၁။ ရှုံးဆုံးခြင်းကြောင့် ...ငါအရှုံးသမား တစ်ယောက်ပါလို့ ဘယ်တော့မှမပြောနဲ့။
မအောင်မြင်သေးတာပါ။ ပိုပြီးကောင်းအောင်ကြိုးစားဖို့အခွင့်အရးရှိတယ်။
၂။ ရှုံးဆုံးခြင်းကြောင့် ...ငါဘာမှပြီးမြောက်အောင်မလုပ်ခဲ့ဘူးလို့ဘယ်တော့မှမပြောနဲ့။
အရှုံးထဲကနေ အနည်းဆုံးဘဝအတွေ့အကြုံတော့ရရှိခဲ့တာပါပဲလေ။
၃။ ရှုံးဆုံးခြင်းကြောင့် ...ငါရူးသွားပြီလို့ ဘယ်တော့မှမပြောနဲ့။
အရှုံးထဲကနေ နောက်ထပ်တီထွင်ကြံဆမှုအတွက် လုံလောက်တဲ့ယုံကြည်မှုရလာတယ်။
၎။ ရှုံးဆုံးခြင်းကြောင့် ...ငါ့သိက္ခာကျကုန်ပြီလို့ ဘယ်တော့မှမပြောနဲ့။
သင့်ဘဝပျက်သွားတာမဟုတ်ပါဘူး သတ္တိရှိရှိဆက်ကြိုးစားလိုက်ပါ။
၅။ ရှုံးဆုံးခြင်းကြောင့် ...ငါ့မှာဘာမှမရှိတော့ဘူးလို့ဘယ်တော့မှမပြောနဲ့။
မင်းမှာရှိအောင်လုပ်ဖို့နည်းလမ်းတွေအများကြီးပါ။
၆။ ရှုံးဆုံးခြင်းကြောင့် ...ငါသိမ်ငယ်၊ ဝမ်းနည်းလိုက်တာလို့ ဘယ်တော့မှမပြောနဲ့။
ငါတို့အားလုံးဟာ မပြည့်စုံနိုင်တဲ့ ပုထုဇဉ်လူသားတွေပါ။
၇။ ရှုံးဆုံးခြင်းကြောင့် ...ငါအချိန်တွေ အာလဟသဖြုန်းတီးခဲ့ပြီလို့ ဘယ်တော့မှမပြောနဲ့။
မင်းမှာ ''တစ်'' ကနေပြန်စဖို့အချိန်တွေရှိပါသေးတယ်။
၈။ ရှုံးဆုံးခြင်းကြောင့် ...ငါစွန့်လွှတ်သင့်ပြီလို့ဘယ်တော့မှမပြောနဲ့။
ပိုပြီးဝိရိယစိုက်ကြိုးစားလိုက်စမ်းပါ။
၉။ ရှုံးဆုံးခြင်းကြောင့် ...ငါဘယ်တော့မှထပ်မလုပ်တော့ဘူးလို့လက်မလျှော့လိုက်နဲ့နော်။
ပိုပြီးစိတ်ရှည်၊ လက်ရှည်နဲ့ထပ်ကြိုးစားကြည့်ပါလား။
၁ဝ။ ရှုံးဆုံးခြင်းကြောင့် ...ဘုရားသခင်ငါ့ကိုစွန့်ပစ်သွားပြီလို့ ဘယ်တော့မှမပြောနဲ့။
ဘာကြောင့်လဲဆိုတော့ ''သူ့'' မှာ ''မင်း'' အတွက်ပိုကောင်းတဲ့အကြံအစည်တွေ၊ အစဉ်အစီတွေရှိတယ်နော်။
မတင်လူသာကင်းက ဒီလိုပြောခဲ့တယ် ......
သင်မပျံသန်းနိုင်တော့ဘူးလား .....ဒါဆိုပြေးပါ။
သင်မပြေးနိုင်တော့ဘူးလား .....ဒါဆိုလမ်းလျှောက်ပါ။
သင်လမ်းမလျှောက်တော့ဘူးလား .....ဒါဆိုတွားသွားပါ။
ဒါသင်ဘာပဲလုပ်သည်ဖြစ်စေ ရှေ့ကိုဆက်သွားနေဖို့ပဲလိုတယ်။''
သိပ်မှန်တဲ့စကားလေးပါပဲ။ လူချို့က တစ်ခုခုလုပ်လိုက်လို့ မဖြစ်မြောက်ခဲ့ရင် ညည်းတွားဖို့ပဲစဉ်းစားတတ်ကြတယ်။ လူတချို့က တစ်ခုခုလုပ်လိုက်လို့ မဖြစ်မြောက်ခဲ့ရင် နောင်တရဖို့ပဲ စဉ်းစားတတ်ကြတယ်။ အလွယ်တူအရှုံးနဲ့နောင်တကို လက်ခံလိုက်ခြင်းက သင့်ရဲ့အောင်မြင်ခြင်းပြတင်းတံခါးပေါက်ကို သင်ကိုယ်တိုင်ဆွဲပိတ်လိုက်ခြင်းနဲ့အတူတူပဲ။ လွယ်လွယ်စိတ်ဓာတ်မကျသရွေ့ သင့်အောင်မြင်မှု ပန်းတိုင်ကဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
(၂၀၁၄ - ၂၀၁၅ ခုနှစ် တောင်ကြီးဝိညာဉ်ရေးရာ ရဟန်းဖြစ်တက္ကသိုလ်
ဝိညာဉ်ပျိုးခင်း အမှတ်စဉ် (၁၂) မှ တင်ပြသည်)
No comments:
Post a Comment