ချစ်လှစွာသော ဓမ္မစာဖတ်ပရိသတ်တို့ သင်တို့ကြားနာခဲ့ရသော နှုတ်တော်ထွက် တရားတော်တွေဟာ အမှန်တရားတွေဖြစ် ပါသည်။ သင်သာခွင့်ပြုလျှင် ထိုတရားတော်သည်သင့် ဘဝကို အမှန်ပင်ပြောင်းလဲပေးပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နှုတ်ကပါတ်တော် သည် ဘုရားသခင်၏နှလုံးသားမှလာသော တရားတော်များဖြစ်သည်။ ဘုရားရှင်ဟာ သင့်ကိုအရမ်းချစ်ပါသည်။ သူဟာသင့်ဘဝ တစ်လျှောက်လုံးလိုက်ရှာနေတဲ့ ဖခင်တစ် ယောက်ဆိုလည်း ဟုတ်ပါတယ်။ ဤစာ သည် သင့်ဖခင်ခမည်းတော်ဘုရား သင့်ထံ ပို့လိုက်သော သင့်ဖခင်၏ချစ်သဝဏ်လွှာဖြစ် ပါသည်။
ဖခင်၏ချစ်သဝဏ်လွှာ
သို့
ရင်နှစ်သည်းချာ ချစ်လှစွာသောသား
သားရေ အဖေ့ကိုသားသိချင်မှသိမှာပါ။ ဒါပေမယ့်
သားအကြောင်းအားလုံးကို အဖေသိပါတယ်။ သားဘယ်အချိန်ထိုင်လဲ၊ ထလဲဆိုတာအစ သားရဲ့အတွင်းစိတ်အကြံ အစည်အားလုံးကို အဖေသိတာပေါ့။ သားရဲ့ ဦးခေါင်းပေါ်ကဆံပင်တွေ ဘယ်လောက်ရှိ တယ်ဆိုတာကိုလည်း
အဖေရေတွက်ပြီးသား ပါ။ ဘာကြောင့်လဲလို့မေးရင် အဖေ့ရဲ့ပုံ သဏ္ဍာန်တော်အတိုင်း
သားကိုအဖေဖန် ဆင်းထားတာပါလို့ပဲဖြေလိုက်မယ်နော်။
ဒါ့ ကြောင့်လဲ သားဟာအဖေ့ရဲ့အရိပ်အာဝါသ အောက်မှာရှင်သန်လှုပ်ရှားနေနိုင်တာပေါ့။
သားဟာ အဖေရဲ့သားပါ။ သားကို သားရဲ့ မိခင်ဝမ်းထဲမှာ
သန္ဓေမတည်ခင်ကတည်းက အဖေသိပြီးသားပါ။ နောက်ပြီးပြောရဦးမယ်။ ဟောဒီကမ္ဘာမိုးမြေမဖန်ဆင်းခင်ကတည်း
က အဖေသားကိုရွေးချယ်ခဲ့တာ။ သား လူဆိုတာအားနည်းပြီး
မပြည့်စုံတဲ့သတ္တဝါ ဖြစ်တာကြောင့် အမှားတွေလုပ်၊ အပြစ်ထဲမ ကြာခဏဆိုသလို ကျရောက်တတ်ပါတယ်။ ဒါပေမယ့် သားရဲ့မပြည့်စုံသေးတဲ့အရာတွေ အပြစ်အမှားတွေပြုလုပ်တတ်တဲ့အကျင့်ဆိုး
တွေကို အဖေကိုယ်တိုင်ပြုပြင်ပေးပြီးကောင်း
တဲ့နေ့ရက်တွေအဖြစ် အဖေ့ရဲ့မှတ်စုစာအုပ် ထဲမှာ အကုန်မှတ်သားထားလိုက်ပါတယ်။ နောက်ပြီးသားဘယ်နေရာမှာ ဘာလုပ်ကိုင် စားသောက်ရမလဲ၊
ဘယ်လိုအသက်ရှင်ရမ လဲဆိုတာမပူပါနဲ့။ အဖေအားလုံးစီစဉ်ထား ပြီးသား။ သားရေ..သားကိုလေ အမေက
ကြောက်စရာကောင်းတဲ့လူလိုတစ်မျိုး၊
အံ့သြ စရာကောင်းတဲ့လူလိုတစ်ဖုံဖန်ဆင်းပြီး
ကမ္ဘာ လောကကြီးထဲကိုခေါ်ဆောင်ခဲ့တာကိုတော့
သားသိမှာမဟုတ်ဘူး။ ချစ်သားရေ အဖေကို မသိတဲ့လူတွေက သားကိုအဖေ့အကြောင်း
တွေကိုတလွှဲပြောပြနေတာပါ။ ဒါပေမယ့် အဖေသူတို့ကိုစိတ်မဆိုးသလို၊ သားနဲ့အဝေး ဆုံးနေရာမှာလည်းရှိမနေပါဘူး။ ပြီးပြည့်စုံတဲ့ ဖခင် မေတ္တာစိတ်အပြည့်နဲ့သားနဲ့အနီးဆုံးမှာ အမြဲတမ်းရှိနေခဲ့တာပါ။ အဖေ့ရဲ့ကြီးမားနွေး ထွေးတဲ့ချစ်ခြင်းမေတ္တာတွေဟာ သားအ တွက်ပါပဲ။ ဒီအရာတွေကို
ရက်ရက်ရောရော ပေးချင်တာလည်း အဖေ့ရဲ့ဆန္ဒပါ။ ဘာ ကြောင့်လဲဆိုတာသိလား၊ သင်ဟာ ငါ့သား
ဖြစ်နေလို့ပါ။ သားရေ သားလေးကိုကမ္ဘာမြေ ပေါ်ကသင့်ဖခင်ပေးနိုင်တာထက်
အဖေပိုပြီး သားရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် ပါတယ်။ စောင့်ရှောက်ပေးနိုင်ပါတယ်။ အဖေဟာ သားအတွက်ပြည့်စုံတဲ့ဖခင်တစ်ဦး
ပါ။ သားရေ သားဘဝတစ်လျှောက်လုံး လက်ခံရရှိခဲ့တဲ့ကျေးဇူးတော်တွေအားလုံးဟာ
အဖေ့ဆီကလာတာချည်းပါပဲ။ သားရဲ့လိုအပ်ချက်တွေအားလုံးကို ဖခင်တစ်ယောက်အနေ နဲ့မြင်တာပါ။ သားမတောင်းတဲ့ဆုတွေလည်း အဖေအမြဲတမ်းပေးနေတာပါ။ သားရဲ့အနာ ဂတ်မျှော်လင့်ချက်တွေ၊ အကြံအစည်တွေ အောင်မြင်ဖို့လုပ်ဆောင်ပေးဖို့က အဖေ့ရဲ့ ဆန္ဒပါ။ ဘာဖြစ်လို့လဲဆိုရင်
အဖေဟာသား ကိုအဆုံးမရှိ၊ပြောင်းလဲမှုမရှိတဲ့ချစ်ခြင်းမျိုးနဲ့
ချစ်နေလို့ပါ။ နောက်ပြီးသားအတွက် အဖေ စီစဉ်ထားတဲ့အရာတွေဟာ ပင်လယ်ကမ်း
ခြေပေါ်ကသဲပွင့်တွေထက်တောင်များနေပါ
သေးတယ်။ သားရေ သားအတွက်ကောင်းမှုတွေ လုပ်ပေးဖို့
အဖေဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ဘူး။ သားဟာအဖေ့ရဲ့ရတနာတစ်ပါး ပါ။ နောက်ပြီးအဖေ့ရဲ့စိတ်၊ ဝိညာဉ်အကြွင်း
မဲ့သားကိုဒီလောကကြီးမှာ နေရာချထားဖို့ အဖေ့ဆန္ဒရှိတယ်။ ပြီးတော့ ကြီးမားတဲ့အရာ၊ ထူးဆန်းနက်နဲတဲ့အရာတွေလည်း သားကိုပြ ဖို့ရှိသေးတယ်။ ဒီအရာတွေကိုသားတွေ့ချင် တယ်ဆိုရင်တော့ သားရဲ့စိတ်နှလုံးအကြွင်းမဲ့ စိတ်ထားရှိသမျှ၊
အစွမ်းရှိသမျှနဲ့အဖေ့ကိုရှာ
ဖို့တော့လိုမယ်နော်။ သားအဖေ့ကိုရှာတွေ့မှာ ပါ။ အဖေနဲ့သားနေပျော်မယ်ဆိုရင် သားရဲ့ စိတ်အလိုဆန္ဒပြည့်စုံခွင့်ကို
အဖေပေးနိုင်ပါ တယ်။ ဒီမှာ သား၊
အဖေဟာ သားဝမ်းနည်း ကြေကွဲတဲ့အချိန် အကြီးများဆုံးသော အား ပေးဖော်၊ ဒုက္ခရောက်နေတဲ့အချိန်တိုင်းနှစ်
သိမ့်ပေးမယ့်ဖခင်တစ်ယောက်အနေနဲ့အမြဲ
တမ်း သားအနားမှာရှိနေပါတယ်။
သားရေ သိုးထိန်းတွေဟာ သူတို့ရဲ့သိုး
ကလေးတွေကို မိခင်သိုးမတွေဆီခေါ်ဆောင် သွားသလို အဖေ့ရဲ့နှလုံးသားနဲ့အနီးဆုံးနေ ရာအထိသားကို အဖေခေါ်ဆောင်သွား မှာပါ။ တစ်နေ့ကျရင် သားရဲ့မျက်ဝန်းထဲကမျက်ရည်
အားလုံးကို ဖေဖေသုတ်ပေးမှာပါ။ နောက်ပြီး ဤကမ္ဘာမြေပေါ်မှာ သားခံစားခဲ့ရတဲ့ ဒုက္ခ ဝေဒနာတွေ၊ ခါးသီးမှုတွေအားလုံးကိုလည်း
အဖေကုစားပေးမယ်။ ဒီမှာသား ဖေဖေဟာ ဖေဖေ့ရဲ့သား ယေဇူးဘုရားကိုချစ်သလို
သား ကိုလည်းသူ့ထက်မပိုတဲ့အချစ်မျိုးနဲ့ချစ်ပါတယ်။
အဖေသားကိုဘယ်လောက်ချစ်သလဲဆိုတာကို
ယေဇူးခရစ်တော်အားဖြင့် အဖေ့ရဲ့အချစ် တွေကိုဖေါ်ပြပေးခဲ့ပါပြီ။ သူဟာအဖေ့ရဲ့တစ် ဦးတည်းသော ကိုယ်စားလှယ်ပါ။ သူသည် ကမ္ဘာမြေကြီးပေါ်ြ<ွကလာခဲ့တာဟာ
အဖေ သားကိုဆန့်ကျင်ဖို့မဟုတ်ဘဲ သားအတွက် လာခဲ့တယ်ဆိုတာကို သွေးနဲ့ရင်းပြီးသက်သေ ပြခဲ့ပါတယ်။ နောက်ပြီး သခင်ခရစ်တော်ဟာ သားရဲ့အပြစ်တွေကို ရေတွက်ဖို့လာခြင်းမ ဟုတ်ဘဲ သူ့အသက်အသေခံပြီး သားနဲ့အဖေ
ပြန်လည်ကျေအေးသင့်မြတ်အောင်လုပ်ဖို့
လာခြင်းသာဖြစ်ပါတယ်။ သူ့ရဲ့အသေခံခြင်း ဟာ သားအတွက်အဖေ့ရဲ့ကြီးမားနက်ရှိုင်းတဲ့ ချစ်ခြင်းကိုဖော်ပြနေပါတယ်။ သားရဲ့အချစ် ကိုပြန်ရဖို့ အရာအားလုံးကိုစွန့်လွှတ်ပြီးချစ် ခဲ့တာပါ။ အကယ်၍များ သားဟာ အဖေ့ရဲ့ တစ်ဦးတည်းသောသား
ယေဇူးခရစ် တော်ဆိုသောလက်ဆောင်ကို လက်ခံမယ်ဆိုရင် အဖေ့ကိုလက်ခံတာနဲ့အ တူတူပါပဲ။ ပြီးတော့ အဖေနဲ့သားရဲ့ချစ်ခြင်း ကို ဘယ်အနှောက်အယှက်ရန်စွယ်ကမှ ထပ် ခွဲလို့မရတော့ပါဘူး။
အဖေ့ဆီ ပြန်လာခဲ့ပါလား သားရယ်။ သားအတွက် ကြီးကျယ်ခမ်းနားတဲ့စား
သောက်ပွဲကြီးကို ပြင်ဆင်နေပါပြီ၊ ဖေဖေ စောင့်နေမယ်နော်။ သားအဖေ့ကို
အဖေလို့ အသိအမှတ်ပြုလက်ခံပြီး ပြန်လာတဲ့အထိ သားကိုအဖေ စောင့်နေမယ်နော်။
သားကိုထာဝရချစ်နေမယ့်ဖေဖေ
ထာဝရမြတ်စွာဘုရား။
No comments:
Post a Comment