ရင်ခတ်ခြင်း
အပြစ်ရှိကြောင်းကို ပြသောအမှတ်လက္ခဏာ ဖြစ်သည်။
ရဟန်းလက်ဆေးခြင်း
အလွန်သန့်ရှင်းမြင့်မြတ်သောအမှုကိစ္စကို ဦးဆောင်မှုပြုနေသော
ပုဂ္ဂိုလ်သည် သန့်ရှင်းစင်ကြယ်သောအနေ၌ ရှိသင့်ကြောင်းကိုပြသော
အမှတ်လက္ခဏာဖြစ်သည်။
ရေနှင့် စပျစ်ရည်ရောစပ်ခြင်း
ယေဇူးဘုရားရှင် လူ့ဇာတိအဖြစ်ကို ခံယူခြင်းသည် ယခုအချိန်တွင်
ဤစက္ကရမင်တူး၌ ပြီးပြည့်စုံခြင်းသို့ ရောက်မည့် အကြောင်း အမှတ်
လက္ခဏာဖြစ်သည်။ ကျွန်ုပ်တို့သည် လူ့ဇာတိအဖြစ်ကိုယူဆောင်သော
ယေဇူး၏ဘုရားအဖြစ်တော်၌ ပါဝင်ခွင့်ရသည့်အကြာင်း အမှတ်
လက္ခဏာ ဖြစ်သည်။
သန့်ရှင်းသောအရာများကိုနမ်းခြင်း
ယဇ်ပလ္လင်တော်၊ ကျမ်းစာစသော သန့်ရှင်းသောအရာကိုနမ်းခြင်းသည်
ရိုသေခြင်း၊ ချစ်ခင်ခြင်း၊ ဘုရားနှင့်ပေါင်းစပ်ရန် တမ်းတခြင်း၏ အမှတ်
လက္ခဏာ ဖြစ်သည်။
ဘုရားကျောင်းထဲ၌ ဦးညွှတ်ခြင်း၊ ခေါင်းညိမ့်ခြင်းတို့သည် အရိုအသေ
ပေးခြင်း၏အမှတ်လက္ခဏာဖြစ်သည်။
ဘုရားဝတ်ပြုစဉ်လက်ယှက်ခြင်း၊ လက်အထက်သို့ပင့်မြှောက်ခြင်းတို့သည် စိတ်အားထက်သန်စွာဆုတောင်းခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။
လက်တင်ခြင်း
လက်တင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကောင်းကြီးဘင်ဘောင် သက်ရောက်စေခြင်း၏ အမှတ် လက္ခဏာ ဖြစ်သည်။
ခရှုစူးမှတ်သားခြင်း
ခရှုစူးမှတ်သားခြင်းသည် ယေဇူးသခင်လက်ဝါးကပ်တိုင်ပေါ်မှာ
အသေခံခြင်းအကြောင်းနှင့် ပုဂ္ဂိုလ်သုံးပါးတစ်ဆူရှိကြောင်းကို
အမှတ်ရစေသည်။ ¤င်းအပြင် ခရှုစူးမှတ်သားခြင်းဖြင့် အဘယ်
ကျေးဇူးမဆို လူတို့အပေါ်သို့သက်ရောက်သောကြောင့် အရာဝတ္ထု
တစ်ခုခုကို သန့်ရှင်းစေရန်ဖြစ်စေ၊ ဘုရား၏ကာကွယ်စောင့်
ရှောက်ခြင်းကို ခံယူရရှိစေရန်ဖြစ်စေ၊ ကက်သလစ်ဘာသာဝင်တို့
သည် ခရှုစူးမှတ်သားခြင်းကို ပြုလုပ်ကြသည်။ အေဒီ ၁၄၄ ခုနှစ်တွင်
အန်တီအုတ်မြို့၏ ဆရာတော် အီညားဆီအူး (Ignatius) က စတင်
သတ်မှတ်ကာ ကျင့်သုံးစေခဲ့သည်။
လက်ဝါးကပ်တိုင်
မစ္ဆားပူဇော်တိုင်း ယေဇူးသခင်ပုံပါသော လက်ဝါးကပ်တိုင်ကို ယဇ်ပလ္လင်ပေါ်၌ အမြဲထားရခြင်းမှာ ကာလ်ဝါရီ တောင်ပေါ်၌ ယေဇူးသခင်၏ ပူဇော်ခြင်းကို သတိရစေရန်ဖြစ်သည်။ အကြောင်းမှာ မစ္ဆားတရားပူဇော်ခြင်း နှင့် ကာလ်ဝါရီ၌ပူဇော်ခြင်းသည်အတူတူပင် ဖြစ်သည့်အပြင် သခင်ယေဇူး၏ ဒုက္ခစရိယာခံခြင်းကိုလည်း သတိရစေရန် ဖြစ်သည်။ ထို့ကြောင့် ဘုရားစင်ပေါ်၌ လက်ဝါးကပ်တိုင် မရှိလျှင် မစ္ဆားတရားပူဇော်ခွင့် မရှိချေ။
မစ္ဆားတရားဟောချိန်၊ ပူဇော်ချိန်အတွင်း၌ ခေါင်းလောင်းတီးရခြင်း ၏ အဓိပ္ပါယ်မှာ အရေးကြီးသည့်အချိန် ရောက်ရှိနေပြီ ဖြစ်၍ သတိတရားနှင့်ဘုရားသခင်အား အာရုံပြုကြရန် သတိပေးခြင်းပင်ဖြစ်သည်။
မစ္ဆားတရားအစနှင့် အဆုံး၌ရဟန်းက ယဇ်ပလ္လင်တော်ကို (၂)ကြိမ်တိတိ နမ်းရခြင်းမှာ
(၁) လူထုပရိတ်သတ်ကိုနှုတ်ဆက်ခြင်း
(၂) ပလ္လင်ပေါ်မှာထားရှိသည့် ရဟန္တာများ၏ ဓါတ်တော်မွေတော်များကိုအရိုအသေပေးခြင်း
(၃) ရဟန္တာများနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း ကိုပြခြင်း
(၄) ပလ္လင်တော်သည် သခင်ယေဇူးကိုယ်တော်တိုင်၊ ကိုယ်တော်မြတ် ကိုစီရင်တည်ထောင်ခဲ့စဉ် အသုံးပြုခဲ့သော စားပွဲ၏ သဏ္ဍာန်ဖြစ်ခြင်း
(၅) သခင်ယေဇူး တံကျင်ပေါ်၌အသက်စွန့်သော ကာလ်ဝါရီတောင်၏ ပုံသဏ္ဍာန်ဖြစ်သောကြောင့်တည်း။
No comments:
Post a Comment