လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

မိဘကောင်းများ၏ ဂုဏ်အင်္ဂါ (၁၀) ပါး

၁) သားသမီးများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပြီး ကျွေးမွေးစောင့်ရှောက်ခြင်း...

၂) ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော မိသားစုတည်ဆောက်ခြင်း...
၃) မိဘဆရာများကို ရိုသေရန် သားသမီးများအား ပြုစုပျိုးထောင်ပြီး၊ မိမိတို့ကိုယ်တိုင် ဆရာသမားများအား
    ရိုသေလေးစားခြင်း...
၎) သားသမီးများတွင် အပြစ်ရှိလျှင် (သို့) သူတစ်ပါးကို မတရားပြုလျှင်မျက်နှာမလိုက်ဘဲ
    ပြောဆိုဆုံးမတတ်ခြင်း...
၅) သားသမီးများကို စည်းကမ်းရှိရန် သင်ကြားလေ့ကျင့်ပေးပြီး အကျင့်ပျက်သောသူများနှင့် 
    အပေါင်းအသင်း မလုပ်ရန် ဆိုဆုံးမခြင်း...
၆) အလွန်အမင်း တပ်မက်ခြင်းသည် ပျက်ဆီးခြင်း၏ မူလအစဖြစ်သောကြောင့် ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်းများကို
    အလွန်အမင်းတပ်မက်ခြင်း မရှိရန် သားသမီးများအား ပြုစုပျိုးထောင်ခြင်း...
၇) သမီးများကို အမြင်တင့်တယ်သော အ၀တ်အစားများ ဆင်ယင်ရန် တိုက်တွန်းသကဲ့သို့ သားများကိုလည်း
    လူကြီးလူကောင်းဆန်စွာ ၀တ်စားစေခြင်း...
၈) သားသမီးများကို အပြစ်ထဲ (သို့) သွေးသားဖြားယောင်းမှုမှ ကင်းဝေးအောင် နည်းကောင်းလမ်းပြခြင်း...
၉) သားသမီးများ၏ ကောင်းသော စံနမူနာဖြစ်အောင် ကျင့်ကြံ၊ ပြုမူ၊ နေထိုင်ခြင်း...
၁၀) ဘယ်သောအခါမှ အကြမ်းဖက်သောနည်းကို မသုံးရန် သားသမီးများအား နားဝင်အောင်
      ပြောဆိုဆုံးမခြင်းတို့ပင် ဖြစ်သည်။

                   ( Ten Commandments for Parents by Sam Levenson
                                         From Catholic Quote, Pg. 31-32) 

No comments: