ကက်သလစ်ဘာသာဝင်တို့သည် မိမိတို့၏ ကိုယ်ခန္ဒာပေါ်တွင်
လက်ဝါးကားတိုင်တော်ပုံကို မှတ်သားလေ့ရှိ၏။
ရိုမင်ကက်သလစ်ဘာသာဝင်များမှာ လက်ယာဖက်လက်ချောင်းများကို
ကြာဖူးကြာငုံပုံ စုဖွဲ့၍ နဖူးမှစတင်ကရင်ဘတ်အလယ်၊ ထို့နောက် လက်ဝဲဘက်ပုခုံးနှင့် နောက်ဆုံးတွင်
လက်ယာဖက်ပုခုံးတို့ကို အစဉ်အတိုင်းတို့ထိ၍လက်ဝါးကားတိုင်တော်ပုံအမှတ်အသားပြုကြ၏။ထိုသို့မှတ်သားနေစဉ်နှုတ်မှ“ခမည်းတော်၊
သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ နာမတော်မြတ်နှင့်၊ အာမင်” ဟု ရွတ်ဆို၏။
ဘာဇင်တိုင်းကက်သလစ်ဘာသာဝင် ( Byzantine
Catholics)များသည်လည်း ခန္ဒာကိုယ်ပေါ်တွင် လက်ဝါးကားတိုင်တော်ပုံ မှတ်သားကြ၏။ သို့သော်
အနည်းငယ်ကွာခြားသည်မှာ သူတို့၏ အမှတ်အသားပြုပုံမှာ နဖူးမှစတင်ကာ ရင်ဘတ်အလယ်၊ ထို့နောက်
လက်ယာဖက်ပုခုံးနှင့်နောက်ဆုံးမှ လက်ဝဲဘက်ပုခုံးကို တို့ထိမှတ်သားကြ၏။
၁၀၅၄ ခုနှစ်တွင် ဘာဇင်တိုင်းကက်သလစ် ခရစ်ယာန်သာသနာသည်
ကမ္ဘာ့အရှေ့ပိုင်း သြသောဒေါက်ခရစ်ယာန်အဖြစ် ကက်သလစ်သာသနာတော်မှ ခွဲထွက်ခဲ့၏။ သို့သော်
၁၇ရာစုတွင် သာသနာပိုင်ပုပ်ရဟန်းမင်းကြီးကိုသာသနာ့ဦးသျှောင်အဖြစ်ပြန်လည်လက်ခံပြီး၊
ကက်သလစ်သာသနာနှင့် ပြန်လည်ပေါင်းစည်းလာခဲ့သည်။ သို့သော် နေရာဒေသကို အစွဲပြု၍ ဘာဇင်တိုင်း
ကက်သလစ်ခရစ်ယာန်ဟုခေါ်တွင်၏။ ဘာဇင်တိုင်း ကက်သလစ်ခရစ်ယာန်များတွင် ရူသနီးယား၊ ယူကရိန်း၊
ဂရိ၊မယ်လ်ကို၊ရိုမေးနီးယား၊အီတာလို-အာဘာနီးယား၊ဘာဇင်တိုင်းကက်သလစ်ခရစ်ယာန် သာသနာများလည်း
ပါဝင်၏။
မြန်မာနိုင်ငံရှိ ကက်သလစ်ခရစ်ယာန်သည် ရိုမင်ကက်သလစ်ခရစ်ယာန်
(Roman Catholic) သို့မဟုတ် (Latin
Catholic) ခရစ်ယာန်ဖြစ်ပါသည်။ ဘာဇင်တိုင်း ကက်သလစ်ဘာသာဝင်များ မရှိကြပါ။
ဘာဇင်တိုင်းကက်သလစ်များကဲ့သို့ ရိုမင်ကက်သလစ်သာသနာနှင့်
တစ်ပေါင်းတည်း ဖြစ်သည့် မာရိုနိုက်၊ကော့ပ်တစ်(သို့မဟုတ်)ချားလ်ဒီးယန်းကက်သလစ်များကလည်းလက်ဝါးကားတိုင်တော်အမှတ် ပြုလုပ်လေ့ရှိကြ၏။
ဤသို့ လက်ဝါးကားတိုင်တော်ပုံ မှတ်သားခြင်းဖြင့်
ကက်သလစ်ခရစ်ယာန်များသည် ၁။ “ ခမည်းတော်ဘုရား၊သားတော်ဘုရား၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားတည်းဟူသော
တစ်ဆူဘုရားအားလည်းကောင်း
၂။သားတော်ယေဇူးဘုရား၏လက်ဝါးကားတိုင်တော်ခံယူတော်မူခြင်းအားလည်းကောင်း
အောက်မေ့သတိရကြ၏။။။
အောက်မေ့သတိရကြ၏။။။
No comments:
Post a Comment