ယနေ့ ဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲမှာ သခင်ယေဇူးက သူရဲ့တပည့်တော်ကြီးများကို စေလွှတ်တော်မူကြောင်း ဖတ်ရှုကြားနာရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တပည့်တော်ကြီးများ၏ စေလွှတ်ခံရခြင်းအကြောင်းဖြစ်ပါတယ်။
သခင်ခရစ်တော်က မိမိတပည့်တော်ကြီးများကို နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သာ အာဏာနှင့်တကွ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းအပေါ်ကိုသာ အာရုံထားရန် (ဆောင်ရန်) နှင့် ကျန်သည့်ကိစ္စများအတွက် စိုးရိမ်ခြင်းမရှိရန် (ရှောင်ရန်)များ မှာကြားကာ စေလွှတ်ခြင်းဖြစ်ပါတယ်။ လုပ်ရမည့်အလုပ်ကား ဘုရားသခင်သည် ကျွန်ုပ်တို့အလယ်တွင် တည်ရှိတော်မူကြောင်း၊ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ အမြဲအစဉ် တည်ရှိတော်မူကြောင်း ကြေငြာဟောကြားရန် ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ဆိုလိုသည်မှာ ကျွန်ုပ်တို့တစ်ဦးချင်းစီဟာ ဘုရားရှင်အပေါ်ကိုသာ လုံးလုံးလျားလျား ယုံကြည်ကိုးစားမှီခိုပြီး ဘ၀ကို လွတ်လပ်မှုအပြည့်၊ အဟန့်အတားအနည်းဆုံးဖြင့် ဖြတ်သန်းကြရန် ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာနှင့် ပိုင်ဆိုင်မှုဆိုသည်မှာ ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများနှင့် ၄င်းတို့၏ ကျေးကျွန်အဖြစ်သို့ သက်ဆင်းစေလျှက် စစ်မှန်သော ဓနဥစ္စာ(ကောင်းကင်ဘဏ) ကို ရှာဖွေရာမှ လမ်းချော်စေပါတယ်။ ကျွန်ုပ်တို့အတွက် ကောင်းသောစံနမူကား ခရစ်တော်ကိုယ်တိုင်ရှင်ပဲ ဖြစ်ပါတယ်။ ဒီလောကမှာ ရှိနေစဉ် ကိုယ်တော်ရှင်အတွက် ခေါင်းချစရာနေရာတောင် မရှိခဲ့ပါ။ ဒါပေမယ့် ကိုယ်တော်ရှင်ဟာ လူမှုရေးအပိုင်းမှာ ချို့တဲ့မှုမရှိခဲ့ပါ။ ကိုယ်တော်တိုင်ပင် တစ်ပါးသူ(လိုအပ်သူ)တို့ကို အကူအညီများစွာ ပေးနိုင်ခဲ့သည် မဟုတ်ပါလား….
ဒီနေ့ ပထမကျမ်းထဲတွင်လည်း ပရောဖက် အာမုတ်အနေဖြင့်
သူ့အား လက်မခံလိုသူများနှင့် ရင်ဆိုင်ခဲ့ရကြောင်းအပြင် သူကိုယ်တိုင်လည်း ဘုရားသခင်၏
စေခိုင်းချက်အရသာ ဆောင်ရွက်ရခြင်းဖြစ်တယ် ဆိုတာကို ကြားနာခဲ့ရတယ်။ ကျွန်ုပ်တို့အနေနှင့်လည်း
ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် လုပ်ငန်းတို့တွင် ကိုယ်တော်အား သက်သေခံရာတွင်
လက်မခံသူများနှင့် ကြုံရမည့်အပြင် ကျွန်ုပ်တို့ကိုယ်တိုင်တွင်လည်း မထိုက်တန်မှု၊ မပြည့်ဝမှုများကို
ခံစားရချိန်များရှိမှာ သေချာပါတယ်။ ဒါပေမယ့် မမေ့အပ်တဲ့အရာကား ကျွန်ုပ်တို့ တစ်ဦးချင်းစီသည်
ဆေးကြောခြင်းမင်္ဂလာတော်မြတ်ကို ခံယူခဲ့ပြီးဖြစ်ရာ ကိုယ်တော်ရှင်၏ သားသမီးတစ်ဦးအနေဖြင့်
ဖခင်၏ဆန္ဒနှင့် လုပ်ငန်းကို ဆက်၍ အဓွန့်ရှည်အောင် လုပ်ကြရမည်မှာ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။
ကိုယ်တော်ရှင် စေခိုင်းသည့် လုပ်ငန်းကို ဆောင်ရွက်ကြရာမှာ ကိုယ်တော်ရှင်ထံမှ အကူအညီနှင့်
ခွန်အားသတ္တိကို အသနားခံရင်း ကိုယ်တော်၏ တာဝန်ကျေပွန်သော သားသမီးများဖြစ်နိုင်ကြရန်
အတူတကွ ကြိုးပမ်းသွားကြပါစို့……….
No comments:
Post a Comment