သခင် သခင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ...
ဒါပေမယ့် ...ငါ့စကားကိုနားမထောင်ဘူး။
အလင်း ရှင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ...
ဒါပေမယ့် ...ငါ့ကိုမမြင်ကြဘူး။
ဘဝလမ်းညွှန်လို့ မင်းတို့ငါ့ကိုခေါ်တယ် ...
ဒါပေမယ့် ...ငါ့ဆီခြေဦးလှည့်ဖို့ မစဉ်းစားကြဘူး။
အသက်သခင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ...
ဒါပေမယ့် ...ငါ့ကိုယောင်ယမ်းပြီးမတမ်းတကြဘူး။
မာဂုပညာရှင်ကြီးလို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုမချဉ်းကပ်ကြဘူး။
ထာဝရချစ်သူလို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုချစ်ဖို့တော့မေ့နေကြတယ်။
သူဋ္ဌေးမင်းလို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုဘာတစ်ခုမှ မတောင်းကြဘူး။
သမားတော်ကြီးလို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုမပင့်ဖိတ်ကြဘူး။
ထာဝရအရှင်သခင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုရှာဖို့စိတ်မကူးကြဘူး။
မေတ္တာဂရုဏာရှင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုမယုံကြည်ကြဘူး။
မြင့်မြတ်တဲ့သခင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုအစေမခံကြဘူး။
ဘုန်းတန်ခိုးရှင်လို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုအရိုအသေပေးဖို့ဝေးနေကြတယ်။
ဖြောင့်မတ်တဲ့တရားသူကြီးလို့ မင်းတို့ငါ့ကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုနည်းနည်းလေးမှ မကြောက်ဘူး။
ခရစ်တော်ဘုရားရှင်ဆိုပြီး မင်းတို့ငါကိုခေါ်တယ် ..
ဒါပေမယ့် ...ငါကျင့်သလိုလိုက်မကျင့်ကြဘူး။
ရှင်ဘုရင်လို့ မင်းတို့ငါကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ရဲ့ဥပဒေကိုလိုက်မကျင့်ကြဘူး။
သိုးသူငယ်လို့ မင်းတို့ငါကိုခေါ်တယ် ..
ဒါပေမယ့် ...ငါ့ကိုမယုယ၊ မကြင်နာကြဘူး။
ကဲ ..ကောင်းပြီ မင်းတို့အခြေအနေအတိုင်း ငါစီရင်တဲ့အခါကြရင် ငါ့ကိုအပြစ်မတင်နဲ့နော် ....။
(၂၀၁၄ - ၂၀၁၅ ခုနှစ် တောင်ကြီးဝိညာဉ်ရေးရာ ရဟန်းဖြစ်တက္ကသိုလ်
ဝိညာဉ်ပျိုးခင်း အမှတ်စဉ် (၁၂) မှ တင်ပြသည်)
No comments:
Post a Comment