကျမ်းကတော့ ရှင်လုကားဧဝံဂေလိကျမ်း (၁ဝး၃၅-၄၂)ဖြစ်ပါတယ်။ မာတားနဲ့ သူရဲ့ညီမမာရီယားတို့ရဲ့ ရွေးချယ်မှုအကြောင်းပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့နေ့စဉ်ရှင်သန်လျှောက်လှမ်းနေရတဲ့ဘဝအသက်တာမှာ အဆိုးနဲ့အကောင်း၊ အမှားနဲ့အမှန်၊ လုပ်ချင်တာနဲ့လုပ်သင့်တာ၊ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကြား ရွေးချယ်မှုတွေပြုလုပ်ကြရတယ်။ွှ့နျှကေူငအပ သ် ပသကမူင်န ငျ ပသကမ ဃ့သငခနဍ ဆိုတဲ့စကားအတိုင်း ကိုယ့်ဘဝရဲ့အရည်အသွေး၊ အရည်အချင်းဟာ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာမူတည်နေပါတယ်။ တစ်ကွက်မှားတဲ့ကျား အစားခံရ သလို ကိုယ့်ရဲ့ရွေးချယ်မှုမှားသွားတာနဲ့ ကိုယ့်ဘဝဟာလည်း လမ်းမှားကိုရောက်သွားနိုင်ပါတယ်။ ကျွန်တော်တို့လောကီလူသားတွေရဲ့ဘဝမှာ ကျရောက်ဖို့အလွယ်ဆုံးလမ်းဟာ မှားတဲ့လမ်းပဲဖြစ်ပါတယ်။  ကိုဟာ လမ်းမှားပေါ်ရောက်နေတာကိုသိတာနဲ့တစ်ပြိုင်နက် နောင်တသံဝေဂနဲ့အတူ ဘုရားရှင်ဆီကို ပြန်လာရပါမယ်။ ရောမသြဝါဒစာ (၂း၎) မှာ ဘုရားသခင်၏သနားဂရုဏာတော်သည် သင့်အား နောင်တသံဝေဂရရန် ပို့ဆောင်ပေးလျှက်ရှိသည်ကို သင်မသိပါသလော ဆိုပြီး ဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။ ဘုရားရှင်ရဲ့မေတ္တာတော်နဲ့ ကိုယ်တော်ရှင်ရဲ့ခွင့်လွှတ်တတ်ခြင်းဟာ လူသားတွေ ရဲ့စဉ်းစားနိုင်စွမ်းထက် အဆပေါင်းများစွာသာလွန်ပါတယ်။ စစ်မှန်တဲ့သံဝေဂနဲ့ ဘုရားရှင်ဆီကို ပြန်လာ ဖို့ပဲလိုအပ်ပါတယ်။ ကျွန်တော်တို့တတွေ မတော်တဆ အညစ်အကြေးကိုင်မိလိုက်တာနဲ့ ဘာမှမဖြစ် ပါဘူးလေဆိုပြီး လက်ကိုရေမဆေးပဲမနေသလို ကိုယ်အမှားလုပ်မိတာနဲ့အဲ့ဒီအမှားထဲမှာ ပျော်မွေ့မနေပဲ ချက်ခြင်းရုန်းထွက်ဖို့ကြိုးစားရပါမယ်။ ကိုယ်တော်ရှင်ဆီကို နောင်တတရားနဲ့ပြန်လာရပါမယ်။တစ်ချို့တွေက ပြောကြပါလိမ့်မယ် - မှားယွင်းခြင်းဆိုတာ လူသားဆန်ခြင်း၊ လူမှန်ရင်အမှားနဲ့မကင်းဘူး။ လောကလူသားတိုင်း အမှားနဲ့မကင်းပါဘူး၊ ဒါပေမယ့် မကင်းတဲ့အမှား များမလာဖို့အောင် ကြိုးစား အားထုတ်ဖို့တော့လိုအပ်ပါတယ်။ အဲဒီမကင်းနိုင်တဲ့အမှားကို နည်းသထက်နည်းအောင် အတူတကွ ကြိုးစားကြရအောင်။ ဒီနေ့ ရှင်လုကာ ဧဝံဂေလိကျမ်း အပိုဒ်ငယ် ၄၁ နဲ့ ၄၂ ကိုဖတ်ပြီး ကျွန်တော် တစ်ခုသွားသတိရမိတယ်။ အဲဒါက - အိမ်တွေမှာ ဆုတောင်းပွဲတွေပြုလုပ်တဲ့အခါတိုင်း များသောအား ဖြင့် အိမ်ရှင်တွေက စေတနာပါပါနဲ့ ကျွေးဖို့၊ ဧည့်ခံဖို့ပြင်ဆင်တတ်ကြပါတယ်။ ဆုတောင်းခြင်းမှာ အတူတကွ ပါဝင်ဖို့ထက် ဧည့်ခံကျွေးမွေးရေးအတွက်ပြင်ဆင်တဲ့နေရာမှာ ဦးစားပေးလုပ်ဆောင်တတ် လာကြတာကို ဝမ်းနည်းစွာ သတိထားမိပါတယ်။ ဒီနေ့ မာတားကို ကိုယ်တော်ရှင်ကို ဧည့်ဝတ်ကျြေ>ွပန် နိုင်ဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ မာတားရဲ့ရွေးချယ်မှုက မှားလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ခဲ့ပါဘူး။ ကိုယ့်အိမ်မှာ ဆုတောင်းပေးဖို့လာတဲ့သူတွေကို ဘာမှ မကျွေးမွေး၊ ဧည့်မခံရဘူးလို့ မဆိုလိုပါဘူး။ ဆုတောင်းပွဲမစခင်အချိန်မျိုးမှာ ကြိုတင်ပြင်ဆင်ထားပြီး ဆုတောင်းတဲ့အချိန်မှာ အတူတကွပါဝင်ဆုတောင်းနိုင်အောင်ကြိုးစားဖို့ကို ဆိုလိုတာပါ။ အဲဒီလိုမှ မဟုတ်ရင် ကိုယ်တော်ရှင် ဒီနေ့ မာတားကိုမိန့်တော်မူခဲ့တဲ့စကားတော်ဟာ ကျွန်တော်တို့တစ်ဦးချင်း စီအတွက်ဖြစ်နေပါလိမ့်မယ်။ လောကီရေးနဲ့လောကုတ္တရာအရေးယှဉ်ပြိုင်လာတဲ့အခါမှာ လောကုတ္တရာ ရေးကို ဦးစားပေးနိုင်ဖို့ အတူတကွကြိုးစားကြရအောင်။
    (၂၁)ရာစု ခေတ်ကာလကြီးထဲမှာ ရှင်သန်နေထိုင်ကြတဲ့ ကျွန်တော်တို့လူသားတွေဟာ ကိုယ် လုပ်မှ၊ ကိုယ်စားရတာဆိုပြီး ဘုရားမေ့၊တရားမေ့နဲ့ နောက်ဆုံး ကိုယ်လုပ်ကိုင်ဆောင်ရွက်သမျှကို ကြည့်ရှု စောင်မနေတာ ဘုရားရှင်ပါလားဆိုတာကိုတောင်မေ့နေပြီး တစ်ပါတ်မှာ တနင်္ဂနွေတစ်ရက်တောင် ဘုရားကျောင်းမတက်နိုင်ပဲ လောကီရေးရာ ဥစ္စာပစ္စည်းတွေနောက်ကိုပဲ လိုက်နေကြပါတယ်။ သခင် ခရစ်တော်က ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏ဆိုပြီး ရှင်ယောဟန် ၁၄း၆ မှာ မိန့်တော်မူထားပါတယ်။ သခင်ခရစ်တော်မပါဘဲလျှောက်တဲ့လမ်း သွားခြင်း မမည်၊ သခင်ခရစ်တော်မပါတဲ့သမ္မာတရား သိခြင်းမမည်သလို၊ သခင်ခရစ်တော်မပါတဲ့အသက်တာ ဟာလည်း ရှင်သန်ခြင်းမမည်ပါဘူး။ ဒါကြောင့် ဒီအရာတွေကို အသိနဲ့သတိချပ်ပြီး ကျန်ရှိနေသေးတဲ့ ဘဝအသက်တာမှာ မာရီယားလို အကောင်းဆုံးကိုရွေးချယ်နိုင်သူ၊ လောကီရေးထက် လောကုတ္တရာရေး ကို ဦးစားပေးနိုင်သူများ၊ ကိုယ့်ရဲ့ခွန်အား၊ စွမ်းအား၊ ရှိသမျှအရာရာတိုင်းကို ဘုရားရှင်အတွက်ပေးဆပ် နိုင်သူများဖြစ်နိုင်ရအောင် လိုအပ်တဲ့ကျေးဇူးတော်များကို သနားခြင်း၏အရှင်ထံတောင်းလျှောက်ရင်း အတူတကွကြိုးစားကြရအောင်လို့ အားပေးရင်း ဖိတ်ခေါ်လိုက်ပါရစေ

Bro. Patrick အေးရှိုင်းအောင်

No comments: