လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

တပည့်တော်ကြီးများ၏အကြောင်း (၁)


တပည့်တော်ကြီးများ၏အကြောင်းတစေ့တစောင်းနှင့်
သူတို့အသက်စွန့်ခဲ့သောနေရာဒေသများ (၁)

၁။ သံပေတရူး
သံပေတရူးသည် အန်တီရောက်မြို့၌ (၃)နှစ်နေပြီး၊ အာရှမိုင်းနားမှတဆင့် ရောမမြို့သို့ သွားရောက်သီတင်းသုံးသည်။
ခရစ်သက္ကရာဇ် ၆၇ ခုနှစ်တွင် နီရိုးဘုရင်လက်ထက်၌ လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးတင်သတ်ခြင်းခံရသည်။
သူ၏အမှတ်လက္ခဏာသည် သော့နှင့်လက်ဝါးကပ်တိုင်ဇောက်ထိုးပုံ ဖြစ်သည်။ သူ၏ပွဲနေ့ကို ဇွန်လ (၂၉) ရက်နေ့တွင်ကျင်းပသည်။
၂။ သံသောမတ်(စ်)
တပည့်တော်ကြီး ဘာသောလောမေဦးနှင့်ညီအစ်ကိုဖြစ်၍ ကာနန်မြို့ တောရ်မိုင်း၏သား ဖြစ်သည်။ ဘုရင်မီဆိုင်းအမိန့်တော်ဖြင့် အိန္ဒိယပြည် မယ်လီအာဘော်တွင် လှံတံဖြင့် ဒူးထောက်၍ဆုတောင်းနေစဉ် ထိုးဖောက်၍အသတ်ခံခဲ့သည်။ မိမိ၏အသေခံရခြင်းကို အမှူးပြု၍ ကျင်တွယ်နှင့်လံတံဖြင့် အမှတ်တံဆိပ်ခတ်ခြင်းဖြစ်သည်။

၃။ သံအန္ဒြူး
တပည့်တော်ကြီးပေတရူ၏အစ်ကိုဖြစ်သည်။ ဆူးရှိသောတူနှင့်ပစ်သတ်ခြင်းခံရ၍ အလောင်းကို ရွာနံဘေးတွင် သင်္ဂြိုလ်ကြ၏။ သို့သော် တန်ခိုးအံ့ဖွယ်ဖြင့် ရှင်ပြန်ထမြောက်ခဲ့သူဖြစ်သည်။ သူပြုသောတန်ခိုးဖြင့် သင်္ဘောပျက်ပြီးသေသော လူပေါင်း ၂၉ယောက် ရှင်ပြန်ထမြောက်ကြ၏။ သူသည် ပက်ထရီရွာသို့ရောက်သောအခါ လက်ဝါးကပ်တိုင်တွင် ၂ ရက် အတင်ခံရပြီးသောအခါ ရွာလူကြီး အဂဲစ်သည်ပြန်လွှတ်ချင်သော်လည်း သူသည်လက်ဝါးကပ်တိုင်မှာ အသေခံမည်ဟုပြောသဖြင့် မလွှတ်ဘဲနေခဲ့သည်။ စီသီးယား၊ ဂရိ၊ ကွန်စတန်နိုပယ် စသောဒေသများတွင် တရားဟော၍  (X) အိတ်(စ်) လက္ခဏာရှိသောလက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည်။ သူ့အမှတ်တံဆိပ်သည် (X) ပုံဖြစ်သည်။

၎။ သံဂျိမ်း(စ်) (အကြီး)
အေဒီ (၄၄) တွင် ဂျေရုဇလိင်မြို့၌ ဟေရုဒ်မင်းသည် လည်ပင်းခုတ်ကာ ကွပ်မျက်စေခဲ့သည်။ သူသည်ရဲရင့်သောတမန်တော်ကြီးအဖြစ် ဓားမြောင်တံဆိပ်ဖြင့် အမှတ်ပြုကြသည်။

No comments: