လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

အနစ်နာခံသူ (သို့) ပေးဆပ်သူ

အနစ်နာခံ သူမစံပဲ
စာနာစိတ်ထား စဉ်ပွားများလျက်
တပည့်သားကောင်း ရဟန်းလောင်းတို့

ဝမ်းရေးတစ်ထွာ ပြည့်စေလို့ငှါ
ရှာဖွေကျွေးမွေး သူမနှေးခဲ့ . . .

အနစ်နာခံ သူမချန်ပဲ
ချစ်သားတွေအတွက် ရည်ရွှယ်ချက်ဖြင့်
ဆုတောင်းတစ်ခါ ဖွေရှာတစ်လှည့် ငွေရှာခဲ့၍
ရင်နှင့်မကွာ သားရင်းချာသို့
ကျွေးမွေးစဉ်ဆက် သူမပျက်ခဲ့ . . .

အနစ်နာခံ သူမထန်ပဲ
သူတော်စင်လမ်း သူလျှောက်လှမ်းပြီး
ချစ်တပည့်များ ဝိညာဉ်ခွန်အား အစဉ်ပွားစေရန်
ဘဝအတွေ့ကြုံ  အဖုံဖုံကို
ဥပမာထား သွန်သင်ကြားရာ
စံနမူနာကောင်း ရဟန်းလောင်းတို့အတွက် သူလေဖြစ်ခဲ့ . . .

အနစ်နာခံ သူမပန်ပဲ
သူလေကြိုးစား ပျိုးသ်ာငြားလည်း
တစ်ခါတစ်ရံ တုံ့ပြန်ဝေဖန် သူခံရ၍
ကြင်နာနှလုံးသား  ဒဏ်ရာကြားက
ချစ်မျက်ရည်ဖြူ  ကျခဲ့ပါမူ
တပည့်ကျောင်းသား ရဟန်းလောင်းများအား
အနာဂတ်မှာ ဖူးပွင့်မွှေးကြိုင် သင်းရနံ့လှိုင်ရန်
ဖြူစင်အချစ်များ မြတ်စိတ်ထားဖြင့်
သူတို့ပြုစု ယုယမှုမှာ
အေးမြသာယာ ငွေစန္ဒာပမာ
အစဉ်အမြဲ  အပြုံးမပျက်ပဲ
ထွန်းလင်းလို့သာ နေပါတော့သည် . . .


                                                         ကိုရင် Marcellus စိုးထက် (ချောင်းရိုး)

No comments: