ရဟန်းမင်ကြီးအရှင်သူမြတ် ပုပ်ဖရန်းစစ်အား နိုင်ငံတော်၏
အထူးဧည့်သည်
တော်အဖြစ်ဖိတ်ကြားခံရမှုကြောင့် မြန်မာနိုင်ငံကိုကြွရောက်လာတော့
မှာဖြစ်ပါတယ်။ ကြွရောက်ဖို့ရန်ပြင်ဆင်တဲ့နေရာမှာဖြစ်ဖြစ်၊ ကြွလာတဲ့အချိန်
မှာဖြစ်ဖြစ် ၊ ရဟန်းမင်းကြီးနှင့်တကွ အခြားသော ဆင့်ကဲ၊ ဆင့်ကဲ ရဟန်း
အကြီးအကဲတို့၏သတင်းတွေကို ရေးသားလာကြမှာဖြစ်တယ်။
ကက်သလစ် အသင်းတော် နှင့် ဘာသာဝင် အပေါင်းတို့ကလည်းသတင်းတင်
ခွင့်ပြုပေးတဲ့နိုင်ငံတော်အတွက်ရော၊ သတင်းရေးပေးကြတဲ့ သတင်းသမား
အတွက်ေ ရာကျေးဇူးအထူးတင်ရှိကြပါတယ်။
ဘာသာတိုင်းမှာ ရဟန်းသံဃာတော်များအတွက်အခေါ်အဝေါ်အတိ
အကျတွေရှိပြဌာန်းထားတာကို မြန်မာနိုင်ငံရဲ့သတင်းသမားတွေ
လေ့လာမှုအားနည်းတာ၊ လေ့လာဖို့လက်လှမ်းမမှီနိုင်တာတွေေ
တွ့မြင်နေရတဲ့အတွက် သတင်းသမားတွေရဲ့ကျင့်ဝတ်ကို မထိခိုက်ရ
လေအောင်၊ သတင်းအပိုအလိုတွေဖြစ်တာကိုလည်း ကာကွယ်နိုင်
ရအောင်၊ မြန်မာနိုင်ငံရဲ့သတင်းသမားတွေရဲ့ဂုဏ်ကိုလည်း မြှင့်တင်
ရာရောက်စေလိုသောဆန္ဒဖြင့် ကက်သလစ်အသင်းတော်ကြီးက
ရဟန်း၊သံဃာတော်တို့အတွက် အခေါ်အဝေါ် အသုံးအနှုံးတွေကို
နိုင်ငံတော်နှင့် သတင်းသမားများ ကို အချိန်မီတင်ပေးနေပါတယ်။
ကက်သလစ်သာသနာတော်မှာမှာ
ရဟန်းမင်းကြီးအရှင်သူမြတ်ကို Pope လို့ ခေါ်ပြီး၊
ရဟန်းအမတ်ကို Cardinal လို့ ခေါ်ပါတယ်။
ဂိုဏ်းချုပ်ဆရာတော်ကြီးကို Archbishop လို့ ခေါ်ပြီးတော့
ဆရာတော်ကို Bishop လို့ ခေါ်ပါတယ်။
ရဟန်းဘုန်းတော်ကြီးကို Priest ၊
ဦးပဉ္ဖင်းကို Deacon ၊ ကိုရင်ကို Brother
သီလရှင်ကို Sister (Nun) ၊
တရားဟောဆရာ/ဆရာမကို Catechist ၊
ဘာသာဝင်ကို faithful လို့ခေါ်ပါတယ်
ယခုဖော်ပြထားတဲ့ အသုံးအနှုန်းလေးတွေကို သိထားမယ်ဆိုရင်
သတင်းရေးသားတဲ့နေရာမှာ တိကျမှန်ကန်ပြီးတော့
အားလုံးအပြန်အလှန် လေးစားရာရောက်မှာပါ။

Credit: Leo Mang
No comments:
Post a Comment