> နှလုံးသားပုံအမှတ်တံဆိပ်
အမှတ်တံဆိပ်ကိုနှလုံးသားပုံဖြင့် ပုံဖော်ထားပါသည်။ ဤနှလုံးသားပုံ၏ အဓိပ္ပါယ်မှာ သက်ဝင် ယုံကြည်ရာ ဘာသာတရားတို့၏ အခြေခံဖြစ်သည့် ချစ်ခြင်းမေတ္တာကို ဖော်ဆောင်ပါသည်။ ဤ ချစ်ခြင်းမေတ္တာသည် တိုင်းရင်းသား ညီအစ်ကို မောင်မများ အကြားတွင် လည်းကောင်း ယုံကြည် ကိုးကွယ်မှု မတူညီသူတို့အကြားတွင် လည်းကောင်း တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ထားရှိသော ရိုသေလေးစားခြင်းနှင့် လက်ခံခြင်း တို့ကို မွေးဖွါးပေးသည်။
> ဖဲကြိုးများ
နှလုံးသားပုံတွင် အသုံးပြုထားသောဖဲကြိုးများမှာ နိုင်ငံ နှစ်နိုင်ငံတို့၏ အလံများဖြစ်ပါသည်။
- အ၀ါရောင်နှင့် အဖြူရောင်မှာဗာတီကန်နိုင်ငံကိုကိုယ်စားပြုပါသည်။
- အ၀ါ ၊ အစိမ်းနှင့် အနီရောင်တို့မှာမြန်မာနိုင်ငံကိုကိုယ်စားပြုပါသည်။
> ရောင်စုံခြယ် မြန်မာပြည်မြေပုံ
မြန်မာပြည်မြေပုံ၏ အနားသတ်များကိုသက်တန့်ကဲ့သို့ အရောင်စုံတောက်ပစွာဆေးခြယ်ထား ပါသည်။ မြန်မာပြည်တွင် မှီတင်းနေထိုင်နေကြသော ပင်မတိုင်းရင်းသား (၈) မျိုးနှင့် တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) စု တို့၏ ကိုယ်ပိုင် ဘာသာစကား ၊ ဒေသသုံးစကား ၊ ရိုးရာနှင့် ယဉ်ကျေးမှု များကို အဓိပ္ပါယ် ဖော်ဆောင်ပါသည်။
> ရဟန်းမင်းကြီးအရှင်သူမြတ်နှင့် ဂျိုးငှက်ငယ်
ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် ငြိမ်းချမ်းရေး၏ သံတမန်ဖြစ်ကြောင်းအဓိပ္ပါယ် ဖော် ဆောင်ပါသည်။
(Source : Cbcm Osc Facebook)

No comments:
Post a Comment