အတွေးလေးများ
*ရေနဲ့မီးပြိုင်ရင်၊ ဘယ်အရာနိုင်မလဲ။ ဘယ်အရာမှမရှုံးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ
သူတို့မှာ ပြိုင်ဆိုင်ခြင်းမှ မရှိတာ.....
ရေလိုတဲ့အချိန်မှာ မီးကိုသုံးလို့မရသလို မီးလိုတဲ့အချိန်မှာလည်း ရေနဲ့အစားထိုးလို့ မရဘူး။
* မျက်စိမှိတ်ထားရင် တွေ့ကြုံပြီးသမျှနဲ့ ဆက်စပ်တာတွေကို သတိရမြင်ယောင်စေတယ်။
ဖွင့်ထားရင်တော့ အသစ်အဆန်းတွေကို တွေ့ကြုံလာရမှာပါ.....
* မွေးဖွားလာတာခြင်းအတူတူ အသက်ရှင်နေထိုင်မှု ကွဲပြားသွားပြီး သေခြင်းတရားက
လုံးဝခြားနားလိမ့်မယ်.....
* ကိုယ် ဘယ်လို ဘယ်နေရာ ဘယ်သူ့ဆီမှာမွေးဖွားလာမယ်ဆိုတာ ရွေးချယ်ခွင့်မရှိပေမယ့်
ဘယ်လိုသေမလဲဆိုတာကတော့ ကိုယ့်အပေါ်မှာ မူတည်တယ်....
* မှန်မှန်ကန်ကန် အသက်ရှင်နေထိုင်ဖို့ အမှန်တရားရဲ့ ဆန့်ကျင်ဘက်မဖြစ်ရဘူး။
* အမှန်တရားဆိုတာ ဖိနပ်တစ်ရံဖြစ်ခဲ့မယ်ဆိုရင်တောင် အမှားတစ်ရံဟာ အမှန်တရား
ဖြစ်လာမှာ မဟုတ်ဘူး.....
* သည်းခံခြင်းဆိုတာ အတိုင်းအတာ တစ်ခုထိပဲရှိတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့်
ဘယ်လိုအတိုင်းအတာလဲဆိုရင်..
ကိုယ့်ရဲ့အသက်ရှင်သမျှ ကာလတစ်ခုလုံးအတိုင်းအတာ.....
Bro. အေးရှိုင်းအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment