မိဘမေတ္တာဆိုတာ....
ကြယ်တွေအားလုံးထက် လင်းလက်တောက်ပတယ်
စိမ့်စမ်းရေအားလုံးထက် ကြည်လင်အေးမြတယ်
စကြာဝဠာကြီးထက် ကြီးကျယ်ခမ်းနားတယ်
နေတွေလတွေထက် တည်တံ့ခိုင်မြဲတယ်
လူတွေသတ်မှတ်ထားတဲ့ အကောင်းဆုံးကဗျာတွေထက်
ပိုပြီး နူးညံ့လှပတယ်.....
တစ်စုံတစ်ယောက်က ကမ္ဘာကြီးကို
ကျွမ်းထိုးမှောက်ခုံဖြစ်အောင်
လုပ်ကောင်းလုပ်နိုင်လိမ့်မယ်...
မိဘမေတ္တာကိုတော့ တစ်စက်ကလေးလျှော့အောင်
ဘယ်သူကမှ ဘယ်လိုအင်အားမျိုး
ဘယ်လို နောက်ဆုံးပေါ် စက်ပစ္စည်းမျိုးနဲ့မှ
ဖြိုချဖျက်ဆီးလို့ မရနိုင်ပါဘူး...
မိဘတိုင်းရဲ့ ရင်ထဲမှာရှိတဲ့
မေတ္တာတရားဆိုတာ
စကြာဝဠာအတွင်းမှာ
အတုမရှိတဲ့
အခိုင်မာဆုံး
ရဲတိုက်တွေပါ.....
အေးရှိုင်းအောင်
No comments:
Post a Comment