လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

စိတ်ပုတီး၏ အကျိုးကျေးဇူး (၁၅) ချက်


စိန်ဒေါမိနစ်အား မယ်တော်သခင်မဖော်ပြခဲ့သော 
စိပ်ပုတီး၏အကျိုးကျေးဇူး (၁၅)ချက်

၁။ စိပ်ပုတီးစိတ်ခြင်းဖြင့် ငါ့ကိုဝတ်ပြုသူများအား အထူးကျေးဇူးတော်များကိုချပေးမည်။
၂။ စိပ်ပုတီးစိတ်သူများအား ငါကာကွယ်မည်။

၃။ စိပ်ပုတီးအားဖြင့် ငရဲမီးဒဏ်မှကာကွယ်မည်ဖြစ်ပြီး အခြားအပြစ်ရှိသောအခြေအနေ များမှလည်းကင်းရှင်းစေမည်။
၎။ ကောင်းသောအလေ့အကျင့်ကို တိုးပွားစေပြီး ဝိညာဉ်အတွက်ြ<ွကယ်ဝသော သနားဂရု ဏာကို ရရှိစေမည်။
၅။ စိပ်ပုတီးစိပ်၍ ငါ့ထံအပ်နှံသောဝိညာဉ်များသည် ပျက်စီးခြင်းသို့မရောက်နိုင်။
၆။ နက်နဲလှသောအချက်များကို စိတ်ပါဝင်စားစွာဆင်ခြင်လျက် စိပ်ပုတီးစိတ်သူများသည် အသေဆိုးနှင့်သေရမည်မဟုတ်ပါ။
၇။ စိတ်ပါဝင်စားစွာ စိပ်ပုတီးစိတ်သူများသည် အသက်ရှင်နေစဉ်ဖြစ်စေ၊ သေဆုံးပြီးနောက်ဖြစ်စေ ဘုရားသခင်၏အလင်းတော်အောက်မှာြ<ွကယ်ဝသောကျေးဇူး တော်များကိုခံစားရပါလိမ့်မည်။
၈။ ယုံကြည်စွာ စိပ်ပုတီးစိတ်သူများသည် စက္ကရမင်တူးကိုမခံယူရဘဲ သေရမည်မဟုတ်ပါ။
၉။ စိပ်ပုတီးစိပ်သူများကို ငရဲငယ်မှကယ်ချွတ်ပေးမည်။
၁ဝ။ စိပ်ပုတီးစိပ်သူများသည် ကောင်းကင်နိုင်ငံ၌ မြင့်သောဂုဏ်ကိုရရှိကြမည်။
၁၁။ စိပ်ပုတီးစိပ်၍ တောင်းလျှောက်သောဆုကျေးဇူးတော်များကိုချပေးမည်။
၁၂။ စိပ်ပုတီးကိုဖြန့်ဝေသူများအား လိုအပ်သောဆုကျေးဇူးတော်ကိုချပေးမည်။
၁၃။ စိပ်ပုတီးစိပ်သူများအတွက် အသက်ရှင်နေစဉ်ဖြစ်စေ၊ သေဆုံးပြီးနောက်ဖြစ်စေ ကောင်းကင်နိုင်ငံရှိ သိကြား၊ သူတော်မြတ်တို့၏ထောက်ခံချက်ရရှိစေဖို့ ငါ့၏သားတော်ထံမှ ခွင့်ပြုချက်ရယူထားပေးမည်။
၁၄။ စိပ်ပုတီးစိပ်သူများအားလုံးသည် ငါ၏ချစ်သားသမီးများဖြစ်ကြပြီး ယေဇူးခရစ္စတူး၏ ညီအကို၊မောင်နှမများဖြစ်ကြသည်။
၁၅။ စိပ်ပုတီးစိပ်သည့်အကျိုးအမြတ်များသည် နောင်ဘဝ၌ဆုကျေးဇူးတော်များကို ရရှိစေဖို့ နိမိတ်လက္ခဏာဖြစ်သည်။

No comments: