လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

မေတ္တာရှင် မာသာထရီဇား




စက်တင်ဘာလ (၅) ရက်နေ့ 

ယနေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ ရှင်
ကာလာကတားမြို့မှရှင်ထရေးဇာ (Saint Teresa of Calcutta) ယနေ့ ပွဲနေ့  ရှင်ကိုလူတိုင်းသိကြပါသည်။ မသိလျင်လည်းနာမည်ကိုမူကြားဖူးကြ၊ ပုံတော်ကိုလည်းမြင်တွေ့ ဖူး ကြပေမည်။ ရဟန္တာအဖြစ်မတင်မြောက်ခင် (သို့ မဟုတ်) သက်ရှိထင်ရှားရှိနေစဉ်တွင်သူ့ အားဆင်း ရဲချို့တဲ့၊ နာမကျန်း နှင့်ပြုစုသူမဲ့များ၏မိခင်၊ ကရုဏာရှင်မာသာရ်ထရေးဇာဟုခေါ် ကြပါသည်။
သူသည်ကမ္ဘာသိအောင်လောက်သောကရု ဏာရေးလုပ်ငန်းကိုလုပ်ဆောင်နိုင် ခဲ့သော်လည်း၊ အားကောင်းမောင်း သန် လှသောခနွာကိုပိုင်ဆိုင်ထား၍မဟုတ်။ သာ မန်အ မျိုးသမီး တစ်ကဲ့ သို့ ပင်သေးသွယ်သောခနွာကိုသာပိုင်ဆိုင်ထားသူဖြစ်သည်။ မကျန်းမ မာသူ များ၊ ချို့တဲ့နွမ်းပါးသူ များအားပြုစုကျွေးမွေးရသည် မှာကျန်းမာသန် စွမ်းသောသာမန် လူတစ် ဦးကိုကျွေးမွေးပြုစုရသည်ထက်ကုန်ကျပြီး၊ ပင် ပန်းလှပါသည်။ အကုန်အကျများသည်ဆိုရာ ၌အစားကြီးသောကြောင့် မဟုတ်။ အာဟာရဖြစ်စေမည့်အစားအစာများကို ရှာဖွေဝယ် ချမ်းကျွေးမွေး ရသောကြောင့်ဖြစ်သည်။
ထိုသို့ သောလူများကိုကျွေးမွေးနိုင်ခဲ့သည်မှာသူ့  အနေဖြင့်ကုံလုံ ပြည့်စုံ လှသောကြောင့်မဟုတ်။ သို့ သော်ဘုရားသ ခင် အပေါ်လုံးဝဥ သုန် ယုံကြည်အပ်နှံထား သူဖြစ်သည်။ အဘယ် ကြောင့် ဆိုသော်ချို့တဲ့နွမ်းပါးသူ၊ မကျန်းမ မာဖြစ်နေသောသူ၏ အ ငယ်ဆုံးသော ညီအစ်ကိုပြုစုခြင်းသည်သူ့ ကိုပြုစုသည် ဖြစ်ရာဘု ရား သခင်သည်သူ့  အားမ ပစ်ပယ်ခဲ့။ မမေ့လျှော့ခဲ့ပေ။ အခက်အခဲများစွာကြား မှဘုရားသ ခင် ကို ယုံကြည်၊ မျှော် လင့်သောစိတ်ဖြင့်ကြိုးစားခဲ့သော အာဂအမျိုးသမီး သီ လရှင်ရဟန္တာ မဖြစ် လာ ခဲ့သည်။
သူ့ အား (၁၉၁၀၊ သြဂုဏ်လ၊ ၂၆) ရက်နေ့ တွင်၊ မာစီဒိုနီးယားနိုင် ငံ၊ Skopje (စခိုပ်ဂျေ) မြို့၌မွေးဖွားသန့် စင် ခဲ့သည်။ မိဘများမှာ အဲယ်ဘေးနီးယာလူမျိုးဖြစ်သည်။ သူ၏ ငယ်မည်မှာ (Gonxha Bojaxhiu) ဖြစ်ပြီး၊ ဆေးကြောခြင်း နာမည်မှာအက်ညက်စ်ဖြစ်သည်။ မွေးချင်းမှာ (၃) ဦးသာမဟုတ်သော်လည်း၊ အသက်ရှင်ကျန် ရစ်သောမွေး ချင်းများအ နက်သူ သည်အထွေးဆုံးဖြစ်သည်။ ဖခင်ဖြစ်သူမှာဆောက် လုပ်ရေးလုပ်ငန်းကိုလုပ်ကိုင်ပြီး၊ မိသားစု မှာမပူမပင်နေထိုင် ခဲ့ရသည်။ သို့ သော်ဖခင်ဖြစ်သူမမျှော်လင့်ဘဲ မိသားစုအား မျက်ကွယ်ပြု သွားသော အခါ၊ မိသားစု၏အခြေအနေသည်အ လွန်လှုပ်ခတ်သွားခဲ့ပြီး၊ ပြောင်းလဲ မူကြီးနှင့် လည်းကြုံတွေ့ ခဲ့ရသည်။
သူငယ်စဉ်ကအစိုးရကျောင်းတက်ရောက်ပညာသင်ကြားနေ စဉ်တွင်၊ ကက်သလစ် လူမူအဖွဲ့ အစည်းများတွင်ပါ ၀င်ခဲ့ဖူးသည်။ ထိုအတွေ့ အကြုံကားသူ့ အားနယ်ခြားမြေခြားသို့  သွားရောက်သာသနာပြုလိုသောစိတ်ဓာတ်ကိုစတင်၍ မီးမွေးလောင်ကျွမ်းစေခဲ့ပါသည်။ ထို စိတ်ဖြင့်အသက် (၁၈) ပြည့်သောအခါ၊ ဒါဗလင်မြို့ရှိလောရက်တိုသီလရှင်အသင်း သို့  ၀င်ရောက်သွားခဲ့သည်။ (၁၉၂၈) ခုနှစ်သို့ရောက်သောအခါသူသည်မွေးမိခင် အားနောက်ဆုံး အကြိမ်နုတ်ဆက်ပြီး၊ နယ်သစ်ပယ်သစ်သို့ ဘ၀သစ်ကိုအစပြုရန်စတင်ခရီးထွက်လာခဲ့သည်။ သူသည်သီလရှင်အသင်းသို့ ဝင်ရောက်ပြီး နောက်တစ်နှစ်၌အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်း (Darjeeling) တွင်ဖွင့်လှစ်ထားသောသီလရှင်သင်တန်းကျောင်းသို့ စေလွှတ်ခံ ခဲ့ရပြီး၊ ပုံ သွင်းပုံလောင်းခြင်းကိုခံယူခဲ့ရသည်။ ထိုသီလရှင်အသင်းသို့ ဝင်ရောက်ပြီးနောက် ပိုင်းမှသူ ၏ဆေးကြောခြင်း အမည်အက်ညှက်စ်မှထရေးဇာသို့ ပြောင်းလဲခံယူခဲ့သည်။ ထို့ နောက်အ မူတော်ထမ်းဆောင်ခြင်းအသက်တာကိုအ ကောင်းဆုံးဆက်ကပ်နိုင်ရန်ပြင်ဆင်ခဲ့သည်။
သူသည်ကာလာကတားရှိအမျိုးသမီးအထက်တန်းကျောင်းတွင်အမူတော်ထမ်းခဲ့ ရသည်။ ထိုကျောင်းတွင်သမိုင်းနှင့်ပထ၀ီဝင်ဘာသာရပ်ကိုလူကုံထံသားသမီးများကိုသင် ကြားပေးခဲ့ရ သည်။ ထိုသို့ လူကုံထံအသိုင်းဝိုင်းနှင့်ပတ်သက်နေရသော်လည်း၊ ပတ်ဝန်းကျင်၌ ရှိနေသော အဖြစ်မှန်များကိုသူလစ်လျူရူ့၍မရ နိုင်ခဲ့ပေ။ ပတ်ဝန်းကျင်တွင်ချို့တဲ့နွန်းပါးများ၊ ရော ဂါဝေဒနာမျိုးစုံကိုပြင်းထန်စွာခံစားနေရသော်လည်း၊ ပြုစုစောင့်ရှောက်ပေးမည်သူများမရှိ၍စွန့်  ပစ်ထားကြသူများ၊ လူ့ ဂုဏ်သိက္ခာမဲ့စွာဘ၀ကိုဖြစ်သလိုရှင်သန်နေသည့်မြင်ကွင်းများသည်သ ရုပ်ဆောင်နေခြင်းမဟုတ်သော၊ နေ့ စဉ်ကြည့်ရူ့နေရသောသရုပ်မှန်ဘ၀ဖြစ်နေသည်။
ထိုမြင်ကွင်းများကိုနေ့ စဉ်မြင်တွေ့ ရ၍ရိုးသွားခြင်းမဟုတ်ဘဲ၊ တစ်ခုခုလုပ် ရန်ဆန္ဒ ပိုမိုပြင်းထန်လာခဲ့သည်။ (၁၉၄၆) ခု၏တစ်နေ့ ၌၊ ကာလာကာတားမှ Darjeeling မြို့သို့ နှစ် ပတ်လည်ဥပုသ်သီတင်းစောင့်တည်ရန် ရထားဖြင့် လိုက်ပါသွားစဉ်အသံတစ်သံ ကိုကြားလိုက် ရသည်။ ထိုအသံသည်သူ၏အတွင်းမှလာသောအသံဖြစ်သည်။ ထိုအသံ၏ တောင်းဆိုချက် ကားအလွန်ရိုးရှင်းပြီး၊ ပြတ်သားလှသည်။ လက်ရှိသီလရှင်အသင်းကိုစွန့် လွှတ်၍ချို့တဲ့နွမ်း ပါးသောသူ များကိုကူညီရန်၊ ၄င်းတို့ နှင့်တစ်သားတည်းနေထိုင်ရန်ဖြစ်သည်။ ဤအကြောင်း များကိုမာသာထရေးဇာနောက်ပိုင်းမှ ပြန်လည်ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုအသံကိုကြားလိုက်ရပြီးနောက်ပိုင်းသူသည်၊ သူ၏နှစ်ပတ်လည် ဥပုသ်စောင့်ခြင်း ကိုလည်းအကောင်းဆုံးပြု လုပ်ခဲ့သကဲ့သို့ ၊ လှုပ်ဆော်ခံလိုက်ရသောခေါ်သံကိုတုန့် ပြန်နိုင် ရန်အတွက်လည်းဆုတောင်း၍အလင်းတော်တောင်းခံ ခဲ့သည်။ ဤသို့ ဖြင့်နောက်ဆုံး၌ သူ၏ ဆုံးဖြတ်ချက်ကိုသီလရှင်အသင်း၏အကြီးအကဲထံသို့ ရိုးသားစွာထုတ်ဖော်ခဲ့ပြီး၊ အကြီးအကဲ၏ ခွင့်ပြုချက်ကိုရယူကာသူသည်လော်ရက်တိုသီလရှင်ဘ၀ကိုစွန့် ခဲ့သည်။ ထို့ နောက်သီလရှင် အသင်းအ အသစ်တစ်သင်းကိုစတင်တည်ထောင်ရန်ကြိုးစားခဲ့သည်။ သူ၏ရည်မှန်းချက် ကိုစ တင်ဖော်ဆောင်နိုင်ရန်သူသည်သူနာ ပြုသင်တန်းကိုလပေါင်းများစွာတက်ရောက်ခဲ့ရသည်။ သင်တန်းပြီးးဆုံးသွားသောအခါကာလာကာတားသို့ ပြန်လာပြီး ဆင်ချေဖုံးအရပ်များ တွင်ဖြစ် သလိုနေ၍ဘ၀ကိုဖြတ်သန်းနေကြသောသူတို့ ၏ကလေးများကိုစတင်၍စာသင်ကြားပေးခဲ့ သည်။
သူ၏၀တ်ရုံကိုဆာရီအဖြူကိုဆင်မြန်းပြီး၊ ကြိုးသိုင်းဖိနပ်ကိုစီးခဲ့သည်။ ထိုဝတ်ရုံနှင့် ဖိနပ်မှာအိန္ဒိယနိုင်ငံ၏သာမန် အမျိုးသမီးတစ်ဦး၏အရိုးရှင်းဆုံးဝတ်ရုံဖြစ်သည်။ သူသည်တစ်စ တစ်စလူများနှင့်ထိတွေ့ ရင်းနှီးလာခဲ့သည်။ အထူးသဖြင့်သူရည်ရွယ်သောလူ တန်းစား များနှင့်ဖြစ်ပါသည်။ ၄င်းတို့ ထံသွားရောက်လည်ပတ်ခြင်း၊ လိုအပ်သောအကူအညီ များကို တတ်နိုင်သလောက်ကူညီပေးခဲ့သည်။
သူ၏အိမ်မက်ကိုဖော်ဆောင်ရာတွင်အလွန်ပင်ပန်းပါသည်။ သို့ သော်သူ၏ ဆက် ကပ်လုပ်ဆောင်မူကိုလူများသိ မြင်လာသောအခါသူ့ အားကူညီမည့်လုပ်အားပေး သူများပေါ် ထွက်လာခဲ့သည်။ သူ့ အားလာရောက်ကူညီသောသူများ တွင်အချို့ကသူ၏ကျောင်း သားဟောင်းများလည်းပါပါသည်။ ဤသို့ ဖြင့်သီလရှင်အသင်းကို (၁၉၅၀) ခုနှစ်တွင်တည် ထောင်ခဲ့ပြီး၊ ထိုအသင်းကိုကရုဏာဖြင့်သာသနာပြုသောသီလရှင်ဟုခေါ်သွင်စေပြီး၊ သီလရှင် အနေဖြင့်မဟုတ်ဘဲ၊ စေတနာရှင်၊ အလှူရှင်၊ လုပ်အားပေးသူများအသင်း ကိုလည်း ကရု ဏာဖြင့်သာသနာပြုသောအဖွဲ့ ကိုဖွဲ့ စည်းလိုက်ပါ သည်။ အချို့သည်လိုအပ်သောအ ကူအညီ များဖြစ်သည့် ငွေကြေး၊ အစားအစာ၊ အ၀တ်မစား၊ ဆေးဝါးများဖြင့်ပံ့ ပိုးပေး ကြသည်။ (၁၉၅၂) ခုနှစ်တွင်ကာလာကာတားမြို့က၊ ယ ခင်အဆောင်အဖြစ်အသုံးပြုခဲ့သောအဆောက်အဦးကိုသူ ၏ လုပ်ငန်းလုပ်ဆောင်ရန်အတွက်ပေးအပ်လာပါသည်။ တစ် စတစ်စဖြင့်မကျန်းမာသူ၊ ရော ဂါဝေဒနာခံစားနေရသများ အ ပြင်၊ နောက်ပိုင်း၌မိဘမဲ့များ၊ စွန့် ပစ်ခံမွေးကင်းစ မှသည် ကလေးများ၊ မူးယဇ်ဆေးစွဲသူများ၊ အသက်ကြီးရွယ်အိုများ၊ အိုးမဲ့အိမ် မဲ့များကိုလည်း လက်ခံ လာခဲ့သည်။
ထိုအချိန်မှစ၍မာသာရ်ထရေးဇာသည်သူ၏ကရုဏာရေးလုပ်ငန်းများကို မမောနိုင် မပန်းနိုင်လုပ်ဆောင်ခဲ့ပါ သည်။ သူ၏ကရုဏာရေးလုပ်ငန်းသည်ဘာသာ၊ လူမျိုး၊ လူမူရေးအ ဆင်းအတန်းခွဲခြားခြင်းမရှိ။ ထို့ အတူလိုအပ်သော အကူအညီများကိုလည်းက မ္ဘာ သိအောင်ေ တာင်းခံခဲ့သည်။ ယေဇူးသခင်၏ရွှေမျက်နှာတော်ကိုချို့တဲ့နွှမ်းပါးများ၌မြင် တွေ့ ကြရန်ကိုလည်း တရားများဝေဌာဟောပြောခဲ့သည်။ (၁၉၇၉) ခုနှစ်တွင်သူသည်ငြိမ်းချမ်းရေးနိုဗယ်ဆုကိုချီးမြှင့် ခြင်းခံခဲ့ရသည်။ သို့ သော် (၁၉၉၇၊ စက်တင်ဘာလ၊ ၅) ရက်နေ့ တွင်မူဘုရားသခင် ကသူ ၏ချစ်သမီးကိုသူ၏အိမ်တော် သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတော့သည်။ သူ့ အား (၂၀၁၃၊ အောက်တိုဘာလ၊ ၁၉) ရက်နေ့ ၌ သူတော်စင် (Blessed) အဖြစ်တင်မြောက်ခဲ့ပြီး၊ လက်ရှိရ ဟန်းမင်းကြီးဖရန်စစ်မှ (၂၀၁၆၊ စက်တင်ဘာလ၊ ၄) ရက်နေ့ တွင်ရဟန္တာ အဖြစ်တင်မြောက်ေ ကြငြာခဲ့ပါသည်။


(Cle Pike Facebook မှတဆင့်ဖော်ပြသည်)

No comments: