လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ဝတ်ပြုခြင်းဆိုင်ရာအရောင်များ





                 အ၀တ်အထည်များနှင့် အရောင်အမျိုးမျိုးကိုအသုံးပြုခြင်းသည် ကျွန်ုပ်တို့၏အာရုံကို ဘုရားသခင်၏ နက်နဲရာဆီသို့ ပိုမိုရောက်နိုင်အောင် အသင်းတော်က ပြုလုပ်ပေးထားခြင်းသာဖြစ်သည်။
              အဖြူရောင်သည် ပျော်ရွှင်မှုကိုဖော်ညွှန်းသည်။ ထို့အပြင် စင်ကြယ်ခြင်း၊ တောက်ပခြင်းနှင့် အပြစ်ကင်းစင်ခြင်းအဓိပ္ပါယ်ကိုဆောင်သည်။
               အနီရောင်သည် သွေး၏သင်္ကေတဖြစ်ပြီးတရားတော်အတွက် အသေခံသော ဓမ္မအာဇာနည်များ၏ ပွဲနေ့များအတွက် အသုံးပြုသည်။
               အစိမ်းရောင်သည် ခရစ်ယာန်များ ဘ၀တစ်လျှောက်လုံးထားရှိရမည့် မျှော်လင့်ခြင်း၏ သင်္ကေတဖြစ်သည်။
               ခရမ်းရောင်သည် နောင်တသံဝေဂတရားနှင့် ၀မ်းနည်းကြေကွဲခြင်းကို ဖော်ညွှန်းသည့် သင်္ကေတဖြစ်သည်။
               အနက်ရောင်သည် သေခြင်းတရားနှင့် ၀မ်းနည်းကြေကွဲခြင်းတို့ကို ဖော်ညွှန်းသည်။
               အပြာရောင်သည် မယ်တော်သခင်မအားဂုဏ်ပြုသောမစ္ဆားတရားတွင် ၀တ်ဆင်အသုံးပြုသည်။
               ရွှေရောင်ကိုအထူးပွဲတော်ရက်များတွင် ၀တ်ဆင်အသုံးပြုသည်။

No comments: