လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

သူ့လိုလူ


- ထာဝရဘုရားကို ပိုင်ဆိုင်သောသူသည် အချမ်းသာဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို သိသောသူသည် ဥာဏ်ပညာအရှိဆုံး လူ ဖြစ်၏။

- ထာဝရဘုရားကို ယုံကြည်သောသူသည် စိတ်နှလုံးအပျော်ရွှင်ဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို မျှော်လင့်သောသူသည် အပြည့်စုံဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို ခိုလှုံကိုးစားသောသူသည် အလုံခြုံဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို ချစ်မြတ်နိုးသောသူသည် ချစ်မေတ္တာအရှိဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို အားကိုးသောသူသည် ကယ်မခြင်းအခံရဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို ကိုးကွယ်ယုံကြည်သူသည် အမှန်ကန်ဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် အလွတ်လပ်ဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို တောင်းလျှောက်သောသူသည် ပေးကမ်းခြင်းအခံရဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို ဆုပ်ကိုင်ထားသောသူသည် ခိုင်မြဲအတည်ကြည်ဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို တောင့်တသောသူသည် နှစ်သိမ့်ခြင်းအခံရဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို ဆာလောင်ငတ်မွတ်သောသူသည် ဖြည့်ဆည်းပေးခြင်းအခံရဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို လက်မြှောက်အရှုံးပေးသောသူသည် လောကကိုအအောင်မြင်ဆုံး လူ ဖြစ်၏။
- ထာဝရဘုရားကို နောက်လိုက်နာခံသောသူသည် အဖြောင့်မတ်ဆုံး လူ ဖြစ်၏။

No comments: