ပြုလုပ်ရာတွင် ရဟန်းမင်းကြီးက တင်မြှောက်ပြီး ဘာသာဝင်များကို လက်ခံ
ခိုင်းခြင်းမဟုတ်ဘဲ ဘာသာဝင်များက သူတော်စင်အဖြစ် ရဟန္တာအဖြစ်
လက်ခံသောသူကို အထက်သို့ တင်ပြကာ အတည်ပြုစေခြင်းဖြစ်သည်။
ဘုရားသခင်၏ အစေခံ (Servant of God)
ဘာသာဝင်များနှင့်သက်ဆိုင်သော ဆရာတော်၊ သို့မဟုတ် ဂိုဏ်းအကြီးအကဲ
တို့မှ မိမိတို့က ရဟန္တာဟု ကြည်ညိုလေးစားသော ပုဂ္ဂိုလ်အကြောင်းကို
ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ ရဟန်းမင်းကြီး၏ရုံးတော်သို့ လျှောက်တင်ရပါ
သည်။ အသိအမှတ်ပြုထိုက်သောအကြောင်းရင်းများကိုလည်းတင်ပြရပါသည်။
ယင်းအဆင့်သို့ရောက်သည့်ပုဂ္ဂိုလ်ကိုဘုရားသခင်၏အစေခံ(Servant of God)
ဟုခေါ် ပါသည်။
ရဟန်းမင်းကြီး၏ရုံးတော်(The Congregation for the Causes of the
Saints) က ဘုရားသခင်၏ အစေခံ ဘဝအသက်တာနှင့် ပတ်သတ်သည့်
အချက်အလက်များကို စုဆောင်းရန် (Postulator) ဟုခေါ်သည့် မှတ်တမ်း
အရာရှိတစ်ဦးကို ခန့်ထားကာ စုံစမ်းစစ်ဆေးစေပါသည်။ အကောင်းအဆိုး
ထောက်ခံချက်၊ ကန့်ကွက်ချက်များကို စစ်ဆေးရပါသည်။ ဤစစ်ဆေးမှု
တွင် နတ်ဆိုးရှေ့နေ (Devil Advocate) ဟု တင်စားခေါ်ဆိုနိုင်သော ကန့်
ကွက်ရန်ပြစ်ချက်များကို ရှာဖွေထောက်ပြသည့်သူလည်း ပါဝင်ရပါသည်။
Saints) က ဘုရားသခင်၏ အစေခံ ဘဝအသက်တာနှင့် ပတ်သတ်သည့်
အချက်အလက်များကို စုဆောင်းရန် (Postulator) ဟုခေါ်သည့် မှတ်တမ်း
အရာရှိတစ်ဦးကို ခန့်ထားကာ စုံစမ်းစစ်ဆေးစေပါသည်။ အကောင်းအဆိုး
ထောက်ခံချက်၊ ကန့်ကွက်ချက်များကို စစ်ဆေးရပါသည်။ ဤစစ်ဆေးမှု
တွင် နတ်ဆိုးရှေ့နေ (Devil Advocate) ဟု တင်စားခေါ်ဆိုနိုင်သော ကန့်
ကွက်ရန်ပြစ်ချက်များကို ရှာဖွေထောက်ပြသည့်သူလည်း ပါဝင်ရပါသည်။
ရိုသေထိုက်သူ (Venerable)
ကောင်းမှုပါရမီပိုင်းကပို၍များပြားထင်ရှားပြီး နတ်ဆိုးရှေ့နေ၏တင်ပြချက်များ
ခိုင်လုံမှုမရှိပါက ထိုသူအား ရိုသေထိုက်သူ (Venerable) ဘွဲ့ကို ပေးအပ်ရန်
ရဟန်းမင်းကြီးထံ လျှောက်ထားပါသည်။ ရဟန်းမင်းကြီးက ထိုသူအား
ရိုသေထိုက်သူ ဘွဲ့ကိုပေးမှသာ သူနှင့် ပတ်သတ်သော ဆုတောင်းမေတ္တာ
စာလွှာများကို ဖြန့်ဝေခွင့်ရှိပါသည်။
မွန်မြတ်သူ (Blessed)
သူ၏ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့် ဘုရားသခင်ထံမှ ထူးခြားသော
တန်ခိုးအံ့ဘွယ်ရာများရရှိရန် ဆုတောင်းပေးဖို့ဖြစ်ပါသည်။ အကယ်၍
ထိုရိုသေထိုက်သူသည် ဓမ္မအာဇာနည်မဟုတ်ပါက နောက်တဆင့်သို့
ရောက်ရန် တန်ခိုးအံ့ဘွယ်ရာတစ်ခု လိုအပ်ပါသည်။ များသောအားဖြင့်
ကျန်းမာခြင်းနှင့်ဆိုင်သော တန်ခိုးအံ့ဘွယ်ရာများဖြစ်လေ့ရှိပါသည်။
ဥပမာအားဖြင့် လူတစ်ဦးသည် လုံးဝကုသမရနိုင်သောရောဂါခံစားနေ
ရသည်။ ဆရာဝန်များက လုံးဝမပျောက်ကင်းနိုင်ဟူ၍ သတ်မှတ်သည်။
ဆေးစာ၊ စမ်းသပ်ချက်၊ ဆေးမှတ်တမ်းများကလည်း ယင်းသတ်မှတ်
ချက်ကို ထောက်ခံသည်။ လူမမာရောဂါပျောက်ကင်းရန် ရိုသေထိုက်သူ
ထံ ဆုတောင်းပေးရန် တောင်းခံသည်။ လူမမာပျောက်ကင်းသွားသည်။
ယင်းကို ဆေးပညာအရ၊ သိပ္ပံပညာရှု့ထောင့်အရ မရှင်းပြနိုင်သောကြောင့်
တန်ခိုးအံ့ဘွယ်ရာ (Miracle) ဟုသတ်မှတ်ပါသည်။ ယင်းကိုရဟန်းမင်းကြီး
ရုံးတော်သို့ အထောက်အထားပြည့်စုံစွာ တင်ပြနိုင်သည့်အခါ မွန်မြတ်သူ
ဟူသောဘွဲ့ကိုရပြီး သူ၏ပွဲကို သူ၏သာသနာနယ်အတွင်း ကျင်းပခွင့်ရပါ
သည်။ ဤဘွဲ့အပ်နှင်းခြင်းကို မွန်မြတ်သူဘွဲ့အပ်နှင်းခြင်းအခမ်းအနား
(Beatification) ဟုခေါ်ပါသည်။
ရဟန္တာသူတော်သူမြတ် (Saints)
နောက်တဆင့်မှာ သန့်ရှင်းသောသူ၊ ရဟန္တာသူတော်သူမြတ်အဖြစ် အသိ
အမှတ်ပြုခြင်းဖြစ်သည်။ ယင်းသို့သတ်မှတ်ရန် နောက်ထပ်တန်ခိုးအံ့ဘွယ်ရာ
တစ်ခုလိုပါသည်။ ယင်းလိုအပ်ချက်ပြည့်စုံပါက ရဟန္တာအဖြစ်အသိအမှတ်
ပြုခြင်း (Canonization) ကို ပြုလုပ်ရပါသည်။ ထိုမွန်မြတ်သူသည် အသင်း
တော်၏ရဟန္တာစာရင်း (Canon of the Saints) တွင် ပါဝင်သွားပြီဖြစ်ရာ
သူ၏ပွဲနေ့ကို အသင်းတော်၏ နေရာတိုင်းတွင် ကျင်းပနိုင်ခွင့်ရှိပြီဖြစ်သည်။
ထို့ကြောင့် ရဟန်းမင်းကြီးက တင်မြှောက်သည်ဟုဆိုခြင်းထက် များစွာသော
ဘာသာဝင်တို့၏ ယုံကြည်သတ်မှတ်ချက်ကို တရားဝင်အသိအမှတ်ပြုပေး
ခြင်းသာဖြစ်သည်။
(မျိုးကြဲသူစာစောင် အတွဲ(၉၈)၊ အမှတ်(၆) တွင် ဘုန်းဘုန်းမောရစ်ညွှန့်ဝေ ရေးသားသော
ရာစုသစ်၏အသက်အငယ်ဆုံး ရဟန္တာများနှင့် သူတော်သူမြတ်များ
ဆောင်းပါးမှ တဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
No comments:
Post a Comment