စုံစမ်းနှောက်ယှက်ခြင်းဆိုသည်မှာ မကောင်းမှုသို့ ဖြားယောင်းသွေးဆောင်ခြင်း (သို့) မြူဆွယ်ခြင်းလို့
အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ စုံစမ်းနှောက်ယှက်ခြင်းဟာ နတ်ဆိုးဆီက လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘ၀မှာ နတ်ဆိုးကို လျှော့တွက်လို့မရပါဘူး။
နတ်ဆိုးကို လျှော့တွက်မိလို့ ဒုက္ခရောက်ခဲ့သူတွေကို သမ္မာကျမ်းစာမှာ ဖတ်နိုင်ပါတယ်။ ဥပမာအားဖြင့် အလွန်အင်မတန်
ဖြောင့်မတ်ပါတယ်ဆိုတဲ့ ဒါဝိတ်မင်းကြီးဟာ အမြင်အာရုံကို မထိန်းချုပ်ခဲ့မိလို့ သူ့ရဲ့စစ်သူကြီး ဥရိယရဲ့မယားကို မတရားသိမ်းပိုက်ပြီး ဥရိယကိုလည်း သေကြောင်းကြံခဲ့ပါတယ်။ နောက်တစ်ဦးကတော့
ပညာပါရမီမှာ အလွန်ကျော်ကြားခဲ့တဲ့ ဆော်လမွန်မင်းကြီးဟာ ဦးနှောက်နဲ့မဆုံးဖြတ်ဘဲ နှလုံးသားနဲ့
ဆုံးဖြတ်မိခဲ့လို့ ရှေဗာဘုရင်မရဲ့ ထောင်ချောက်ထဲမှာ ကျရောက်ခဲ့ရပါတယ်။ သန်မာထွားကြိုင်းပြီး
ခွန်အားဗလကြီးပါတယ်ဆိုတဲ့ ဆမ်ဆုန်ဟာ ဘုရားကိုအားမကိုးဘဲ မိမိကိုယ်ကိုယ် အားကိုးခဲ့လို့
အားနည်းပြီး ပျော့ပြောင်းနွဲ့နှောင်းတဲ့ ဖိလစ်စတင်းအမျိုးသမီးတစ်ယောက်ရဲ့ မာယာကွန်ယက်အောက်မှာ
လဲကျပြီး နလန်မထူနိုင်အောင် စြဖ်ခဲ့ရပါတယ်။ နတ်ဆိုးဟာ ဆော်လမွန်မင်းကြီးထက် ပညာရှိပြီး၊
ဆမ်ဆုန်ထက် ခွန်အားကြီးမားတယ်လို့ ပြောလို့ရပါတယ်။ လိမ္မာပါးနပ်ပြီး ခွန်အားကြီးမားတဲ့
နတ်ဆိုးရဲ့ရန်ကို အကောင်းဆုံး ခုခံနိုင်တာကတော့ ဆုတောင်းခြင်းပဲဖြစ်ပါတယ်။
(ရှင်မာတေးဦး ၂၆း ၄၁) စုံစမ်းခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဆုတောင်း၍ စောင့်နေကြလော" ဆိုတဲ့အတိုင်း နတ်ဆိုးရဲ့ရန်ကို အကောင်းဆုံး ခုခံနိုင်ဖို့အတွက်
ဆုတောင်းခြင်းကို ကြိုးစားဆောက်တည်ကြပါစို့............
No comments:
Post a Comment