လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

အနာဂတ်လူငယ်များအတွက် ပညတ်တော်ဆယ်ချက်


၁) သင့်မိဘ မျက်ရည်ကျအောင်မလုပ်မိပါစေနှင့်။ သင် လူတစ်လုံး    
    သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးတရားကို အစဉ်နှလုံးသွင်းပါ…..

၂) အရက်သေစာမမှီဝဲခင် နောက်ဆက်တွဲဆိုးကျိုးများကို အရင်စဉ်းစားသုံးသပ်ပါ…..
၃) ညစ်ညမ်းသောအတွေးများကို သင့်နှလုံးသားထဲမှ စွန့်ပစ်ပါ။ ထိုအတွေးများက သင့်ကို 
    မရုန်းထွက်နိုင်သော အပြစ်သံသရာစက်ဝန်းထဲသို့ တွန်းပို့လိမ့်မည်…..
၎) ကြွားဝါထင်ပေါ်ချင်စိတ်ကို မရှင်သန် မကြီးထွားပါစေနှင့်။ အစဉ်ချိုးနှိမ်ပါ…..
၅) သင်ပေါင်းနေသော မိတ်ဆွေများသည် သင်၏အနာဂတ်များဖြစ်သည်။ 
    ဂရုတစိုက် ရွေးချယ်ပေါင်းသင်းပါ…..
၆) မိမိထက်ကြီးသူကို ရိုသေလေးစားပါ။ အကြံဥာဏ်ကောင်းများကို နာယူမှတ်သားပါ…..
၇) လိုအပ်လျှင် အခြားသူများအတွက်လည်း သင့်ရဲ့အချိန်ကိုပေးပါ။ မတွန့်တိုမိပါစေနှင့်…..
၈) အဆင်သင့်မဖြစ်မှီ ဘယ်အရာကိုမျှ အလျင်စလို မလုပ်ဆောင်မိပါစေနှင့်…..
၉) ဘုရားကျောင်းမှန်မှန်တက်ပါ။ သင့်ကို ဘုရားသခင်က တစ်ပတ်တာအချိန် ပေးထားသည်။ သင်က 
    ဘုရားသခင်ကို တစ်နာရီလောက်ပြန်ပေးရန် မတွန့်တိုမိပါစေနှင့်…..
၁၀) သင့်ဘ၀ကို ကောင်းမွန်စွာ အသက်ရှင်တတ်ပါ။ သင့်ရဲ့ဝိညာဉ်ကို မဆုံးရှုံးပါစေနှင့်…..
                                       
                                Ref: Gems of Thought, Ten Directions for Young

No comments: