လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ခွင့်လွှတ်တဲ့စိတ်

သူငယ်ချင်း

လူတွေကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ
မင်းရဲ့စိတ်နှလုံးတွေ ငြိမ်းချမ်းသွားလိမ့်မယ်...
   သူတစ်ပါးကို မှိုချိုးမျှစ်ချိုးပြောတတ်တဲ့သူနဲ့တွေ့ရင်
   သူဟာ ပါးစပ်ကပြောနေပေမယ့်
   စိတ်ကပါလို့မဟုတ်ပါဘူး....
    သူများကို ကပ်စားတတ်တဲ့
    ကပ်စေးနှဲ ကော်တစ်ရာနဲ့တွေ့ရင်
    သူဟာ ငါ့ရဲ့ဒါနမျိုးစေ့ကို
    ကြီးထွားစေသူပဲ.....
     သူများအပေါ်နိုင်လိုမင်းထက်
     ပြုမူချင်သူနဲ့တွေ့ရင်
     သူဟာ ငါ့ရဲ့သည်းခံခြင်းပါရမီကို
     ဖြည့်ဆည်းပေးနေသူပဲ.....
      သူများအကြောင်း မကောင်းပြောတတ်သူနဲ့တွေ့ရင်
      သူဟာ င့ါကို သူလိုမဖြစ်အောင်
      သတိလာပေးနေသူပဲလို့
      နှလုံးသွင်းပြီး
      ခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်လိုက်ပါ.....

                                           Anonymous

No comments: