တပည့်တော်ကြီးများ၏အကြောင်းတစေ့တစောင်းနှင့်
သူတို့အသက်စွန့်ခဲ့သောနေရာဒေသများ (၂)
သူတို့အသက်စွန့်ခဲ့သောနေရာဒေသများ (၂)
၅။ သံယောဟန်
ဂျေရုဇလိင်မြို့၌ ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ ဆီနှင့်ဒယ်အိုးထဲတွင်ကျိုခြင်းခံရသော်လည်း အံ့ဖွယ်ဖြင့်ဘေးဒုက္ခမရောက်ဘဲနေခဲ့သည်။ အာဏာရှင်တို့သည် လူမျိုးတူခြင်းသွေးထွက် သံယိုဖြစ်အောင်
လုပ်ခွင့်မရှိသဖြင့် မိမိအသက်(၇ဝ)ပြည့်ချိန်၌ ပတ်မောကျွန်း၌ ရောမ ဘုရင်ဒေါ်မိရှင်းက တစ်သက်တစ်ကျွန်းထောင်ဒဏ်ချခဲ့သည်။ ပတ်မောကျွန်းမှပြန်လည် ထွက်ခွါလာသဖြင့် ဧဖက်ဆုမြို့တွင် အေဒီ(၁ဝဝ)ခုနှစ်၌ကွယ်လွန်သည်။ သူ၏အမှတ်တံဆိပ်သည် သိန်းငှက်ဟူ၍လည်းကောင်း၊ စပျစ်ခွက်ဟူ၍လည်းကောင်း၊ အဆိပ်ရှိသေြာေ>ွမဟူ၍လည်းကောင်း သတ်မှတ်ထားသည်။ ပွဲနေ့ကို ဒီဇင်ဘာ(၂၇)ရက် နေ့တွင်ကျင်းပသည်။
၆။ သံဖိလစ်
ဆိုင်ဘဲလ်လူမျိုး နိုရန်ရုပ်ထုကိုးကွယ်သောသူတို့သည် ဖိလစ်ကိုနှိပ်စက်၍ရိုက်ကြသဖြင့် ထောင်ထဲသို့သွင်းကြသေး၏။ အာရှမိုင်းနားဒေသ၊ ဟေရာပေါလိစ်မြို့တွင် အသတ်ခံရ သည်။ တမန်တော်ဖိလစ်သည် ရုပ်ထုကိုးကွယ်သောသူတို့ကို ခရူစူးဖြင့်အောင်မြင်တော် မူခြင်းကိုအမှူးပြု၍ သူ့ကိုလက်ဝါးကပ်တိုင်တံဆိပ်ဖြင့် သတ်မှတ်သည်။ မေလ(၁)ရက်နေ့တွင် သူ၏ပွဲနေ့ကျင်းပသည်။
၇။ သံဘာသိုလော်မေဦး
သူ၏ဟောပြောသွန်သင်ခြင်းကြောင့် အာလ်မေးနီးယားဘုရင် ပေါ်လီမူးကိုယ်တိုင် အကျင့်ပြောင်းလဲသော်လည်း သူ၏နောက်ဆက်ခံသောဘုရင်၊ အဲစ်တီယာဂျစ်သည် သံဘာသိုလော်မေဦးကို ဘာလ်ဘာဒိုပေါမြို့၌ ဇောက်ထိုးဖြင့်ကန့်လန့်တံကျင်၌ သတ် လေသည်။ မသတ်ခင် အရှင်လတ်လတ်အရေခွံများခွါ၍ ခေါင်းကိုလည်းဖြစ်လေသည်။ အလောင်းကိုသိုင်းဘားကျွန်း၌ သင်္ဂြိုလ်သည်။ သြဂုတ်လ (၂၄)ရက်နေ့တွင် သူ့ပွဲနေ့ကျင်းပသည်။
၈။ သံဂျိမ်းစ် (အငယ်)
ယေဇူးသခင်၏ ညီတစ်ဝမ်းကွဲတော်ပြီး ယုဒနှင့်ညီအစ်ကိုဖြစ်သည်။ ပါလက်စတိုင်း၊ အီဂျစ်တူးပြည်၊ အင်္ဂလန်ပြည်၊ အိုင်ယာလန်ပြည်တို့၌ သာသနာပြုခဲ့သည်။ အသက် (၉၆)နှစ်ပြည့်သောအချိန်၌ စပိန်နိုင်ငံရှိ စံရှားရိုနှင့် ကွန်ပိုစတဲလာမြို့ရွာများတွင် သာသနာပြုနေစဉ် တစ်နေ့ သူ့ကို ဘုရားကျောင်းထဲမှ အပြင်ဘက်သို့ထုတ်ပစ်ခြင်းခံရ၍ ဘုရားကျောင်းရှေ့၌ ကျောက်ခဲနှင့်ထုရုံမက၊ ဘုရင်ရူးဖြစ်သော စီမုံ၏အမိန့်ဖြင့် ဆူးရှိသောသံတူဖြင့် ခေါင်းကိုကြေမွအောင်ရိုက်ပြီးနောက်၊ အလောင်းကိုလည်း လွှဖြင့် အပိုင်းပိုင်းဖြတ်သေး၏။ အချို့သမိုင်းဆရာတို့သည် ဂျေရုဇလိင်မြို့၌ ကျောက်ခဲဖြင့် ပေါက်သတ်ခြင်းခံရသည်ဟုဆိုသည်။ အေဒီ(၈၆၅)ခုနှစ်တွင် အီလီရာ ဆရာတော်ကြီးထံ အံ့သြဖွယ်သောကြယ်တံခွန်ပေါ်ထွန်းလာ၍ ယာကုပ်အငယ်၏အလောင်းတော်ကို သင်္ဂြိုလ်သောနေရာသို့လမ်းပြခဲ့သည်။ ထိုနေ့မှစ၍ အသင်းတော်သည် သူ၏ပွဲနေ့ကို ဇူလိုင်(၂၅)ရက်နေ့ရောက်တိုင်း ကျင်းပလျက်ရှိသည်။ သူ၏အမှတ်တံဆိပ်ကား မိမိခန္တာကိုယ်ကို အပိုင်းပိုင်းဖြတ်သောလွှနှင့် တံဆိပ်ခတ်ခြင်းခံရသောပုံဖြစ်သည်။
No comments:
Post a Comment