ရဟန္တာတစ်ပါးဖြစ်ဖို့ရန် ရှိရမယ့်ပါရမီတွေနဲ့ ခံယူချက်စိတ်ထားအများကြီး
ရှိပါတယ်။ အချို့ကို ကောက်နှုတ်ဖော်ပြပေးပါမယ်။
ရဟန္တာသူတော်သူမြတ်တို့သည် ဘဝကိုနောင်တစိတ်နဲ့၊ မေတ္တာစိတ်နဲ့
သို့၊ ပိုကောင်းရာမှ အကောင်းဆုံးသို့ ဘဝကိုစစ်ဆေးလျှက် အပြစ်ဒုစရိုက်
ကြေးညှော်များကို
မေတ္တာတရားနဲ့ဆေးကြောသန့်စင်ခဲ့ကြသူများဖြစ်ကြပါ
တယ်၊၊ ဘဝ၌ကောင်းမြတ်တဲ့ပါရမီများကိုရရှိအောင်လည်း
အစဉ်ကြိုးစား
ကျင့်ကြံဆောက်တည်ကြသူများ ဖြစ်ကြပါတယ်။
ရဟန္တာသူတော်မြတ် ရှင်သြဂုတ်စတင်းဟာ အမှန်တရားကိုမသိရှိခဲ့စဉ်က
အမှားပေါင်းများစွာကို ကျူးလွန်မိခဲ့ပေမယ့် အမှန်ကို သိလာတဲ့အခါမှာ
အမှားကိုစွန့်ပစ်ပြီး
အမှန်ကိုစွဲကိုင်လျှက် မွန်မြတ်သန့်စင်တဲ့ဘဝကိုရရှိ
လာအောင် မိမိကိုယ်ကို နောင်တစိတ်နဲ့ပြုပြင်ခဲ့သူဖြစ်ပါတယ်။
တမန်တော်ရှင်ပေါလူးကလည်း အမှားကိုအမှန်ထင်ပြီး
အမှန်ကိုအမှားဟု
ယူဆခဲ့ချိန်က အသင်းတော်ကြီးအား ဒုက္ခမျိုးစုံပေးခဲ့ပေမယ့် အမှန်နဲ့အမှား
ကိုခွဲခြားသိမြင်လာတဲ့အခါမှာ
မိမိရဲ့ဘဝတစ်ခုလုံးကိုအမှန်ဖက်သို့ ပြုပြင်
ပြောင်းလဲပစ်လိုက်ပါတော့တယ်။ အမှန်ကိုသိလာရတဲ့ဘဝမှာ အမှားကို ခင်တွယ်လျှက်ပွေ့ပိုက်မြတ်နိုးထားခြင်းမရှိပါ။
စွန့်ပစ်ခဲ့ပါတော့တယ်။
အမှားကိုအမှားမှန်းသိလျက်နဲ့ အမှားကိုဖက်တွယ်ထားပါရင် ရဟန္တာ
သူတော်သူမြတ် လုံးဝဖြစ်မလာနိုင်ပါ။
လူဟာမှားတတ်တဲ့သတ္တဝါဖြစ်ပါ
တယ်။ ဒါပေမယ့်အမှားကို အချိန်မီပြုပြင်ရင် ရဟန္တာသူတော်သူမြတ်
ဖြစ်လာဖို့အခွင့်အလမ်းရှိလာပါတော့တယ်၊၊
ရဟန္တာသူတော်သူမြတ်များဟာ
အမှားလုပ်တတ်ကြတဲ့လူသားများထဲက လူသားများပင်ဖြစ်ကြပါတယ်။
သို့သော်အမှားထဲမှာ ဒူးထောက်လက်မြှောက်အရှုံးပေးခဲ့ကြသူများတော့
မဟုတ်ကြပါ။ တစ်ကြိမ်လဲက၊
တစ်ကြိမ်ပြန်ထကြသူများဖြစ်ကြပါတယ်။
သုံးကြိမ်လဲက သုံးကြိမ်ပြန်ထကြတယ်။ အကြိမ်ကြိမ်လဲက
အကြိမ်ကြိမ်
ပြန်ထကြပါတယ်။
ဒီလိုနဲ့ဘဝမှာ အကြိမ်ကြိမ်အခါခါ ဇွဲနဲ့နောင်တတရားနဲ့ပြုပြင်ခဲ့ကြပြီး
အမှားများကို ကျော်လွှားအောင်မြင်ခဲ့ကြသူများဖြစ်ကြပါတယ်။ ဒီလိုအမှား
များကိုကျော်လွှားအောင်မြင်ခဲ့ပြီး
မှန်ကန်ပြီးမွန်မြတ်သန့်စင်တဲ့ဘဝများကို
ပိုင်ဆိုင်ရယူလာခဲ့ကြသူများဖြစ်ကြပါတယ်။ လူ့သဘောသဘာဝရဲ့အားနည်း
ချက်များကြောင့်
အမှားများကျူးလွန်မိပြီး ဘဝကျရှုံးချိန်မှာ စိတ်ဓာတ်ကျလျှက်
လက်မြှောက်အရှုံးပေးခဲ့ပါရင်
ရဟန္တာသူတော်သူမြတ် လုံးဝဖြစ်မလာနိုင်
ကြပါ။ တစ်ခါကပင်သစ်သာသနာပြုရဟန်းတော်တစ်ပါးဟာ
မစ္ဆားပူဇော်ခြင်း
၌ တရားနာပရိတ်သတ်ကို တရားပေးခဲ့ပါတယ်၊၊ ဟောကြားတဲ့တရားက နောင်တသံဝေဂတရားနဲ့စပ်ဆိုင်တဲ့တရားကို
ချီးမြှင့်ခဲ့ပါတယ်။
တရားစဟောတဲ့အချိန်မှစပြီးတော့ မစ္ဆားတရားပြီးတဲ့အချိန်ထိငိုရှိုက်နေတဲ့
အမျိုးသမီးကြီးတစ်ဦးကို သတိပြုမိလိုက်ပါတယ်။အဲဒီသာသနာပြုရဟန်း
တော်က မိမိဟောတဲ့နောင်တနဲ့စပ်ဆိုင်တဲ့တရားတော်ကြောင့်
အဲဒီအမျိုး
သမီးကြီး နောင်တသံဝေဂတရားရနေတယ်လို့ထင်မှတ်ပြီး ပီတိဖြစ်နေခဲ့
ပါတယ်၊၊ တရားဟောလို့အပြီးဘုရားကျောင်းအဆင်းမှာတော့ ဒကာမကြီး
နောင်တတရားရလို့ငိုနေတာလားလို့မေးတော့ မဟုတ်ပါဘူးဘုရား၊
ကိုယ်
တော်တရားဟောနေစဉ် ကိုယ်တော်ဘုရားရဲ့မုတ်ဆိတ်ဟာ တစ်နေ့က
သေဆုံးသွားတဲ့ တပည့်တော်မချစ်တဲ့
ဆိတ်သိုးကြီးနဲ့တူလွန်းလို့ သတိရပြီး
ငိုတာပါဘုရားလို့ ပြန်လျှောက်သတဲ့။ တိုက်ဆိုင်မှုလေးများကြောင့်ကျလာတဲ့
မျက်ရည်မျိုးဟာလည်း နောင်တမျက်ရည်မဟုတ်ပါ။ မိချောင်းမျက်ရည်၊ ကျား
မျက်ရည်မျိုးဟာလည်း
နောင်တတရားနဲ့မဆိုင်ပါ၊၊ မိချောင်းတို့၊ ကျားတို့မည်
သည် သားကောင်များကိုရက်စက်စွာကိုက်သတ်ဝါးမြိုစားသောက်တတ်ကြ
ပြီးတော့
အစာနင်လျှက်မချိမဆန့်ခံရချိန်မှာ မျက်ရည်များကျတတ်တယ်လို့
အဆိုရှိပါတယ်၊၊ နောင်တတရားရ၍ငိုကြွေးခြင်းမဟုတ်ပါ။
တကယ်နောင်တ
သံဝေဂတရားရသူဟာ မိမိအမှားအတွက် တကယ်ဝမ်းနည်းပြီး အမှားကို
တကယ်ပြုပြင်ကြပါတယ်။
ရဟန္တာသူတော်သူမြတ်များဟာ နောင်တယူရန် အချိန်ဆွဲလေ့ဆွဲထမရှိ။
မနက်ဖြန်ကိုမည်သူမျှမပိုင်ပါ။ နေ့မြင်ညပျောက်တတ်တဲ့သဘောကိုသိမြင်
ကြပါတယ်။ တစ်ခါကအပြစ်သားတစ်ဦးဟာ
ရဟန္တာသူတော်တော်မြတ်
ရှင်အီညာစီအူးထံလာရောက်ပြီး နောက်တစ်ပါတ်ကျမှ တပည့်တော်
နောင်တယူပါ့မယ်ဘုရားလို့လျှောက်တော့
ရဟန္တာသူတော်မြတ် ရှင်အီညာ
စီအူးက ''မင်းနောက်တစ်ပတ်အထိ ကျိန်းသေအသက်ရှင်နေရဦးမယ်လို့
ပြောနိုင်သလား''
လို့ပြန်မေးခဲ့ဖူးပါတယ်။
သေမင်းဟာအချိန်မရွေးလူတိုင်းဆီကိုလာနိုင်တယ်။
ဒီအချက်ကိုသိကြတဲ့
ရဟန္တာသူတော်သူမြတ်တွေဟာ မိမိဘဝကိုအမြဲပြုပြင်ခဲ့ကြပြီး သေခြင်း
တရားရောက်လာတဲ့အခါမှာတော့
အဆင်သင့်ရှိနေခဲ့ကြပါတော့တယ်။
ဒုတိယအချက်အနေနဲ့ ရဟန္တာသူတော်သူမြတ်များဟာ
အပြစ်ဒုစရိုက်ကို
ပြုမယ့်အစား အသေခံရဲသူများဖြစ်ကြကြောင်း ဆက်လက်ဖော်ပြပေးချင်
ပါတယ်။
ရဟန္တာသူတော်စင်လေး ရှင်ဒေါမနစ်ဆာဗီယိုက ''အပြစ်ဒုစရိုက်ကိုပြု
မည့်အစား အသေခံပါ့မယ်''တဲ့။ ရဟန္တာသူတော်သူမြတ်တွေဟာ အပြစ်
ဒုစရိုက်ကိုအသက်ပေး၍ရှောင်ရှားကြတယ်။
အပြစ်ဒုစရိုက်ဟာ ထာဝရ
အသက်ရှင်သန်ခြင်းကောင်းကင်သုခချမ်းသာနဲ့ဝေးကွာအောင်လုပ်သော
အရာဖြစ်တယ်၊၊
ဒါကြောင့်တဒင်္ဂရှင်သန်မှုဖြစ်တဲ့ လောကအသက်တာကို
စွန့်ရဲကြခြင်းဖြစ်တယ်။
ရဟန္တာမမာရီယားဂေါ်ရက်တီဟာ သန့်ရှင်းဖြူစင်ခြင်းကို
အမဲစက်ကင်း
အောင်ကာကွယ်ရင်းအသက်ပေးခဲ့တဲ့ ရဟန္တာသူတော်မလေးဖြစ်ပါတယ်၊၊
ရဟန္တာသူတော်စင် ရှင်ပေါ်လီကပ်ဟာလည်း ရှင်ယောဟန်ရဲ့တပည့်
သာဝကဖြစ်ခဲ့ပါတယ်၊၊
ခရစ်သက္ကရာဇ်(၁၆၇)ခုနှစ်တွင် သာသနာတော်
ကြီးကိုလိုက်လံညှင်းဆဲသောကာလမှာ အရာရှိအာဏာပိုင်များက
ဖမ်း
ဆီးခြင်းခံခဲ့ရပါတယ်။ ရဟန္တာသူတော်စင် ပေါ်လီကပ်ကို ခရစ်ယာန်တို့
ကိုးကွယ်တဲ့ဘုရားကိုကျိန်ဆဲစေပြီး
အခြားသောနတ်ဘုရားများကိုပူဇော်
ပသခိုင်းတဲ့အခါမှာ လုံးဝငြင်းဆန်ခဲ့ပါတယ်၊၊ အကျွန်ုပ်ဟာအနှစ်(၈၆)နှစ်
လုံးလုံး ဘုရားသခင်ကိုအစေခံခဲ့ရာမှာ ဘုရားရှင်ကကျွန်ုပ်ကို မကောင်း
တာတစ်စုံတစ်ခုမျှမလုပ်ခဲ့ပါ။
ဒါကြောင့် ကျွန်ုပ်ရဲ့ကယ်တင်ရှင်ဘုရားကို
စော်ကားကျူးလွန်သောလုပ်ရပ်များကို ကျွန်ုပ်လုံးဝမပြုလုပ်နိုင်ပါဟုဆိုရင်း
အသတ်ခံခဲ့ပါ တော့တယ်။
ရဟန္တာသူတော်စင် ရှင်အက်ကနက်စ်ဟာ နတ်ဘုရားများကိုပူဇော်ပသရန်
Diocletion ဧကရာဇ်ဘုရင်၏အမိန့်ကိုဆန့်ကျင်လျက် မိမိယုံကြည်သော
ဘာသာနဲ့ဘုရားရှင်အတွက်
အသက်ပေးစတေးခံခဲ့ပါတယ်။
ရဟန္တာသူတော်သူမြတ်များသည် အပြစ်ဒုစရိုက်ပြုလုပ်ကျူးလွန်ရင်းနဲ့
အသက်ရှင်နေရခြင်းထက်
ကောင်းသောလုပ်ငန်းစဉ်များကိုလုပ်ဆောင်ရင်း
သေသွားရသောဘဝကို ပိုပြီးလိုလားတောင့်တသူများ
ဖြစ်ကြပါတယ်။
အပြစ်ဒုစရိုက်ကိုရှောင်ရှားလျှက် သုစရိုက်ကောင်းမြတ်သောလမ်းစဉ်ကို
လျှောက်လှမ်းခြင်းဟာ
ရဟန္တာသူတော်သူမြတ်တို့ရဲ့တစ်ခုတည်းသော
လမ်းစဉ်ဖြစ်ပါတယ်။
မိမိတို့ရဲ့ဘဝမှာ နောင်တသံဝေဂတရားကိုရပြီး
ဘဝကိုပြုပြင်ကြပြီဆိုရင်
အပြစ်ဒုစရိုက်ကိုပြုလုပ်ကျူးလွန်မယ့်အစား အသေခံဖို့သာ အာသာဆန္ဒ
ပြင်းပြလာပြီဆိုရင်
ရဟန္တာသူတော်သူမြတ်တစ်ပါးဖြစ်လာစေတဲ့ သီလ
ပါရမီ မိမိဘဝထဲမှာရှိနေပြီဖြစ်ကြောင်း သိလိုက်ပါ။
သီလပါရမီရင့်ကျက်သူများ၊
သူတော်ကောင်းသူတော်မြတ်များ ဖြစ်နိုင်ကြပါစေ
(Mandalay Archdiocese မှ Rev. Fr. Dominic Jo Du
(Mandalay Archdiocese မှ Rev. Fr. Dominic Jo Du
ဖြေကြားပြုစုရေးသားထားသော ဘာသာရေးအမေးအဖြေ စာအုပ်မှ
ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် ယုံကြည်စိတ်ချစွာဖြင့်
ဖတ်ရှု လက်ခံနိုင်ပါကြောင်း)
No comments:
Post a Comment