လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

မစ္ဆားအတွင်း အသုံးပြုသော သန့်ရှင်းသောပိတ်စ (အဝတ်များ) နှင့် အသုံးပြုသော ပစ္စည်းများ


၁။ ဖလားတော် အောက်ခံခင်းအဝတ် (Coporal)
       ဘေးဖက်အလယ်၌ (+) ပုံ လက္ခဏာပါရှိသည်။ ၄င်းအဝတ်ဖြူပဝါသည် 
ကိုယ်တော်မြတ်၏ ခန္ဓာတော်ကို ပတ်ရစ်ထားသော အဝတ်ဖြူ၏ အသွင်ကို
ဆောင်သည်။


၂။ ဖလားတော်သုတ်ပဝါ (Purificator)
အလျား (၁၂ မှ ၁၈) လက်မထိ¤င်း၊ အနံ (၉ မှ ၁ဝ) လက်မထိ၎င်း ရှိသော
ပဝါဖြူဖြစ်သည်။ ဖလားတော်ပေါ်ရှိ ပုဂံပြားအောက်တွင်ခင်းနိုင်ရန် (၃) 
လက်မလောက်ခေါက်ပြီး အနံပိုင်းရှိအလယ်ဗဟိုတွင် (+) လက္ခဏာရှိသည်။


၃။ ဖလားတော်ဖုံး အဝတ်ကတ်ထူ (Pall) 
မစ္ဆားပူဇော်စဉ်တွင် ဖလားတော်ကိုဖုံးထားသော အဖြူရောင်စတုရန်းပုံရှိ 
အဝတ်ထူစဖြစ်သည်။ အဓိပ္ပါယ်ကား သခင်ယေဇူး၏သင်္ချိုင်းကို ဖုံးအုပ်
ထားသော ကျောက်ဖြာအသွင်ကိုဆောင်သည်။ 


၎။ လက်သုတ်ပဝါအဖြူ (Finger Towel)
 ရဟန်းသည်မစ္ဆားပူဇော်ချိန်တွင် လက်သုတ်ပဝါအဖြစ်အသုံးပြုသော ပိတ်စ
ဖြူဖြစ်သည်။ ဒေါင့်တစ်နေရာ၌ (+) အမှတ်အသားရှိသည်။


၅။ ယဇ်ပလ္လင်ပေါ်တွင်ခင်းသောပိတ် (Linen Cloth)
 တရားဟောယဇ်ပလ္လင်ပေါ်တွင် ပိတ်သုံးထပ်ခင်းရသည်။ ဤပိတ်ကိုအသုံးပြု
ရခြင်းမှာ အလွန်သန့်ရှင်းသော ပူဇော်သက္ကာယအား ရိုသေခြင်းကိုပြရန်၎င်း၊ 
အကယ်၍ အသွေးတော်ဖိတ်စင်ခဲ့လျှင် မြေပေါ်မကျစေရန်ကာကွယ်ခြင်း
ဖြစ်ပါသည်။ ၄င်းပြင် ပလ္လင်ပေါ်မှာ ခင်းသောပိတ်ဖြူသည် ယေဇူးသခင်၏ 
အလောင်းတော်ကိုရစ်ပတ်သော အဝတ်၏ပုံသဏ္ဍါန်ဖြစ်သည်။


၆။ ပလ္လင်တော် (Altar)
မစ္ဆားပူဇော်ရာ၌ အသုံးပြုသော (တရားဟောစားပွဲ) ဘုရားစင်သည် 
ယေဇူးသခင်က ကိုယ်တော်မြတ်ကို စီရင်တည်ထောင်သောအခါ အသုံး
ပြုခဲ့သော စားပွဲ၏ပုံသဏ္ဍါန် (သို့) ယေဇူးသခင် တံကျင်ပေါ်၌ အသက်စွန့်
သော ကာလ်ဝါရီတောင်၏ ပုံသဏ္ဍါန်ဖြစ်သည်။

No comments: