၁။ အချိန်အခါ၊ အခြေအနေကိုကြည့်၍ ပြောချိန် ပြောခွင့်သင့်မှသာ ပြောဆိုရခြင်း။
၂။ ဟုတ်မှန်သော စကားကိုသာ ပြောဆိုရခြင်း။
၃။ တရားနှင့်စပ်ဆိုင်သည်ကိုသာ ပြောဆိုရခြင်း။
၎။ သန့်ရှင်းပြတ်သားစွာ ပြောဆိုရခြင်း။
၅။ ချစ်ခင်နှစ်လိုဖွယ်သော စကားကိုသာ ပြောဆိုရခြင်း။
၆။ မျက်နှာအသွင် ကြည်လင်ပြုံးရွှင်မှု ရှေ့ထား၍ ပြောဆိုရခြင်း။
၇။ အဆောတလျင်၊ အလျင်စလို မပြောမဆိုရခြင်း။
၈။ မပိုမလို၊ မတိုမရှည် သင့်တော်လျော်ကန်အောင် ဝေဖန်ချင့်ချိန်၍ ပြောဆိုရခြင်း။
၉။ မြို့ကြီးသူ၊ မြို့ကြီးသားတို့၏ အသုံးအနှုန်း ဓလေ့ထုံးကိုယူ၍ ပြုမူပြောဆိုရခြင်း။
၁ဝ။ အကျိုးစီးပွားနှင့် စပ်ဆိုင်သည်ကိုသာ ပြောဆိုရခြင်း။
No comments:
Post a Comment