နိုဝင်ဘာ ၂၉၊ ၂၀၁၇ (နံနက်ပိုင်း)
မစ္ဆားတရားတော်မြတ်ကျင်းပမည့်နေရာ
ကျိုက္ကဆံကွင်း
ကွင်းအတွင်းသို့ဝင်ရောက်ခြင်း
ဝင်ခွင့်လက်မှတ်ပြပြီး လုံခြုံရေးအတွက် စစ်ဆေးသောတံခါးပေါက်မှဝင်ရပါမည်။ ထိုဝင်ခွင့်လက်မှတ်မပါရှိပဲ ၀င်ခွင့်ပြုမည်မဟုတ်ပါ။
ကွင်းအတွင်းနေရာယူမည့်ပုံစံ
မစ္ဆားတရားတော်မြတ်သို့ တက်ရောက်မည့်သူစာရင်းပိတ်ပြီး အရေအတွက်သိရပါက အသေးစိတ် ရှင်းပြသွားပါမည်။
ကွာယာသီချင်းအဖွဲ့
ကိုရင် အပါး (၁၅၀) နှင့် သီလရှင်အပါး (၁၀၀)
မစ္ဆားတရားတော်မြတ်ပူဇော်နေချိန်အတွင်းရှောင်ကြဉ်ရမည့်အပြုအမူ
အလံများဝှေ့ယမ်းခြင်း၊ အော်ဟစ်လက်ခုပ်တီးခြင်း၊ ဆိုင်းဘုတ်များကိုင်မြှောက်ခြင်း
ဝတ်ပြုချိန်တွင် အာရုံစိုက်ပြီး ဘုရားဝတ်ပြုရန် အဓိကရည်ရွယ်ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ကွင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး လူထုအကြား လှည့်လည်နှုတ်ဆက်ချိန်နှင့် မစ္ဆားအပြီး ကာဒီနယ်ချားလ်စ်ဘိုက ပုပ်ရဟန်းမင်းကြီးအား ကျေးဇူးတင်စကားပြောချိန်တွင်မူ ယင်းတို့ကို ပြုလုပ်နိုင်ပါသည်။
(မှတ်ချက်။ ။ လုပ်ထုံးလုပ်နည်းအရ မစ္ဆားတရားတော်မြတ် မစတင်မှီ (၂) နာရီအလိုတွင် ကွင်းတံခါးကိုပိတ်ပြီး ၀င်ခွင့်ထွက်ခွင့်ပြုတော့မည်မဟုတ်ပါ။ နာရီများနှင့် အသေးစိတ်အချိန်ဇယားကို ဗာတီကန်က ထုတ်ပြန်သည်နှင့် အသိပေးသွားမည်ဖြစ်ပါသည်။)
(မျိုးကြဲသူစာစောင် စက်တင်ဘာလ ၂၀၁၇ မှ တဆင့်ဖော်ပြခြင်းဖြစ်ပါသည်။)
No comments:
Post a Comment