လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ညီမျှခြင်းလေးတော့ချစေချင် . . . .


မိတ်ဆွေမင်းသိပ်လေးစားအားကျတဲ့ လူပုဂ္ဂိုလ်ကြီးတွေရဲ့အကြောင်းကို ခရေစေ့တွင်းကျ မင်းလေ့လာထားပေမဲ့ လူသားတွေရဲ့ ကယ်တင်ရှင်သခင်ယေဇူးကိုတော့ မင်းသိအောင်မလုပ်ချင်ဘူး။

နောက်ဆုံးပေါ် iphone,galaxy တွေကိုကိုင်နေပေမဲ့ ဘုရားကျောင်းမှာ ဆယ်ဖို့တဖို့အလှူလေးတော့ မင်းတွန့်နေခဲ့တယ်။
သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်မယ့်ရက်ကို မင်းသတိရနေမယ့် တနင်္ဂနွေနေ့ဘုရားကျောင်းသွားရမှာကို မင်းမသိဟန်ဆောင်နေခဲ့တယ်။
လေ့လာရေးခရီးတွေထွက်ဖို့ မင်းပိုက်ဆံများစွာအကုန်ခံနိုင်ပေမယ့် ကောင်းကင်နိုင်ငံတော်ကို သွားမယ့်လမ်းပြမြေပုံဖြစ်တဲ့ သမ္မာကျမ်းစာအုပ်ကို ဝယ်ဖို့တော့ မင်းကဈေးကြီးတယ်တဲ့။ မင်းရဲ့အလုပ်ပညာရေးတွေ တိုးတက်အောင် ကြိုးစားနေပေမဲ့ မင်းရဲ့ဝိညာဉ်ရေးကိုတော့ မင်းလျစ်လျှူရှုထားခဲ့တယ်။
ဗီဒီယိုအခွေတွေကို မင်းတစ်ညလုံး ဇိမ်ခံထိုင်ကြည့်နိုင်ပေမဲ့ ဘုန်းတော်ကြီးက တရားဟောတာ နည်းနည်းရှည်သွားရင် မင်းစိတ်မဝင်စားတော့ဘူး။
ပျော်ပွဲရွှင်ပွဲတွေဆို လူငယ်သဘာဝ မင်းကထိပ်ဆုံးက ပါနေပေမဲ့ သာသနာက ကျင်းပတဲ့လူငယ်သင်တန်းမှာတော့ မင်းကိုမတွေ့ရသေးဘူး။
အသစ်ထွက်သမျှသီချင်းတွေကို မင်းအကုန်ရနေပေမဲ့ နံနက်မေတ္တာ၊ ညမေတ္တာ၊ ဘုရားသီချင်းတွေကို မင်းမရသေးဘူး။
ထစ်ခနဲဆို ရန်ဖြစ်တိုင်းမင်းပါခဲ့တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်နေတဲ့သူတွေအထဲမှာ မင်းမပါသေးဘူး။
နားမှာ နားကပ်တွေ၊ ဂွင်းတွေ၊ သံကြိုးတွေကို မင်းကဖက်ရှင်ဆိုပြီး ဝတ်ဆင်ရဲပေမဲ့
ခရစ်ယာန်ရဲ့ သင်္ကေတလေးဖြစ်တဲ့ လက်ဝါးကားတိုင်နဲ့ ဆွဲကြိုးလေးကိုတော့ မင်းမဆွဲဘူး ရှက်နေသေးတယ်။
လူတွေကြားထဲမှာ တခြားလူမျိုးတွေ(ကိုးရီးယား၊ အင်္ဂလိပ်) ရဲ့ဘာသာစကား တစ်လုံးနှစ်လုံးတတ်တာကို မင်းပြောရဲပေမဲ့၊ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော် အမှတ်လက္ခာဏာ လုပ်ရမှာတော့ မင်းကြောက်နေတယ်။
ဝတ္ထုစာအုပ်ကို တစ်ခါတည်းပြီးအောင် ဖတ်နိုင်ပေမဲ့ ဘုရားစကားစာအုပ်ကိုတော့ အခုထက်ထိ ပြီးအောင်မဖတ်နိုင်သေးဘူး။
မင်းသာစကားပြောကောင်းပေမဲ့ မင်းရဲ့အကျင့်တွေနဲ့တော့ လုံးဝခြားနားနေသေးတယ်။ ဘုရားသခင်က မင်းဆုတောင်းတာကိုပေးနေပေမဲ့၊ မင်းကတော့ ဥုံဖွဂါထာတွေကိုပဲ မင်းပိုယုံနေသေးတယ်။
ဘုရားသခင်က တစ်ဦးကိုတစ်ဦးခွင့်လွှတ်ဖို့ သင်ကြားနေပေမဲ့၊
မင်းကတော့ လက်စားချေဖို့ပဲ အခွင့်အရေးကိုမျှော်လင့်နေတယ်။
ကဲ မိတ်ဆွေ ဒါတွေဟာ မင်းအတွက်ညီမျှခြင်းလား ---၊၊၊
နောင်တနဲ့သာပြန်လာခဲ့ပါ သူငယ်ချင်း။ သူ့ရဲ့အချစ်တွေနဲ့ ဒို့ကိုချစ်တဲ့ ဘုရားသခင်ကစောင့်ကြိုနေတာ နေ့တိုင်းပါပဲ။

(၂၀၁၄ - ၂၀၁၅ ခုနှစ် တောင်ကြီးဝိညာဉ်ရေးရာ ရဟန်းဖြစ်တက္ကသိုလ်
ဝိညာဉ်ပျိုးခင်း အမှတ်စဉ် (၁၂) မှ တင်ပြသည်)

No comments: