ဒီနေ့ပထမကျမ်းစာတော်မြတ်မှာ ဘုရားရှင်က မိမိရွေးကောက်ထားတဲ့ အီဇရာအဲလ်လူမျိုးတွေကို
တောကန္တာရထဲ ဆာလောင်နေတဲ့အချိန်မှာ မန္နန်မုန့်နဲ့ကျွေးမွေးခဲ့တဲ့အကြောင်း ကြားနာခဲ့ရတယ်။
ဒဒီနေရာမှာ အီဇရာအဲလ်လူမျိုးတွေရဲ့ ယုံကြည်ခြင်းကင်းမဲ့မှုနဲ့ ဘုရားရှင်ကို အပြစ်တင်တတ်တဲ့
စိတ်ထားကိုတွေ့နိုင်ပါတယ်။
ဘုရားရှင်ဟာ
တောကန္နာရမှာ သူတို့ကို နည်းမျိုးစုံနဲ့ ဒုက္ခအခက်ခဲကြားထဲကနေ
ကယ်တင်ခဲ့တာကို ကျေးဇူးမတင်ခဲ့တဲ့အပြင် ဒုက္ခရောက်တဲ့အခါမှာ သူတို့ကို
ကျွန်ဘ၀ကနေ ဦးဆောင်ခေါ်ထုတ်ခဲ့တဲ့ မိုးဇယ်ကိုအပြစ်တင်ခဲ့သလို ဘုရားရှင်ရဲ့ သနားအကြင်နာနဲ့
ဂရုဏာကို လျစ်လျူရှုခဲ့ကြတယ်။ သူတို့ဘယ်လိုပဲ ကျေးဇူးမတင်တတ်ပါစေ ဘုရားရှင်က သူတို့ကို
ပစ်မထားခဲ့ပါဘူး။ အမြဲကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ သူတို့ရေငတ်တဲ့အခါမှာ ကျောက်ဆောင်ထဲကနေ
ရေကိုထွက်စေပြီး ဆာလောင်တဲ့အခါမှာ ကောင်းကင်ကနေ မန္နာမုန့်နဲ့ ကျွေးမေးခဲ့တယ်။ အီဇရာအဲလ်
လူမျိုးတွေ သူ့ကိုဘယ်လောက်ပဲ ပြစ်မှားနေပါစေ ဘုရားရှင်ဟာ သူ့ရဲ့ခွင့်လွှတ်ခြင်းနဲ့ မေတ္တာကို
ပြသခဲ့တယ်။ ဒါဟာ ဘာကို သက်သေပြနေသလဲဆိုရင် ဘုရားရှင်ဟာ အပြစ်သားတွေကို
ဒဏ်ခတ်ခြင်းနဲ့ အဆုံးမသတ်ပဲ ဒဏ်ခတ်ခြင်းရဲ့နောက်ကွယ်မှာ ဂရုစိုက်မှုနဲ့သာ
အဆုံးသတ်တယ်ဆိုတာကို သက်သေပြနေခြင်းဖြစ်တယ်။
ဒီနေ့ကြားနာခဲ့ရတဲ့ ဧ၀ံဂေလိကျမ်းမှာတော့ သခင်ခရစ်တော်က "ငါသည်အသက်မုန့်ဖြစ်၏
ငါဠ်ရှိလျှင် ဆာငတ်လိမ့်မည်မဟုတ်" လို့ သွန်သင်ထားပါတယ်။ တစ်နည်းအားဖြင့် သူ့ဆီကိုလာဖို့
သူနဲ့အတူရှိဖို့ ဖိတ်ခေါ်နေပါတယ်။ " Christianity is the condition of being in Christ" ဆိုတဲ့အတိုင်း
ခရစ်ယာန်ဘ၀အသက်တာဆိုတာ ခရစ်တော်နဲ့အတူရှိနေခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို
ခရစ်တော်နဲ့ကင်းကွာစေတာကတော့ ကျွန်တော်တို့ရဲ့ အပြစ်အမှားတွေပဲဖြစ်ပါတယ်။ ဘုရားရှင်နဲ့
ဝေးကွာတဲ့ဘ၀မှာ အရာရာအဆင်ပြေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့် အာဒံနဲ့ဧ၀။
သူတို့နှစ်ဦးဟာ ဧဒင်ဥယျာဉ်ထဲမှာ ဘာကိုမှ လိုလေသေးမရှိဘဲ ပြည့်ပြည့်စုံစုံနေခဲ့ရပေမယ့်
ဧဒင်ဥယျာဉ်ထဲက ထွက်လာကတည်းက သူတို့ဘ၀ဟာ အရင်ကလောက် ပြည့်စုံမှုမရှိတော့ဘဲ
လိုအပ်ချက်တွေများစွာနဲ့အတူ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နှက်လာခဲ့တယ်။ အဲဒါဟာ
ဘုရားနဲ့ဝေးကွာလာလို့ ဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ ရရှိပိုင်ဆိုင်ထားတဲ့
လူ့ဘ၀ဆိုတာ ဘုရားရှင်ရဲ့ ရင်ခွင်တော်ကို ပြန်သွားနေတဲ့ ခရီးတစ်ခုပါ။ ဘုရားရှင်ရဲ့ ရင်ခွင်တော်ကို
ပြန်သွားနေတဲ့ခရီးမှာ မလိုအပ်တဲ့ အမုန်းတွေ၊ ကလဲ့စားချေမှုတွေ၊ အမျက်ဒေါသတွေနဲ့ အပြစ်အမှားတွေကို
ထားခဲ့ပြီး ခရီးအတွက် တကယ်လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရား၊ သည်းခံနားလည်မှုတွေနဲ့
ရှေ့ဆက်လျှောက်လှမ်းသွားကြပါစို့...
နောက်တစ်ချက်အနေနဲ့ ဒီနေ့ကြားနာခဲ့ရတဲ့ သံယောဟန် ဧ၀ံဂေလိကျမ်းထဲမှာ လူတွေက
သခင်ခရစ်တော်ကို ရှာဖွေခဲ့ကြတယ်။ ဘာလို့လဲ? ခရစ်တော်ဘုရားရှင်ရဲ့
တရားတော်ကို ကြားနာချင်လို့လား? မဟုတ်ပါဘူး။ သူတို့ရဲ့ ဆာလောင်မှုအတွက်
ခရစ်တော်ဘုရားရှင်ကို
ရှာဖွေခဲ့ကြတာပါ။ အဲဒီအခါမှာ ခရစ်တော်ဘုရားရှင်က သူတို့ကို "ပျက်ဆီးတတ်သော အစာအတွက်
မကြိုးစားကြနှင့်၊ ထာဝရအသက်ဠ် တည်စေခြင်းငှာ လူသားသည်သင်တို့ကို ပေးမည့်အစာအတွက်
ကြိုးစားအားထုတ်ကြလော့" ဆိုပြီး လမ်းညွှန်ခဲ့ပါတယ်။ ဒီနေ့ရဲ့ ဆာလံမှာလည်း ဘုရားသခင်သည်
သူတို့အား ကောင်းကင်မှမုန့်ကို ပေးတော်မူ၏ လို့ တွေ့ခဲ့ရတယ်။ ဓမ္မဟောင်းက အီဇရာအဲလ်တွေအတွက်
ကောင်းကင်မှမုန့်ဟာ မန္နန်။ ဒါဆို ကျွန်တော်တို့ ဓမ္မသစ်က ယုံကြည်သူတွေအတွက်
ကေားင်ကင်မှမုန့်ဟာဘာလဲ? ခရစ်တော်ဘုရားရှင် ကိုယ်တော်တိုင် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
မမစ္ဆားပူဇော်ခြင်းမှာ မုန့်နဲ့စပျစ်ရည်ဟာ ရဟန်းဘုန်းတော်ကြီးရဲ့ မင်္ဂလာစကားအားဖြင့်
ခခရစ်တော်ဘုရားရှင်ရဲ့ အသားတော်နဲ့အသွေးတော်အဖြစ်ကို ပြောင်းလဲသွားတယ်။ ဒါကြောင့်
ကျွန်တော်တို့တစ်တွေ ကိုယ်တော်မြတ်ပင့်ယူခြင်းဟာ ခရစ်တော်ရဲ့ အသားတော်နဲ့ အသွေးတော်ကို
ပင့်ယူခြင်းဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေ ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါမှာ
ထိုက်တန်စွာ ပင့်ယူဖို့အတွက် ၀ိညာဉ်ကာယနှစ်ဖြာ ပြင်ဆင်မှုလိုအပ်တယ်။ ခရစ်တော်ရဲ့
အသွေးအသားဖြစ်တဲ့ ကိုယ်တော်မြတ်ကို ပင့်ယူုခြင်းဖြင့် ဘုရားရှင်နဲ့ ပေါင်းစပ်နိုင်အောင်
ကြိုးစားသွားကြရအောင်...
နောက်ဆုံးအနေနဲ့ ဒီနေ့ ဧ၀ံဂေလိကျမ်းကနေ ကျွန်တော်တို့ သင်ခန်းယူစရာနှစ်ချက်ကို
ထောက်ရှုရအောင်။
ပထမတစ်ချက်အနေနဲ့ အီဇရာအဲလ်လူမျိုးတွေလို ဒုက္ခရောက်တိုင်း ဘုရားရှင်ကို
ပြစ်မှားသူတွေမဖြစ်အောင် ကြိုးစားရမယ်။ ကျွန်တော်တို့လူသားတွေဟာ
အရာရာပြည့်စုံရင်
ဘုရားကိုမေ့တတ်ကြတယ်။ ပြည့်စုံတဲ့ဘ၀မှာ
ဘုရားကိုမေ့ဖို့ကလည်း အရမ်းကိုလွယ်ကူပါတယ်။ ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရချိန်၊
လိုအပ်တာရှိနေချိန်မှာ ဘုရားကိုသတိတရနဲ့ ဆုတောင်းတတ်ပေမယ့်
လိုချင်တာတွေရပြီး၊ ဒုက္ခတွေ ကုန်လွန်သွားချိန်မှာ ဘုရားကိုမေ့တတ်ကြတဲ့အတွက် တစ်ခါတစ်လေမှာ
ဒုက္ခအခက်အခဲဆိုတာ ကျွန်တော်တို့လူသားတွေအတွက် လိုကိုလိုအပ်တယ်။ ကျွန်တော်တို့
သိထားရမှာက ဘယ်လိုဒုက္ခပဲ ကြုံလာပါစေ ဘုရားရှင်ရဲ့ ရင်ခွင်တော်ထဲကိုသာ တိုးဝင်လိုက်ပါ။
ဒုက္ခတွေ ပြေလည်ပြီး ငြိမ်သက်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒုတိယချက် အနေနဲ့ ဧ၀ံဂေလိကျမ်းစာထဲက
လူတွေလို ကိုယ့်ရဲ့ လောကီဆာလောင်မှုအတွက် ဘုရားရှင်ကို ရှာဖွေခြင်းမဟုတ်ဘဲ ကျွန်တော်တို့ရဲ့
လောကီ
လောကုတ္တရာ နှစ်ဖြာအတွက် ကျွန်တော်တို့ရဲ့ ဦးနှောက်၊ နှလုံးသား၊
ခန္ဒာကိုယ်တစ်ခုလုံးနဲ့သာမက ကျွန်တော်တို့ရဲ့ ဘ၀တစ်ခုလုံးနဲ့ပါ ခရစ်တော်
ဘုရားရှင်ကို
ကြိုးစား ရှာဖွေသွားကြပါစို့..........
No comments:
Post a Comment