လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

အကောင်းဆုံးအဖြေ



* လူတွေရဲ့မေတ္တာကို ရယူချင်လို့ ဘုရားရှင်ထံမှာ တောင်းလျှောက်ပါတယ်…
     ဘုရားရှင်ရဲ့မေတ္တာကို အရင်ဦးဆုံးခံစားတတ်ဖို့ လူတွေရဲ့မေတ္တာနဲ့ ကင်းဝေးစေတယ်…… 

* လိုအပ်ချက်ပြည့်ဖို့ မိသားစုရဲ့ပံ့ပိုးမှုကို အားကိုးခဲ့တယ်…
     ဘုရားရှင်ရဲ့မစမှုကို စောင့်မျှော်တတ်ဖို့ မိသားစုရဲ့ပံ့ပိုးမှုနဲ့ ဝေးကွာစေခဲ့တယ်…….
* စုံစမ်းခြင်းကင်းဝေးစေဖို့ အထက်အရပ်ကိုမျှော်ကြည့်ရင်း ဒူးထောက်ဆုတောင်းခဲ့တယ်…
     နေ့စဉ်ဒူးထောက်ဆုတောင်းတတ်ဖို့ ဘုရားရှင်က စုံစမ်းခြင်းနဲ့ ကြုံတွေ့စေတယ်…….
* ဒုစရိုက်အပြစ်များနဲ့ ကင်းစေဖို့ ဘုရှားရှင်ထံမှာ သန့်ရှင်းခြင်း တောင်းခံခဲ့တယ်…
     ဘုရားရှင်ရဲ့သန့်ရှင်းခြင်းထဲမှာ အသက်ရှင်တတ်ဖို့ ဘုရားရှင်က ကျွန်ုပ်ကို ဒုစရိုက်အပြစ်များနဲ့    
      ကြုံတွေ့စေတယ်……
* စိတ်ရှည်မှုရှိဖို့ သည်းခံတတ်တဲ့နှလုံးသားကို ဘုရားရှင်ထံမှာ တောင်းဆိုခဲ့တယ်…
     ဘုရားရှင်ကကျွန်ုပ်ကို စိတ်မရှည်နိုင်စရာနဲ့ ကြုံတွေ့စေတယ်…….
* မျှော်လင့်ခြင်းတွေ ပြည့်စုံစေဖို့ မျှော်လင့်ချက်တွေကို ဘုရားရှင်ထံမှာ တောင်းခံခဲ့တယ်…
     တစ်သက်တာလုံး ဘုရားရှင်ကို နေရာပေးတတ်ဖို့ မျှော်လင့်ခြင်းတွေနဲ့ ကင်းဝေးစေတယ်…….
* ရဲရင့်ခြင်းရှိဖို့ ဘုရားရှင်ထံမှာ အစွမ်းသတ္တိတွေ တောင်းခံခဲ့တယ်…
     ဘုရားရှင်က သူ့ကိုပို၍ ခိုလှုံတတ်အောင် ရှက်ကြောက်ခြင်းတွေနဲ့ ကြုံတွေ့စေတယ်……
* ပျော်ရွှင်မှုရဖို့ စည်းစိမ်ချမ်းသာတွေကို တောင်းလျှောက်ခဲ့တယ်…
     ဘုရားရှင်နဲ့ပို၍ အကျွမ်းဝင်ဖို့ ချို့တဲ့မှုကို ပေးခဲ့တယ်…….
* ဘုရားရှင်ရဲ့ရှေ့၊ လူတွေရဲ့အရှေ့မှာ မျက်နှာရဖို့ အခွင့်အရေးနဲ့ အချိန်အခါကို မျှော်လင့်ခဲ့တယ်…
     ဘုရားရှင်ရဲ့မျက်နှာတော်ကို ရှာတတ်ဖို့ လူတွေရဲ့ ရှုတ်ချမှုတွေနဲ့ ကြုံတွေ့စေခဲ့တယ်…….
* မိဘရဲ့ ရင်ခွင်ကနေ နူးညံ့စွာကြီးပြင်းဖို့အတွက် မျှော်လင့်ခဲ့တယ်…
     ကျွန်ုပ်အသက်တာရင့်ကျက်ဖို့ မိဘရဲ့ရင်ခွင်နဲ့ခွဲခွါပြီး ကြမ်းတမ်းစွာဖြင့် ဘ၀ကို ရင်ဆိုင်စေခဲ့တယ်…….
                                            
                                                                     Unknown

No comments: