လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

မစ္ဆားတရားတော်မြတ်၏ အကျိုးကျေးဇူးများ


မစ္ဆားတရားတော်မြတ်ကို ထိုက်တန်စွာပါဝင်ပူဇော်ကြသော ဘာသာဝင်များ
သည် အောက်ပါကျေးဇူးတော်များကို ခံစားကြရမည်ဖြစ်ပါသည်။

၁။ သေခါနီးတွင် မိမိပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားတော်များကြောင့် များစွာ
ကျေနပ်အားရမှုကို ရရှိနိုင်သည်။


၂။ မစ္ဆားတရားပူဇော်ခြင်းတွင် ပါဝင်ခဲ့ကြသော အကျိုးကျေးဇူးတော်များသည်
မိမိနှင့်အတူ တရားစီရင်သောနေရာတွင် ဘုရားသခင်၏ရှေ့မှောက်တော်တွင်
သနားခြင်းကရုဏာကို ရယူပေးမည်။

၃။ မစ္ဆားတရားပူဇော်ခြင်းကို စိတ်ပါဝင်စားစွာပါဝင်ခြင်းအားဖြင့် မိမိ၏အပြစ်
ဒဏ်များကိုလျော့နည်းစေမည်။

၎။ မစ္ဆားတရားပူဇော်ခြင်းကို မကြာခဏပါဝင်ခြင်းအားဖြင့် လူ့အဖြစ်ကိုခံယူ
တော်မူပြီးသော ယေဇူးဘုရားသခင်အား အစွမ်းကုန်ဂုဏ်ပြုရာ သက်ရောက်
စေသည်။

၅။ ကိုယ်တော်သည်လည်း မစ္ဆားတရားပူဇော်ခြင်းတွင်ပါဝင်သူများ၏ ပေါ့ဆမှု
များနှင့် စိတ်မ၀င်စားမှုများကို ဖြည့်ဆည်းပေးမည်။

၆။ မစ္ဆားတရားပူဇော်ခြင်းတွင်ပါဝင်သူများသည် မိမိတို့အာပါတ်ဖြေရန် မေ့ကျန်
ခဲ့သောအပြစ်များကို အခွင့်လွှတ်ခြင်းခံကြရမည်။

၇။ မစ္ဆားတရားပူဇော်ရာတွင် ပါဝင်သူများအပေါ် နတ်ဆိုး၏လွှမ်းမိုးခြင်းကို
လျော့နည်းစေမည်။

၈။ မစ္ဆားတရားပူဇော်ရာတွင် ပါဝင်သူများသည် ငရဲငယ်ရှိဝိညာဉ်များအတွက်
ဆုတောင်းရာတွင် အထောက်အကူပြုရာရောက်စေသည်။

၉။ အသက်ရှင်နေစဉ် မစ္ဆားတရားကို တစ်ကြိမ်တည်းပင် စိတ်ပါဝင်စားစွာပါဝင်
ခဲ့သော အကျိုးကျေးဇူးတော်များသည် မိမိသေဆုံးပြီးနောက် မြောက်များစွာ
သောမစ္ဆားတရားပူဇော်ခြင်းများထက် ပိုပြီးအကျိုးဖြစ်စေသည်။

၁၀။ မစ္ဆားတရားပူဇော်ခြင်းတွင် ပါဝင်ခြင်းဖြင့် ကက်သလစ်ဘုန်းတော်ကြီး၏
ကောင်းကြီးမင်္ဂလာကို ခံယူရရှိသောအခါ၊ ယေဇူးဘုရားသခင်၏ ကောင်းချီး
မင်္ဂလာဖြင့် အတည်ပြုခြင်းဖြစ်သည်။

၁၁။ မစ္ဆားတရားပူဇော်ခြင်းတွင် ပါဝင်ကြသူများသည် ထိုနေ့တွင်ကျရောက်သာ
သူတော်မြတ်အား ဆုတောင်းခြင်းဖြင့် သူတော်မြတ်၏ချစ်ခင်ခြင်းနှင့်ကာကွယ်
ခြင်းကိုခံစားနိုင်သည်။

No comments: