တပည့်တော်ကြီးများ၏အကြောင်းတစေ့တစောင်းနှင့်
သူတို့အသက်စွန့်ခဲ့သောနေရာဒေသများ (၃)
သူတို့အသက်စွန့်ခဲ့သောနေရာဒေသများ (၃)
၉။ သံမာတေဦး
အီသိုယိုးပီးယားသို့ သာသနာပြုရာ၊ နိုဘဒါမြို့တွင် တရားတော်အတွက် အသတ်ခံရသည်။ အလောင်းကို ပါဆီးယားပြည် ဟေရပေါရီမြို့သို့သယ် ဆောင်၍သင်္ဂြိုလ်ခြင်းခံရ၏ဟု သမိုင်းဆရာ
ဒရောသဦးစ်မှတ်တမ်းတွင် တွေ့ရ၏။ သူ့ပွဲနေ့ကို စက်တင်ဘာ(၂၁)ရက်နေ့တွင် ကျင်းပသည်။ သူသည် အခွန်ခံဘဝမှ ပြောင်းလဲလာသဖြင့် သူ၏အမှတ်လက္ခဏာကို ငွေအိတ် (၃)ဖြင့် တံဆိပ်ခတ်ခြင်းဖြစ်သည်။
၁ဝ။ သံယုဒ (ခ) သာဒေဦး
ဆီးရီးယား၊ မက်ဆိုပိုတေးမီးယား၊ ပဲရီရှားတို့တွင် တရာဟော၍ လက်ဝါးကပ် တိုင်ပေါ်တွင် ချည်နှောင်ထားပြီး မြှားဖြင့်ပစ်သတ်ခြင်းခံရသည်။ သမိုင်းဆရာ ယူဆီဘီဦးသည် တပည့်တော်ကြီး စီမုံဇီးလွှတ်နှင့်အတူ ပါရှားပြည်၌လွှဖြင့်ဖြတ် ခြင်းခံရသည်ဟုရေးသားထားသည်။ ဧဝံဂေလိတရားဟောရာတွင် ပင်လယ်ပြင် ၌အများအားဖြင့် ခရီးသွားသဖြင့် သူ့ကိုရွက်တံဆိပ်ဖြင့် သတ်မှတ်ကြသည်။ အောက်တိုဘာ(၂၈)ရက်နေ့တွင် သူ၏ပွဲနေ့ကျင်းပကြသည်။
၁၁။ သံစီမုံ
သမိုင်းဆရာ ယူဆီပီဦးစ်သည် အင်္ဂလန်ပြည်သို့သွား၍ သာသနာပြုခဲ့သည်ဟု မှတ်တမ်းစာအုပ်တွင်ရေးသားခဲ့သည်။ အီဂျစ်ပြည်သာသနာပြုပြီးနောက် မြေထဲ ပင်လယ် တစ်ဖက်ကမ်းကူး၍ တပည့်တော်ကြီး ယုဒသာဒေဦးနှင့် အာဖရိက မြောက်ပိုင်း ပဲရီးရှားပြည်တွင် ဖြတ်လွှဖြင့်နှစ်ဦးစလုံး အဖြတ်ခံရသည်ဟု မှတ်တမ်းပါရှိသည်။ ပွဲ့နေ့ကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ကျင်းပသည်။ စီမုံသည် တံငါသည်ဖြစ်သည်နှင့်အညီ လူကိုဖမ်းသောတံငါအဖြစ်သို့ ကူးပြောင်းသဖြင့် ကျမ်းစာအုပ်နှင့်ငါးပုံဖြင့် အမှတ်တံဆိပ်ခတ်ခြင်းခံရသည်။
၁၂။ တပည့်တော်ကြီး မာတီးယား
ယုဒပြည်မှ အီသီယိုးပီးယားပြည်သို့ သွားရောက်သာသနာပြုခဲ့သည်။ ရိုးရ်ချီမြို့၌ တရားဟောနေမတ်တပ်နှင့် သူ့ကိုဖမ်း၍ ခေါင်းမှခြေဝအထိ ကျောက်ခဲနှင့်ထုချေပြီး ဓါးမကြီးနှင့်အစိတ်စိတ်အမွှာမွှာပိုင်း၍ ခုတ်ဖြတ်ကြသည်။ သူ့ကိုသတ်ရာတွင် အသုံးပြုသော ဓါးမကြီးနှင့်စာအုပ်ဖြင့် သူ့ကို အမှတ်တံဆိပ်ခတ်ကြသည်။ ပွဲနေ့ကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ကျင်းပသည်။
၁၃။ သံပေါလူး
ရောမမြို့တွင် အေဒီ(၆၇)ခုနှစ်တွင် ခေါင်းဖြတ်ခံရသည်။ ခေါင်းပြတ်ပြီးနောက် မြေပေါ်တွင်(၃)ကြိမ်ခုန်သဖြင့် ထိုနေရာ(၃)ခုတွင် စမ်းရေပေါက်များထွက်သည် ဟုဆိုသည်။ (တပည့်တော်ကြီးများထဲမှ သံယောဟန်တစ်ပါးတည်းလျှင် အသတ်မခံရပါ။)
No comments:
Post a Comment