- သင့်ကိုယ်ကို သင့်ဆန္ဒရဲ့ကျွန်မဖြစ်စေနဲ့။
- မျက်စိရှိသော်လည်း မေတ္တာနှင့်မမြင်နိုင်တာ ငကန်းပဲ။
- ဒူထောက်နေဖို့ အရေးမကြီး ဘုရားရှိခိုးဖို့သာ အရေးကြီးသည်။
- ပျက်တတ်တဲ့သဘောကို ပျက်တတ်တဲ့သဘော မှန်းသိရင် စွဲလမ်းမနေတော့နဲ့ပေါ့။
- တရားဟောတဲ့သူဖြစ်ချင်လျှင် မေတ္တာနှင့် ကျမ်းစာကို လည်းပင်းမှာ အရင်ဆုံးချိတ်ဆွဲထားပါ။
- မျိုးစေ့ကောင်းရုံနဲ့မဖြစ် မြေသြဇာကောင်းဖို့လည်းလိုသည်။ မြေသြဇာကောင်းရုံနဲ့မဖြစ် ရေလောင်းဖို့လည်း လိုပေသည်။
- ခရစ်တော်ရဲ့အမှုတော် ထမ်းဆောင်ဖို့ စိတ်အားထက်သန်နေသူတစ်ယောက်အတွက် ခရစ်တော်ရဲ့ ထမ်းပိုးဟာ အမှန်တကယ်ထမ်း လွယ်ပါတယ်။
- အသက်ရှင်နေချိန်မှာ ဘုရားဆီကိုမသွားရင် သေဆုံးသွားတဲ့အခါ ဘုရားသင့်ဆီကို လာမှာမဟုတ်ဘူး။
- အဏုမြူပေါက်ကွဲရင် မြို့တစ်မြို့သာ ပျက်စီးမည်။ ဒေါသပေါက်ကွဲရင် မြို့တစ်မြို့သာမက တစ်ကမ္ဘာလုံးထိတောင် ပျက်စီးနိုင်သည်။
No comments:
Post a Comment