လောကရဲ့မုန်တိုင်း လှိုင်းထန်လွန်းလည်း
ခေါင်းငုံ့ရင်း ဆက်လျှောက်ဆဲ
ရှုံးနိမ့်မှုတွေကြုံလာတိုင်း
မျက်နှာအပ်ပြီး ငိုကြွေးချင်တဲ့
အမေ့ရဲ့ရင်ခွင်
နောက်တစ်ခါကြိုးစားဖို့ ပြောကြားလာမယ့်
အဖေ့ရဲ့အားပေးစကား
ဒီအရာတွေကို ဘယ်ကများရနိုင်မလဲ.....
ကမ္ဘာကြီးတောင် နေနဲ့လရှိမှ
အလင်းနဲ့အမှောင်ကို
ပေးစွမ်းနိုင်တာပါ..
သားသမီးတို့ဘဝ
လမ်းပြမီးအိမ်ဆိုတာ
မိဘတွေပဲမဟုတ်ဘူးလား.....
အခုတော့
မိဘမရှိတဲ့ဘဝ
မီးအိမ်ပျောက်တဲ့ အမှောင်ညလို
အသက်ရှင်လျှက်
ဘ၀သေခဲ့ရပြီ.....
နောင်လာမယ့်
မျိုးဆက်တိုင်း
မိဘမဲ့ဘ၀မှ
ကင်းဝေးကြပါစေ.............
ကိုရင် အေးရှိုင်းအောင်
No comments:
Post a Comment