လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

သူငယ်တော်ယေဇူး၏ စိန်ထရေးဇာ


အောက်တိုဘာ (၁) ရက် 
ယနေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် 
သူငယ်တော်ယေဇူး၏စိန်ထရေးဇာ 

သူ၏ဘ၀အကြောင်း ယေဇူးသူငယ်တော်၏စိန်ထရေးဇာအား မသိသူရှားပေမည်။ အဘယ်ကြောင့်ဆိုသော် သူသည်ဘာသာရေးကိုင်းရှိုင်းမူ၊ ပါရမီအသက်တာကျင့်ဆောက်တည်မူ၊ သူတော်စင်ဘ၀ကိုခံယူမှု စသော
အသက်တာ၌အလွန်ထူးခြားလှသူလေးဖြစ်သည်။ သူ့ အား (၁၈၇၃) ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့ပါ သည်။ သူ၏ငယ်မည်မှာမာရီထရေးဇာမာတင်းဖြစ်သည်။ ထူးခြားသောကျေးဇူးတော်ကိုခံစားခဲ့ရသူ သူ၏ဘာသာတရားထူးခြားစွာကိုင်းရှိုင်းခြင်း၊ နားလည်ခြင်းများကြောင့် ရှေးယခင်ကကိုယ်တော်မြတ်ကို အသက်အရွယ် အတော်အတန်ရလာမှသာ ပင့်ယူခွင့်ပြုခဲ့သောအချိန်၌ သူသည်ထူးခြားသောအခွင့်အ ရေးကိုရရှိကာ ကိုယ်တော်မြတ်ကိုငယ်ငယ်ရွယ်ရွယ်နှင့် ပင့်ယူခွင့်ရခဲ့သူဖြစ်သည်။ ထို့အတူသီလရှင်တို့၏  အသက်တာကိုလည်း အရွယ်နှင့်မလိုက်အောင်နားလည်သူဖြစ်သောကြောင့် သူ၏အသက်အရွယ်နှင့် ထိုစဉ်က၀င်ပြုလေ့မရှိသော သီလရှင်အသင်းကိုလည်း ထူးခြားစွာဝင်ခွင့်ရခဲ့သည်။ သီလရှင်ကျောင်းသို့ ဝင်ရောက်စဉ်၌ သူ၏အသက်မှာ (၁၅) နှစ်သာရှိပေးပြီး၊ သူဝင်ရောက်ခဲ့သောသီလရှင်အသင်းမှာ ကာလ်မဲ လိုက် ရသေ့သီလရှင်အသင်းဖြစ်သည်။

သူ၏အခြားသောဘွှဲ့ နာမ

သူ့ အားစိန်ထရေးဇာဟုလူသိများသကဲ့သို့ အခြားသောဘွဲ့ နာမ တစ်ပါးရှိသေးသည်။ ထိုနာမက “ယေဇူး သခင်၏ပန်းပွင့်ဖြူလေး” ဟုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် (၁၈၉၇) ခုနှစ်၊ သက်တော် (၂၄) တွင်ပျံလွန်ခဲ့ ခြင်း၊ သေးငယ်သောအရာများ၊ သာမန်အလုပ်၊ ၀တ္တရားများကို ထူးခြားသောစိတ်ထားဖြင့် ပြုလုပ်သောကြောင့် သူ၏၀ိညာဉ်ရေးကျင့်စဉ်မှာအလွန်ရိုးရှင်းလှသည်။ သူပျံလွန်ချိန်၌သူ၏၀ိညာဉ်ရေး အ သက်တာ၏မွှေးသတင်းသည် သူ၏အသင်းထဲ၌သာမက ပြန့်နှံ့လူသိများခဲ့ပါသည်။ သူ့အား (၁၉၂၅) ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြောက်ခဲ့ ပါသည်။

သူ၏၀ိညာဉ်ရေးဆောင်ပုဒ်
သူတော်စင်ဘ၀ကိုတက်ရောက်ခံယူမည့်သူများ၊ အထူးသဖြင့်ရ ဟန်းဘ၀ကိုခံယူမည့်သူများသည်မိမိတို့ ၏ဘ၀၌ခံယူမည့်အသက်တာ ၏ပုံရိပ်ကိုပေါ်လွင်စေမည့် (သို့ ) မိမိ၏ဆက်ကပ်ခြင်းကိုခွန် အားပေးေ သာသမ္မာကျမ်း စာမှစာပိုဒ်တစ်ပိုဒ်ကိုရွေး ချယ် တတ်ကြသည်။ စိန်ထရေး ဇာ၌လည်းဆောင်ပုဒ်ရှိပါသည်။ သူ၏ဆောင်ပုဒ်မှာ “ခြေ တစ်လှမ်း၊ ၀ိညာဉ်တစ်လုံး” ဖြစ်ပါသည်။ အဘယ် ကြောင့် ဆိုသော်ယေဇူးသ ခင် သည်သူ ၏အကူအညီကိုလိုအပ် သူ ရောက်လေရာ၌တွေ့ လေရာလူ အားလုံးအားရောဂါကုသပေး ရန်လိုကကုသပေးခြင်း၊ အားပေးနှစ် သိမ့် ရန်လို ကလည်း အားပေးနှစ်သိမ့်ပေးခြင်း၊ ကြီး သည်ရွယ်သည်မရှိ။ ယနေ့ ၊ မနက်ဖန်ရွေ့ဆိုင်းခြင်းမရှိ။ သူစိမ်း၊ သူကျက်မသိ။ အမြဲအ ဆင် သင့်နေခြင်းကိုပုံတုယူလျှက်ကျင့်ကြံအားထုတ်ခြင်းကိုဖော်ညွှန်းနေခြင်းဖြစ်သည်။
သူ၏ဘ၀အတ္ထုပတ္တိစာအုပ်
“၀ိညာဉ်တစ်လုံး၏ရာဇ၀င်” ဟုအဓိပါယ်လေးနက်လှပစွာအ မည်ပေးထားသောသူ၏ဘ၀အတ္ထုပတ္တိစာ အုပ် သည် အလွန်လူသိများ၊ လူဖတ်များခဲ့သောစာအုပ် တစ်အုပ်ဖြစ်ခဲ့သည်။ အချို့သည်စပ်စု ရာမှဖတ် ရူ့ရင်း အသက်တာ ပြောင်းလဲခြင်း၊ ဘ၀၏ခံ ယူ ချက် များလည်းပြောင်း လဲသွားခဲ့ကြသူများရှိခဲ့၊ ရှိနေပါသည်။
ကြီးမားခဲ့သောသူ၏ဆန္ဒ
သူသည်တပည့်တော်ကြီးရှင်ပေါလု၏ကော်ရိန်သုသြ၀ါဒစာပထ မစောင် မှအခန်း (၁၂-၁၃) တို့ ကိုဖတ်ရူ့၍ တ ရားတော်ဟောကြားရန်၊ တရားတော်ဟောကြားရင်း တရားတော်အတွက်ကွပ်မျက် ခံရရန်အ လွန် ဆန္ဒကြီးခဲ့သည်။ ထို ဆန္ဒကြောင့်သူသည်မ အိပ် နိုင်၊ မစားနိုင်၊ အတွင်း စိတ်၌မဖြေသာဖြစ်ခဲ့ရပါသည်။ သို့ သော်ထိုကျမ်းချက်ကိုအခါ ခါ ပြန် လည်ဖတ်ရူ့ခြင်း၊ ထောက်ရူ့ခြင်း၊ သန့် ရှင်းသောဝိညာဉ်တော်၏အလ င်းကျေးဇူးကိုတောင်းခံခြင်းဖြင့်နောက်ဆုံး ၌အတွင်း စိတ်၏ငြိမ်သက်ခြင်း ကိုရရှိခံစားခဲ့ရပါသည်။ အ ဘယ်ကြောင့်ဆို သော် တရားအလင်းတစ် ခု ကိုရရှိခံစား လိုက်ရသောကြောင့်ဖြစ်သည်။ ထို တရားအလင်းကား “မည် မျှကြီးမားသော အမူကိုပြုစေကာမူချစ်ခြင်း မေ တ္တာမပါ လျင်အ ချည်းနှီး သက်သက်ဖြစ်သည်” ဆိုသည့်အချက်ပင်ဖြစ်သည်။ ထိုအချိန်မှစ ၍မည် သည့်အ ရာကိုမဆို ချစ်ခြင်း မေတ္တာဖြင့်ပြုလုပ် ရန်သူ၏စိတ် ကိုပိုင်းဖြတ် ခဲ့သည်။
အမိသာသနာတော်မှသူအားဂုဏ်ပြုခဲ့
သူသည်ရသေ့သီလရှင်တစ်ပါးလည်းဖြစ်လေရာ၊ တရားဒေ သနာဟောကြားသက်သေခံရန်ဆန္ဒကြီးခဲ့သော် လည်းလေးဖက် ထရံ ကာကျောင်းဝင်း၌သာသူ၏အ သက်အရွယ် (၁၅) နှစ်မှပျံလွန် ချိန်သက်ေ တာ် (၂၄) နှစ်အထိနေ ထိုင်ခဲ့ရသည်။ သို့  သော်သူပြုလုပ်ဆောင် ရွက် ရသောအမူအားလုံးအားသာသနာ၏ရှေ့တန်းတွင်ဧ၀ံဂေလိတ ရားဟော ကြားနေသောသူများအတွက်ဟုရည်စူး ၍အစဉ်ပူဇော်ပေး တတ်သော အလေ့အကျင့်ကောင်း ကိုသူဆောက်တည်နိုင်ခဲ့  သည်။ ထိုအလေ့အ ကျင့်ကောင်းကြောင့်ပင်သူ့ အားသာသနာ ပြုကြီးဖြစ်ခဲ့သော စိန်ဖရန်စ စ်ဇေးဗီးယာကဲ့သို့ သာသနာ ပြုများအားမှိုင်းမ သောရဟန္တာအဖြစ် သာ သနာတော်မှဂုဏ်ပြုခဲ့ပါသည်။
ရဟန္တာမိသားစု
ယနေ့ ပွဲနေ့ ရှင်၏မိသားစုဝင်များအနက်၊ ပွဲနေ့ ရှင်သာမဟုတ်၊ အခြားသောအစ်မအရင်းတို့ သည်လည်းကာလ်မယ်လိုက်သီလရှင်ဘ၀ အသက်တာကိုခံယူခဲ့ကြသည်။ ထို့ အတူမိဘနှစ်ပါးသည်လည်းသားသ မီးများကိုဘာသာရေးသင်ကြားပြသပေးးရုံမက၊ ၄င်းတို့ ကိုယ်တိုင်သည် လည်းဘာသာတရားအလွန်ကိုင်းရှိုင်းကြသည်။ ၄င်းတို့ ၏ဘာသာတရား ကိုင်းရှို်းခြင်းကြောင့်လည်းသားသမီးများအားကောင်းသောပုံသက်သေပြ သနိုင်ခဲ့သည်။ ပွဲနေ့ ရှင်၏မိဘနှစ်ပါးကိုလည်းယခင်နှစ်ကရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။

2 comments:

Anonymous said...

ဖတ်လို့မရဘူးရှင့်

Anonymous said...

ဘာလုပ်ရမလဲ ဖတ်ချင်တယ်